- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရိုးရွိုက်စ်က ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ကား မော်ဒယ်သစ်တစ်ခု မိတ်ဆက်မည်
ရိုးရွိုက်စ်က ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ကား မော်ဒယ်သစ်တစ်ခု မိတ်ဆက်မည်
- 350 views
Rolls-Royce Motor က ၂၀၂၅ ခုနှစ်အတွင်း ၎င်းတို့၏ ဒုတိယမြောက် Fully electric ကားကို မိတ်ဆက်ချပြရန် စီစဉ်ထားသည်။
၂၀၂၂ ခုနှစ်အတွင်း Rolls-Royce ၏ ပထမဆုံး လျှပ်စစ်ကားဖြစ်သော Spectre ထွက်ရှိခဲ့သည်။
ယခုသတင်းကို Rolls-Royce ၏ စီအီးအိုဖြစ်သူ Chris Brownridge က အတည်ပြုထားသည်။
Rolls-Royce က လျှပ်စစ်ကားသို့ ကူးပြောင်းရေး ကတိကဝတ်ကို အကောင်အထည် ဖော်နေပြီး ၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် ICE ကားများ ရပ်နားတော့မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
Rolls-Royce ၏ ပထမဆုံး လျှပ်စစ်ကားဖြစ်သော Spectre မှာ Customer တို့ထံမှ Positive Feedback များ ရထားသည်။
အဆိုပါ ကားတွင် Rolls-Royce ၏ စံနမူနာ experience ကို ရရှိမည့်အပြင် ဆိတ်ငြိမ်စွာ မောင်းနှင်နိုင်မည် ဖြစ်ကြောင်း၊ Waftability ရှိခြင်း (ဆိတ်ငြိမ်ခြင်း၊ စွမ်းအားကောင်းခြင်း၊ လျင်မြန်စွာ အမြန်နှုန်း တင်နိုင်ခြင်း)နှင့် မောင်းရလွယ်ကူခြင်း အစရှိသည့်အချက်များကို စီအီးအိုက အလေးပေး ပြောကြားသည်။
Rolls-Royce ၏ မော်ဒယ်သစ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ မထုတ်ပြန်သေးချေ။
ဆီဒင်၊ SUV (သို့မဟုတ်) Groundbreaking ဒီဇိုင်းတစ်မျိုးမျိုး ဖြစ်ဖွယ်ရှိပြီး Rolls-Royce က Luxury ကားနယ်ပယ်တွင် ဦးဆောင်သူအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး ကြိုးပမ်းနေသည်။
များစွာသော ကားထုတ်လုပ်သူတို့မှာ လျှပ်စစ်ကားဆီသို့ ကူးပြောင်းရာတွင် hybrid မှတစ်ဆင့်ခံကာ ကူးပြောင်းကြသော်လည်း Rolls-Royce ကမူ အဆိုပါအဆင့်ကို ချန်ထားရစ်ခဲ့သည်။
Rolls-Royce သည် အကြမ်းခံမှုနှင့် Luxury ဖြစ်မှုဟူသော Long-term vision ကို အခြေပြုသည့် fully electric ကားများကိုသာ အာရုံစိုက်ထားကြောင်း စီအီးအို Brownridge က ပြောသည်။
ကမ္ဘာတစ်ဝန်း EV ဝယ်လိုအား နှေးကွေးနေသော်လည်း Rolls-Royce ကမူ ၎င်းတို့၏ မဟာဗျူဟာအတိုင်း မမှိတ်မသုန် ဆက်လက်ချီတက်နေသည်။
ကမ္ဘာကြီးသည် EV အနာဂတ်နှင့် တစ်စထက်တစ်စ ပိုမိုနီးကပ်လာနေသည်နှင့်အမျှ Rolls-Royce ကလည်း ၎င်းတို့၏ Legacy ဖြစ်သော အနုစိတ်အလှဆင်မှုနှင့် တီထွင်မှုတို့ကို ကျောခိုင်းရန် မလိုဘဲ လျှပ်စစ်ကားသို့ ကူးပြောင်းရေး ကတိကဝတ်ကို အကောင်အထည် ဖော်လျက် ရှိသည်။
၂၀၂၅ ခုနှစ်အတွင်း ဒုတိယမြောက် လျှပ်စစ်ကားမော်ဒယ် ထုတ်လုပ်မှုနှင့်အတူ Luxury လျှပ်စစ်ကား နယ်ပယ်တွင် စံနမူနာ ပြယုဂ်တစ်ခု ထူထောင်ကာ ၂၀၃၀ ပြည့်နှစ် လျှပ်စစ်ကားများသာဖြစ်ရေး ပန်းတိုင်ဆီသို့ ချီတက်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Rolls-Royce to Unveil Second Electric Vehicle in 2025