- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD Atto 3 တောင်ကိုရီးယားတွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် တစ်ပတ်အတွင်း အစင်းရေ ၁၀၀၀ pre-order ရရှိ
BYD Atto 3 တောင်ကိုရီးယားတွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် တစ်ပတ်အတွင်း အစင်းရေ ၁၀၀၀ pre-order ရရှိ
- 291 views
Weibo လူမှုကွန်ရက်တွင် ဖော်ပြချက်တစ်ရပ်အရ BYD သည် တောင်ကိုရီးယားဈေးကွက်တွင် BYD Atto 3 မော်ဒယ် Preorder အစင်းရေ ၁၀၀၀ အမှာစာ ရရှိခဲ့သည်ဟု ဆိုသည်။
တောင်ကိုရီးယားတွင် BYD Atto 3 ကို တရားဝင်မိတ်ဆက်ခဲ့ပြီး တစ်ပတ်အတွင်း pre-order များ လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
BYD Atto 3 ကို တောင်ကိုရီးယားတွင် ဇန်နဝါရီ ၁၆ ရက်၌ တရားဝင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
BYD Atto 3 ပြီးလျှင် Seal Sedan နှင့် Sealion 7 SUV တို့ ဆက်လက်ရောက်ရှိလာမည် ဖြစ်သည်။
BYD Atto 3 ကို ဖေဖော်ဝါရီ လလယ်ပိုင်းတွင် Customer များထံ ဖြန့်ချိပေးဖွယ် ရှိသည်ဟု မျှော်လင့်ရသည်။
BYD Atto 3 တွင် Standard နှင့် Plus ဟူသော Variant ၂ မျိုးလာသည်။
Standard ၏ ဈေးနှုန်းမှာ အနိမ့်ဆုံး ဝမ် ၃၁ သန်း (ကန်ဒေါ်လာ ၂၁၆၅၀) မှ စပြီး Plus မှာ အနိမ့်ဆုံး ဝမ် ၃၃ သန်း (ကန်ဒေါ်လာ ၂၃၀၅၀) မှ စသည်။
Preorder မှာယူထားမှုများအနက် ၉၀ ရာခိုင်နှုန်းမှာ Plus ဗားရှင်းကို မှာယူကြခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကုန်ပိုင်းတွင် Seal နှင့် Sealion 7 မော်ဒယ်များကို ဆက်လက်တင်ပို့ ရောင်းချပေးမည် ဖြစ်သည်။
အဆိုပါ မော်ဒယ်များ၏ ရောင်းအားအခြေအနေကို BYD က စောင့်ကြည့်မည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင်မှ အခြား မော်ဒယ်များ တင်ပို့ပေးမည် ဖြစ်သည်။
တောင်ကိုရီးယား ဈေးကွက်တွင် ရောင်းချသည့် BYD Atto 3 ဗားရှင်း ၂ မျိုးလုံးတွင် 60.48kWh ဘက်ထရီသုံးထားပြီး အားတစ်ကြိမ်သွင်းထားလျှင် ၃၂၁ ကီလိုမီတာ မောင်းနှင်သည်။
150 kW လျှပ်စစ်မော်တာ သုံးထားပြီး 0-100km/h အမြန်နှုန်းကို ၇ ဒသမ ၃ စက္ကန့်အတွင်း ရရှိနိုင်သည်။
BYD သည် တောင်ကိုရီးယားတွင် တရားဝင် အရောင်းကိုယ်စားလှယ် ၆ ဦးနှင့် ပူးပေါင်းကာ အရောင်းပြခန်း ၁၅ ခုနှင့် ဆားဗစ်စင်တာ ၁၁ ခု ဖွင့်လှစ်ထားသည်။
BYD သည် တောင်ကိုရီးယားဈေးကွက်တွင် ၂၀၁၆ ခုနှစ်ကတည်းက လုပ်ငန်းသုံးယာဉ်များ စတင် တင်သွင်း ရောင်းချခဲ့သည်။
(ဆက်စပ်သတင်း)
BYD က Atto 3 SUV ဖြင့် တောင်ကိုရီးယားဈေးကွက်သို့ စတင်ဝင်ရောက်
https://www.carsdb.com/my/news/991
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD Atto 3 secures 1000 pre-order in 1 week in South Korea