Alpine A290 ဗြိတိန်တွင် စတင်ဖြန့်ချိ၊ ဆွဲအား ၂၁၅ bhp ရှိပြီး အားတစ်ကြိမ်သွင်းထားလျှင် ၂၃၆ မိုင် မောင်းနှင်နိုင်

  • 242 views

Alpine A290 Hot hatch ဗြိတိန်တွင် စတင် ဖြန့်ချိလိုက်ပြီး ဈေးတန်းမှာ ပေါင် ၃၃၅၀၀ မှ ၃၈၅၀၀ ထိ ရှိသည်။

ထို့ကြောင့် Alpine A290 လျှပ်စစ်ကား၏ ဈေးနှုန်းမှာ ဈေးအပေါဆုံး Renault 5 ထက် ပေါင် ၁၀၅၀၅ ဈေးပိုများပြီး Premium varient ထက် ပေါင် ၄၅၀၅ ဈေးပိုများသည်။

Alpine A290 နှင့် Renault 5 တို့သည် ယခုလအစောပိုင်းတွင် ဥရောပ၏ Car of the Year ဆု ပူးတွဲဆွတ်ခူးသွားကြသည်။

Basic ဖြစ်သော GT Trim တွင် 52kWh ဘက်ထရီနှင့် 178bhp မော်တာသုံးထားသည်။ အဆိုပါ မော်ဒယ်တွင် ၁၀လက်မ infotainment touchscreen ၊ အပူပေးစနစ်ပါ ထိုင်ခုံများ၊ အပူပေးစနစ်ပါ စတီယာရင် wireless smartphone mirroring နှင့် ၁၉ လက်မ အလွိုင်းတို့ သုံးထားသည်။

ပေါင် ၃၆၀၀၀ ပေးရသော GT Premium မျိုးကွဲတွင်မူ အရည်အသွေး အကောင်းဆုံး Nappa သားရေနှင့် ရှေ့ဘရိတ်အတွက် Blue brake Caliper များ သုံးထားသည်။

GT Performance မျိုးကွဲမှာ ဆွဲအား ၂၁၅ bhp ရှိပြီး ရှေ့ဘရိတ်အတွက် red brake Calipers သုံးထားသည်။

GTS trim တွင် အနက်ရောင် အလွိုင်းများ သုံးထားပြီး ဈေးနှုန်းမှာ ပေါင် ၃၇၅၀၀ ဖြစ်သည်။

Premiere edition တွင် အပြာရောင် design Touches များ တွေ့ရမည်ဖြစ်ပြီး ဈေးနှုန်းမှာ ပေါင် ၃၈၅၀၀ ဖြစ်ည်။

Alpine A290 ကို လာမည့် ဧပြီလတွင်Customer များထံ စတင်ဖြန့်ချိပေးမည် ဖြစ်သည်။

Alpine A290 ၏ အလျားမှာ Renault hatch နှင့် အရွယ်အစားတူညီသည်။


(Alpine A290 ၏ နောက်ပိုင်းမြင်ကွင်း)

 

Alpine A290 ကို အလေးချိန်ပေါ့ပါးစေရန် အဓိကဦးတည်ထားရာ ၁၄၇၉ ကီလိုဂရမ်သာ ရှိသည်။

Renault Clio hybrid ထက် ၂၅၀ ကီလိုဂရမ်သာ အလေးချိန်ပိုပြီး Mini Cooper SE အောက် ၁၂၆ ကီလိုဂရမ် ပိုမိုပေါ့ပါးသည်။

Alpine A290 တွင် 52 kWh ဘက်ထရီ သုံးထားပြီး Renault 5 ၏ အကြီးမားဆုံး ဘက်ထရီဖြစ်သည်။

အားတစ်ကြိမ်သွင်းထားလျှင် ၂၃၆ မိုင်မောင်းနိုင်ပြီး ၁၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကြားကို မိနစ် ၃၀ ဝန်းကျင်ဖြင့် အားသွင်းနိုင်သည်။

(Alpine A290 ၏ ရှေ့ပိုင်းမြင်ကွင်း)

အတွင်းပိုင်းတွင် ၁၀ ဒသမ ၂၅ လက်မ digital instrument cluster နှင့် Alpine ၏ infotainment system အသစ်ဖြစ်သော Alpine Portal ဖြင့် run သည့် ၁၀ ဒသမ ၁ လက်မ touchscreen တို့ ပါသည်။

ဆော့ဖ်ဝဲ update ပြုလုပ်နိုင်မည့်အပြင် google အခြေပြု app အမျိုးမျိုးကို support ပေးသည်။

(Alpine A290 ၏ အတွင်းပိုင်းမြင်ကွင်း)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Alpine A290 hot hatch unveiled with 215bhp and 236 miles of range (yahoo)