- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က BYD Atto 3 SUV ဖြင့် တောင်ကိုရီးယား ဈေးကွက်သို့ စတင်ဝင်ရောက်
BYD က BYD Atto 3 SUV ဖြင့် တောင်ကိုရီးယား ဈေးကွက်သို့ စတင်ဝင်ရောက်
- 290 views
BYD သည် ဇန်နဝါရီလ ၁၆ ရက်က တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယား မော်တော်ကားဈေးကွက်သို့ ဝင်ရောက်ရန် စီစဉ်နေကြောင်း တရားဝင် ကြေညာသည်။
ယခုနှစ်အတွင်း တောင်ကိုရီးယားဈေးကွက်သို့ BYD Atto 3,BYD Seal,BYD Sealion 7 ဟူသော ကားမော်ဒယ် ၃ မျိုး မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း BYD က ပြောသည်။
ပထမဆုံး ဖြန့်ချိပေးမည့် မော်ဒယ်မှာ BYD Atto 3 ဖြစ်ပြီး ယခုအချိန်မှစကာ Preorder မှာယူနိုင်ပြီဟု သိရသည်။
Customer များထံသို့ ဖေဖော်ဝါရီလလယ်ပိုင်းမှ စတင်ကာ ဖြန့်ချိပေးထားရန် စီစဉ်ထားသည်။
BYD Atto 3 တွင် ဗားရှင်း ၂ မျိုး ရနိုင်မည်ဖြစ်ရာ Standard ဗားရှင်းနှင့် Atto 3 Plus ဗားရှင်းတို့ဖြစ်သည်။
ဗားရှင်း ၂ မျိုးလုံးတွင် လီသီယံအိုင်းယွန်း ဖော့စဖိတ်ဘက်ထရီများ သုံးထားပြီး 60.48 kWh အား ရှိသည်။
သာမန်အခြေအနေများတွင် အားတစ်ြကိမ်သွင်းထားလျှင် driving range ၃၂၁ ကီလို ရှိသည်။
ဘက်ထရီမှာ မိနစ် ၃၀ အတွင်း ၂၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကြား အားသွင်း၍ရနိုင်သည်။
ဈေးနှုန်းမှာ ဝမ် ၃၁ သန်း (ကန်ဒေါ်လာ ၂၁၃၀၀) မှ စမည်ဟု သိရသည်။
နှိုင်းယှဉ်မှုအနေဖြင့် ကြည့်မည်ဆိုလျှင် BYD Atto 3 (တရုတ်ပြည်တွင် BYD Yuan Plus ဟုခေါ်) base model ကို တရုတ်ပြည်တွင် ရောင်းချသည့် ဈေးနှုန်းမှာ ယွမ် ၁၁၉၈၀၀ (ကန်ဒေါ်လာ ၁၆၆၅၀) ဖြစ်သည်။
ထို့အပြင် ယခုနှစ်အတွင်း တောင်ကိုရီးယားဈေးကွက်တွင် လျှပ်စစ်ဆီဒင် BYD Seal နှင့် လျှပ်စစ် SUV ဖြစ်သော Sealion 7 တို့ကိုလည်း ဖြန့်ချိသွားမည် ဖြစ်သည်။
အဆိုပါ မော်ဒယ်များကို ကိုရီးယားတွင် ၂၀၂၅ ပထမနှစ်ဝက် ကာလအတွင်း ဖြန့်ချိဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။
BYD သည် တောင်ကိုရီးယားနှင့် မစိမ်း။
ကိုရီးယားတွင် လုပ်ငန်းလည်ပတ်နေသည်မှာ ၁၀ နှစ်နီးပါးရှိပြီဖြစ်ပြီး လျှပ်စစ် ဝန်ချီကားများ၊ လျှပ်စစ် ဘတ်စ်ကားများနှင့် လျှပ်စစ်ကုန်တင်ကားများကဲ့သို့ ထုတ်ကုန်များ ရောင်းချခဲ့သည်။
BYD သည် တောင်ကိုရီးယားတွင် ကိုယ်စားလှယ်အရောင်းကုမ္ပဏီ ၆ ခုနှင့် လက်တွဲလုပ်ကိုင်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD officially enters the South Korean market with the BYD Atto 3 SUV