Toyota က Corolla Axio နှင့် Corolla Fielder တို့ကို ယခုနှစ် အောက်တိုဘာတွင် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည်

  • 919 views

Toyota က ဂျပန်ပြည်တွင်းအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့သော Corolla Axio နှင့် Corolla Fielder တို့ကို ယခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း Toyota Japan က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ဈေးနှုန်း ဒေါ်လာ ၁၀၀၀၀ ကျော်သာရှိသော အဆိုပါ တန်ဖိုးနည်း မော်ဒယ် ၂ မျိုးကို ၁၃ နှစ်ကြာ ထုတ်လုပ် ရောင်းချခဲ့ပြီးနောက် ယခုအခါ အဆုံးသတ်တော့မည် ဖြစ်သည်။

Corolla Axio ကို လက်ရှိအားဖြင့် ဂျပန်တွင် ရောင်းချသည့် ဈေးနှုန်းမှာ ယန်း ၁၆၃၉၆၀၀ (ကန်ဒေါ်လာ ၁၀၈၀၀) ဖြစ်ကာ ကမ္ဘာ့ဈေးကွက်တွင် ရောင်းချသော ကော်ရိုလာ ဆီဒင်အောက် များစွာဈေးသက်သာသည်။ ကမ္ဘာတစ်ဝန်းတွင် ရောင်းချပေးသော ကော်ရိုလာနှင့် မတူသည့်အချက်မှာ ယခု E 160 Gen မှာ ဂျပန်ဈေးကွက်အတွက် သီးသန့်ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။၂၀၁၂ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ဝယ်လက်အခိုင်အမာ ရထားသည်။


အထူးသဖြင့် ဈေးသက်သာမှုနှင့် ယုံကြည်စိတ်ချရမှုကို အဓိကထားသော အစိုးရဌာနများ၊ ကုမ္ပဏီကြီးများနှင့် ကားအငှားကုမ္ပဏီများကဲ့သို့ ဝယ်လက်များ ဖြစ်သည်။ထုတ်လုပ်မှု ရပ်ဆိုင်းရသည့် အကြောင်းရင်းကိုမူ တိုယိုတာက ထုတ်ဖော်ပြောကြားခြင်း မရှိချေ။စိတ်ဝင်စားသော ဝယ်လက်တို့အနေဖြင့် ထုတ်လုပ်မှု အဆုံးမသတ်မီ ဂျပန်ပြည်တွင်း ကားအရောင်းဆိုင်များတွင် သွားရောက် ဝယ်ယူထားကြရန် Toyota က တိုက်တွန်းထားသည်။
ယခုကားမော်ဒယ်များကို ၂၀၁၅နှင့် ၂၀၁၇ ခုနှစ်တို့တွင် ရုပ်ပြောင်းခြင်းများ ပြုလုပ်ခဲ့ရုံမှလွဲပြီး စတင်ထုတ်လုပ်ကတည်းက ကြီးမားသည့် အခြားအပြောင်းအလဲ မရှိခဲ့။Toyota B Platform အပေါ် အခြေခံတည်ဆောက်ထားပြီး ကမ္ဘာတစ်ဝန်းတွင် ရောင်းချနေသော ဗားရှင်းအောက် အရွယ်အစား သေးငယ်သည်။


Powertrain အနေဖြင့် ဓာတ်ဆီနှင့် hybrid ဟူ၍ ရွေးစရာ ၂ မျိုးရှိသည်။ မော်ဒယ်အများစုမှာ ရှေ့ယက်ဖြစ်သည်။ သို့သော် non-hybrid 1.5-liter ဓာတ်ဆီ မျိုးကွဲတွင် CVT ၊ all-wheel drive တို့ဖြင့် ရနိုင်သည်။
Toyota ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ Corolla Axio မှာ အနိမ့်ဆုံး ယန်း ၁၆၃၉၆၀၀ (ကန်ဒေါ်လာ ၁၀၈၀၀) မှ စပြီး Corolla Fielder မှာ ယန်း ၁၇၈၆၄၀၀ (ကန်ဒေါ်လာ ၁၁၈၀၀) မှ စသည်။သို့သော် ပိုမိုခေတ်မီသော E210 Corolla ဆီဒင်မှာမူ ယန်း ၂၀၂၈၆၀၀ (ကန်ဒေါ်လာ ၁၃၄၀၀) မှ စသည်။

E160 မော်ဒယ်များအတွက် မည်သည့်ကာလအထိ အော်ဒါလက်ခံဦးမည်ကိုမူ မသိရချေ။ သို့သော် ဂျပန်ပြည်တွင်းသတင်းများအရ အော်ဒါမှာယူထားသူ အလွန်များသည်ဟု ဆိုသည်။
ဂျပန်ပြည်တွင်းအပြင် အဆိုပါမော်ဒယ်များကို ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ဂျမေကာ၊ မကာအို၊ နယူးဇီလန်၊ စင်ကာပူနှင့် သီရိလင်္ကာ ဈေးကွက်များတွင် ဝယ်ယူရရှိနိုင်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Toyota Is Killing Japan's $10,000 Corolla