၂၀၂၅ မော်ဒယ် Denza D9 MPV ကန်ဒေါ်လာ ၄၆၆၀၀ ဖြင့် စတင်ဖြန့်ချိ

  • 691 views


၂၀၂၅ မော်ဒယ် Denza D9 ဘက်စုံသုံးယာဉ်ကို တရားဝင်ဖြန့်ချိလိုက်ပြီဖြစ်သည်။
လျှပ်စစ် Hybrid (PHEV) မျိုးကွဲ ၅ မျိုးနှင့် လျှပ်စစ်ကား မျိုးကွဲ ၃ မျိုး ရနိုင်သည်။
ဈေးတန်းမှာ ယွမ် ၃၃၉၈၀၀ မှ ၄၆၉၈၀၀  ကြား (ကန်ဒေါ်လာ ၄၆၆၀၀ မှ ၆၄၄၀၀ ကြား) ဖြစ်သည်။

ဤကားကို အဓိက upgrade လုပ်ထားသည်မှာ configuration ပိုင်းဖြစ်သည်။
Denza D9 series တစ်ခုလုံးတွင် BYD ၏ God’s Eye BAS 3.0+ advanced driving assistance system သုံးထားသည်။

 

(၂၀၂၄ မော်ဒယ် Denza D9)

 


(၂၀၂၄ မော်ဒယ် Denza D9)

 

(၂၀၂၅ မော်ဒယ် Denza D9)

 

(၂၀၂၅ မော်ဒယ် Denza D9)

 

မော်ဒယ်မျိုးကွဲတို့၏ အပြင်ပန်းမှာမူ အများအားဖြင့် ထပ်တူဖြစ်သည်။

ကားတစ်စင်းလုံးတွင် sensor ၃၂ ခု တပ်ဆင်ထားပြီး navigation assistance function များစွာ ပါဝင်ရာ မီးပွိုင့် start-stop၊ သမားရိုးကျမဟုတ်သော lane line recognition၊ obstacle avoidance အစရှိသည်တို့ အပါအဝင် ဖြစ်သည်။

၁၈ လက်မ multi-spoke အလွိုင်းသုံးထားပြီး ဆေးရောင်အနေဖြင့် ရှိရင်းစွဲ Night Black, Bright White, Elegant Blue အစရှိသည်တို့အပြင် Starry Gray ဟူသောအရောင် ထပ်တိုးပေးထားသည်။

ထို့အပြင် BYD ၏ suspension စနစ်ဖြစ်သော DiSus-C continuous damping control system, ICCT (intelligent comfort control technology), နှင့် intelligent electric 4WD system တို့လည်း ပါဝင်သည်။

၂၀၂၅ မော်ဒယ် Denza D9 ၏ dimension မှာ 5250 mm, 1960 mm , 1900 mm ဖြစ်ပြီး wheelbase မှာ 3110 ဖြစ်သည်။

၂၀၂၄ မော်ဒယ်နှင့်ယှဉ်လျှင် အလျား 20 mm ပိုမိုတိုတောင်းသွားသည်။

PHEV version တွင် BYD ၏ 5th generation DM Technology ကို သုံးထားသည်။

1.5T engine model BYD472ZQB သုံးထားပြီး အထွက်အား 115KW (154 hp) ရှိရာ ၂၀၂၄ မော်ဒယ်နှင့်ယှဉ်လျှင် 13kw (17 hp) ပိုလာသည်။

ရှေ့ယက် variant တွင် 200kw (268 hp) လျှပ်စစ်မော်တာသုံးထားပြီး 4WD တွင်မူ နောက်ဘက်တွင် 45 KW (60 hp) လျှပ်စစ်မော်တာ ထည့်ပေးထားသည်။

4WD ၏ ရှေ့မော်တာမှာ ၂၀၂၄ မော်ဒယ်နှင့်ယှဉ်လျှင် 30 KW (40 hp) တိုးလာသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 2025 Denza D9 MPV enters market starting at 46,600 USD (carnewschina)