- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျိမ်းစ်ဘွန်းစီးခဲ့သော ကားကဲ့သို့ စက်သေနတ်များအပြင် အဆင့်မြင့် gadget များ ထည့်သွင်းပေးထားသည့် Aston Martin ကားတစ်စင်း ပေါင် ၃ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဂျိမ်းစ်ဘွန်းစီးခဲ့သော ကားကဲ့သို့ စက်သေနတ်များအပြင် အဆင့်မြင့် gadget များ ထည့်သွင်းပေးထားသည့် Aston Martin ကားတစ်စင်း ပေါင် ၃ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
- 243 views
Aston Martin DB5 တစ်စင်း အရောင်းဈေးကွက်ဝင်လာသည်။
ဂျိမ်းစ်ဘွန်းစီးခဲ့သော ကားကဲ့သို့ gadget များ ပါဝင်ပြီး ပေါင် ၃ ဒသမ ၃ သန်း ဈေးခေါ်ထားသည်။
၂၀၂၁ မော်ဒယ် Continuation Goldfinger ဖြစ်ပြီး ၂၅ စင်းတည်းသာ ထုတ်လုပ်ထားသော ရှားပါးကားလည်း ဖြစ်သည်။
(ဂီယာလက်ကိုင်တွင် လျှို့ဝှက်ခလုတ်တစ်ခု ရှိသည်။ ဓာတ်ပုံ-Jam Press/ SBX Cars)
(ဤကားကို ကမ္ဘာပေါ်ရှိ အတော်ဆုံး လက်မှုပညာရှင်များနှင့် အင်ဂျင်နီယာတို့က ပြန်လည်မွမ်းမံပေးထားသည်။ ဓာတ်ပုံ-Jam Press/ SBX Cars)
(Odometer တွင် မိုင် ၃၀ သာ တွေ့ရသည်။ ဓာတ်ပုံ-Jam Press/ SBX Cars)
(အထူး gadget များ ထည့်ထားသော ဂျိမ်းစ်ဘွန်းစီးခဲ့သည့် ကားမော်ဒယ်ကို ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ဖြစ်သည်။ ဓာတ်ပုံ-Jam Press/ SBX Cars)
Aston Martin DB5 သည် ဂျိမ်းစ်ဘွန်းရုပ်ရှင် ၈ ခုတွင် ပါဝင်ခဲ့သော ကားမော်ဒယ်ဖြစ်သည်။
ရုပ်ရှင်ထဲတွင် ဂျိမ်းစ်ဘွန်းသုံးခဲ့သည့် gadget မျိုး များစွာပါဝင်ပြီး အများပြည်သူသုံး လမ်းများပေါ်တွင် စီးခွင့်ရှိသော street legal ဖြစ်သည့် ကားတစ်စင်း မဟုတ်ချေ။
Mileage မှာ မိုင် ၃၀ သာရှိသေးပြီး 4.0-litres inline six အင်ဂျင်သုံးထားပြီး SU ကာဘရိုက်တာ ၃ ခု ပါသည်။
ယခု DB5 တွင် အချက်ပြမီးနောက်ဘက်၌ Browning 30 caliber စက်သေနတ်အတု ၂ ခု လျှို့ဝှက်တပ်ဆင်ထားသည်။
အဆိုပါ စက်သေနတ်အတုကို ပစ်ခတ်ရန်အတွက် ယာဉ်မောင်းအနေဖြင့် ဂီယာလက်ကိုင်မှ ခလုပ်ကို နှိပ်လိုက်ရုံသာဖြစ်သည်။
သို့သော် ဂျိမ်းစ်ဘွန်းဇာတ်ကားထဲကအတိုင်း ကျည်ဆန်များထွက်လာမည်မဟုတ်ဘဲ LED မီးရောင်များသာ ထွက်လာမည် ဖြစ်သည်။
ကားကို ခြေရာဖျောက်ရန် မီးခိုးလုံးများ ထုတ်လွှတ်ခြင်း၊ Roof hatch ကို ထိန်းချုပ်ခြင်းမှာ လုပ်ဆောင်နိုင်သည်။
လက်တင်ခုံပေါ်တွင် လျှို့ဝှက်ထိန်းချုပ် ခလုပ်ခုံပါဝင်ပြီး ကား၏ကျန်သည့် feature များကို ထိန်းချုပ်နိုင်သည်။
Driver ၏ ဘေးတံခါးတွင် လျှို့ဝှက်တယ်လီဖုန်းတစ်ခုရှိပြီး မိမိ၏ဖုန်းနှင့် ချိတ်ဆက်နိုင်သည်။
အပြင်ပိုင်းမှာ Silver Birch အရောင်ဖြစ်ပြီး အတွင်းပိုင်းတွင် မီးခိုးရောင် Connolly သားရေ upholstery ၊ မီးခိုးရောင် ကော်ဇောတို့ သုံးထားသည်။
လေလံတင်ရောင်းချပေးမည့် SBX Cars ကုမ္ပဏီက ပြောသည်မှာ “SBX Cars အနေနဲ့ ၂၀၂၁ မော်ဒယ် Aston Martin DB5 Continuation Goldfinger Edition ကို ရောင်းချပေးခွင့်ရတာ ဂုဏ်ယူမိပါတယ်” ဟု ဆိုသည်။
ရှောင်ကွန်နရီက ၁၉၆၄ ခုနှစ်တွင် ရုံတင်ခဲ့သော Goldfinger ရုပ်ရှင်တွင် Aston Martin DB5 ကို အသုံးပြုခဲ့သည်။
လေလံတင်ရောင်းချမည့် ရည်ညွှန်းဈေးမှာ ပေါင် ၃ ဒသမ ၃ သန်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: LICENCE TO THRILL James Bond’s iconic Aston Martin kitted out with ‘machine guns’ & state-of-the-art gadgets on sale for eye-watering sum
Photo Credit-Jam Press/ SBX Cars