BYD Xia MPV hybrid မှာ တရုတ်ပြည်တွင် အချိန်တစ်လအောက်ဖြင့် အစင်းရေ ၁၀,၀၀၀ ကျော် ရောင်းချခဲ့ရ

  • 714 views


BYD Xia PHEV minivan သည် တရုတ်ပြည်တွင် အချိန်တစ်လအောက်ဖြင့် အစင်းရေ ၁၀,၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။

BYD Xia ကို တရုတ်ပြည်တွင် ဇန်နဝါရီ ၈ ရက်၌ စတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းမှာ အနိမ့်ဆုံး ယွမ် ၂၄၉၈၀၀ (ကန်ဒေါ်လာ ၃၄၁၀၀) မှ စသည်။

BYD Xia သည် ၎င်း၏အမျိုးအစားတွင် Denza D9 ကို ဖြတ်ကျော်ကာ အရောင်းရဆုံး ဖြစ်လာမည့် အလားအလာ ရှိနေသည်။

BYD Xia ၏ ဈေးနှုန်းမှာ Denza D9 (ကန်ဒေါ်လာ ၄၆၆၀၀) အောက် အတော်လေး သက်သာနေသည်။

(ဆက်စပ်သတင်း)

၂၀၂၅ မော်ဒယ် Denza D9 MPV ကန်ဒေါ်လာ ၄၆၆၀၀ ဖြင့် စတင်ဖြန့်ချိ

https://www.carsdb.com/my/news/970

 

BYD Xia ကို customer များ စောင့်ဆိုင်းရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

BYD Xia minivan ကို ပထမဆုံး စတင်ချပြခဲ့သည်မှာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လက ကျင်းပခဲ့သော Cheng Auto Show တွင် ဖြစ်သည်။

BYD Xia သည် တရုတ်ပြည်ဈေးကွက်တွင် ဇန်နဝါရီ ၈ ရက်၌ စတင်ဖြန့်ချိခဲ့ပြီး ဈေးတန်းမှာ ယွမ် ၂၄၉၈၀၀ (ကန်ဒေါ်လာ ၃၄၁၀၀) မှ ယွမ် ၃၀၉၈၀၀ (ကန်ဒေါ်လာ ၄၂၂၅၀) ကြား ဖြစ်သည်။

ကြိုတင်မှာယူထားသူများကိုလည်း ထိုနေ့တွင်ပင် အလုံးအရင်း စတင်ဖြန့်ချိပေးခဲ့ပြီး အလွန်အရောင်းသွက် သော မော်ဒယ်တစ်ခု ဖြစ်ခဲ့သည်။

ဈေးကွက်တွင် စတင်ဖြန့်ချိပြီး ၂၃ ရက်အတွင်း အစင်းရေ ၁၀၀၀၃ စင်းရောင်းချခဲ့ရကြောင်း BYD က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောသည်။

ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ၄၃၅ စင်း ရောင်းချခဲ့ရခြင်း ဖြစ်သည်။

ထိုင်ခုံ ၇ လုံးပါဝင်ပြီး ၂+၂+၃ ပုံစံဖြစ်ကာ Dimension မှာ 5145/1970/1805mm ဖြစ်ပြီး wheelbase မှာ 3045 mm ဖြစ်သည်။

ကားအကွေ့များအတွက် turning radius မှာ ၅ ဒသမ ၇ မီတာ ဖြစ်သည်။

အပြင်ပိုင်းတွင် ကြီးမားလှသော grille ၊ နောက်ဘက် sliding door များနှင့် tailight မီးတန်းတစ်ခု ပါသည်။

Center console ရှိ control panel တွင် screen ၃ ခု ပါသည်။

Main monitor မှာ အချင်း ၁၅ ဒသမ ၆ လက်မရှိပြီး instrument panel နှင့် ရှေ့ခန်း passenger ခုံရှေ့ screen တို့မှာ အချင်း ၁၂ ဒသမ ၃ လက်မ ရှိသည်။

အပူအအေးစနစ်ပါ storage box ၊ ခေါက်စားပွဲများအပြင် ceiling-mounted monitor တစ်ခုလည်း ပါသည်။

BYD Xia ၏ တတိယခုံတန်းမှာ အလိုအလျောက် ခေါက်သိမ်းစနစ် ပါသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD Xia MPV sold over 10,000 units in less than a month in China  (carnewschina)