• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဂျပန်နိုင်ငံတွင် ကန်ဒေါ်လာ ၂,၆၀၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ မြေရှား သတ္တုသိုက်ကြီး ရှာဖွေတွေ့ရှိ၊ ယခုနှစ်အတွင်း စတင်တူးဖော်မည်၊ တရုတ်ပြည်က ဈေးကွက်ကြီးစိုးထားမှုကို အဆုံးသတ်နိုင်ဖွယ်ရှိ

ဂျပန်နိုင်ငံတွင် ကန်ဒေါ်လာ ၂,၆၀၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ မြေရှား သတ္တုသိုက်ကြီး ရှာဖွေတွေ့ရှိ၊ ယခုနှစ်အတွင်း စတင်တူးဖော်မည်၊ တရုတ်ပြည်က ဈေးကွက်ကြီးစိုးထားမှုကို အဆုံးသတ်နိုင်ဖွယ်ရှိ

  • 2055 views

ဂျပန်နိုင်ငံတွင် ပစိဖိတ်သမုဒ္ဒရာအောက်၌ မြေရှား (REE) သတ္တုသိုက်ကြီးတစ်ခု ရှာဖွေ တွေ့ရှိခဲ့သည်။

ယခုရှာဖွေ တွေ့ရှိမှုသည် ဂျပန်စီးပွားရေးအတွက် game changer တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်တို့က ပြောသည်။

ထို့အပြင် ယခုတွေ့ရှိမှုသည် မြေရှားသတ္တုများနှင့် ပတ်သက်သည့် ကမ္ဘာ့ Supply Chains ချိန်ခွင်ရှာကို ပြောင်းလဲစေနိုင်သည်။

မြေရှား သတ္တုသိုက်ကြီးသည် တိုကျိုမြို့မှ မိုင် ၁၂၀၀ ခန့်အကွာတွင် တည်ရှိသော Minami Tori-Shima ကျွန်းတွင် တည်ရှိပြီး တန်ကြေး ကန်ဒေါ်လာ ၂၆ ဘီလီယံ ခန့်ရှိသည်ဟု ဆိုသည်။

ယခုတွေ့ရှိမှုသည် မြေရှားသတ္တုဈေးကွက်တွင် တရုတ်ပြည်၏ ကြီးစိုးထားမှုကို အပြောင်းအလဲ ဖြစ်စေနိုင်သည်။

ပင်လယ်ကြမ်းပြင်အောက်တွင် ရှားပါးသတ္တုများ ရှိနေခြင်း ဖြစ်သည်။

ပင်လယ်ကြမ်းပြင်အောက် မီတာ ၅၇၀၀ (ပေ ၁၈၇၀၀) တွင် တည်ရှိနေခြင်းဖြစ်ပြီး မြေရှားသတ္တု တန်ချိန် သန်း ၂၃၀ အပြင် ကိုဘော့နှင့် နီကယ်တို့ ပါဝင်နေသည်ဟု ဆိုသည်။

အဆိုပါ သတ္တုများသည် လျှပ်စစ်ကား ဘက်ထရီများနှင့် အခြား အဆင့်မြင့် နည်းပညာပစ္စည်းများ ထုတ်လုပ်ရာ တွင် အရေးပါသည့် သတ္တု ဖြစ်သည်။

နီပွန် ဖောင်ဒေးရှင်းနှင့် တိုကျိုတက္ကသိုလ်တို့ ပူးပေါင်း ပြုလုပ်သော လေ့လာမှုတွင် ယခု သတ္တုသိုက်ကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆင့်မြင့် နည်းပညာသုံး ရေအောက်လေ့လာရေး ယာဉ်များဖြင့် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နေရာကို လေ့လာချက်အရ ကိုဘော့ မက်ထရစ်တန်ချိန် ၆၁၀၀၀၀ နှင့် နီကယ်မက်ထရစ် တန်ချိန် ၇၄၀၀၀၀ တို့ ရှိနေကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ သတ္တုများသည် EV ဘက်ထရီများအတွက် အရေးပါရုံသာမက ဂျက်အင်ဂျင်များ၊ ဓာတ်ငွေ့တာဘိုင် များနှင့် အဆင့်မြင့်နည်းပညာ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးကြီးသည်။

ထို့အပြင် ကြေးနီရှိနိုင်သည့် သဲလွန်စများလည်း တွေ့ရရာ သတ္တုသိုက်ကြီး၏ စီးပွားရေးအလားအလာ ပိုမိုကြီးမား လာစေသည်။

ကမ္ဘာ့နိုင်ငံတို့သည် သဘာဝပတ်ဝန်းကျင် မထိခိုက်စေသည့် စွမ်းအင်ဆီသို့ အင်တိုက်အားတိုက် ကူးပြောင်းလျက်ရှိရာ အဆိုပါ သတ္တုများ၏ ဝယ်လိုအားမှာ အလွန်ကြီးမားနေသည်။

ဂျပန်က တွေ့ရှိသည့် ယခုသတ္တုသိုက်ကြီးက ပြည်ပမှ တင်သွင်းနေရမှုကို ကြီးမားစွာ လျှော့ချနိုင်မည် ဖြစ်သည်။

ယခုသတ္တုသိုက်ကြီးကို တူးဖော်မည်ဆိုပါက မိမိကိုယ်ကို အားကိုးနိုင်သည့် Supply chain ထူထောင်နိုင်မည့် အပြင် ပြည်တွင်းလုပ်ငန်းများကို အားကောင်းနိုင်စေမည်လည်း ဖြစ်သည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း စတင် တူးဖော်ရန် စီစဉ်ထားပြီး နေ့စဉ် တန်ချိန် ထောင်ပေါင်းများစွာ တူးဖော်ရန် မျှော်မှန်းထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Japan hits JACKPOT, finds treasure worth Rs 2100000000000 in…, may end China’s… (india.com)