- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၅ မော်ဒယ် Honda Civic hybrid ကို လေ့လာခြင်း
၂၀၂၅ မော်ဒယ် Honda Civic hybrid ကို လေ့လာခြင်း
- 695 views
Honda Civic hybrid သည် Honda Insight ၏နေရာတွင် အစားထိုးဝင်ရောက်လာသော မော်ဒယ်ဖြစ်သည်။
Honda Insight ကို ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီးနောက် ၎င်း၏နေရာတွင် Honda Civic Hybrid ဝင်ရောက်လာခြင်း ဖြစ်သည်။
Honda Civic သည် Drive ၏ expert rating တွင် 7.8 ရရှိထားပြီး Edmunds ကမူ 8.2 အထိ Rating ပေးထားသည်။
(အားသာချက်များ)
● စီးရ ညက်ညောခြင်း၊ အရှိန်တင်နှုန်းမှာ EV ကဲ့သို့ မြန်ဆန်ခြင်း
● အတွင်းခန်းနှင့် ပစ္စည်းထားသိုနေရာ ကျယ်ကျယ်ဝန်းဝန်းရှိခြင်း
● နည်းပညာပိုင်း အသုံးပြုရလွယ်ကူခြင်း
● အတွင်းပိုင်းမှာ Premium ခံစားချက်ရခြင်း
(အားနည်းချက်များ)
● Reverse camera သာ သုံးထားပြီး 360 ဒီဂရီ ကင်မရာ မပါခြင်း
● Rival များထက် ဈေးတန်းမြင့်နေခြင်း
● ရှေ့ခုံတွင် storage နေရာ နည်းပါးခြင်း
Honda Civic ၏ ယခု generation သည် လက်တွေ့ကျမှု၊ performance နှင့် value တို့အရ ချိန်ဆမည်ဆိုလျှင် Honda ၏ အကောင်းဆုံးဟု ဆိုနိုင်သည်။
Compact Sedan (သို့မဟုတ်) hatchback တစ်စင်းတွင် သင်မျှော်လင့်ထားသည့်အရာမှန်သမျှ 2025 Honda Civic တွင် တွေ့ရမည် ဖြစ်သည်။
Honda က 2025 Honda Civic ၏ line-up တွင် အပြောင်းအလဲများ လုပ်လာသည်။
ယခင် entry-level ဓာတ်ဆီအင်ဂျင်မှာ နားသွားသည်။
၎င်း၏နေရာတွင် Civic e:HEV L hybrid ဝင်လာသည်။
ယခင်မော်ဒယ်ဖြစ်သော e:HEV LX Variant မှာလည်း ပြန်ပါလာသည်။
Performance ကို အလေးထားသော customer များအတွက်မူ turbocharged Civic Type R ရှိသည်။ Type R မှာ မြင်းကောင်ရေ ၄၀၀ အထက် ရှိနိုင်ပြီး Hybrid ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။
2025 Honda Civic Hybrid တွင် update အနေဖြင့် grille နှင့် ဘန်ပါ၊ အလွိုင်းတို့ အသစ်ဖြစ်လာသည်။
အတွင်းပိုင်းတွင်ဆိုလျှင် Google အခြေပြု infotainment စနစ် ပါလာသည်။
Display မှာမူ ယခင်အတိုင်း ၉ လက်မ ဖြစ်သည်။
ဈေးတန်းမှာ ကန်ဒေါ်လာ ၄၉၉၀၀ မှ စတင်ရာ ဈေးများသည်ဟု ဆိုနိုင်သည်။
Feature များအနေဖြင့် ၁၈ လက်မ အလွိုင်း၊ LED ရှေ့မီးတွင် Auto ရှေ့မီးကြီး ၊ keyless entry and start ၊ အပူပေးစနစ်ပါ ရှေ့ခုံများ၊ အပူချိန် ၂ မျိုးပေးနိုင်သော climate control ၊ ၁၂ လက်မ Bose audio system တို့ ရှိသည်။
L version တွင်ဆိုလျှင် LX ၌ additional equipment အနေဖြင့် ဖွင့်နိုင်သော sunroof ပါပြီး မော်တာသုံး နေကာထည့်ပေးထားသည်။
ထို့အပြင် wireless phone charging၊ လည်သာခုံများ၊ ခလုပ်နှိပ်ကာ ချိန်ညှိနိုင်သော ရှေ့ခုံများ၊ auto-dimming နောက်ကြည့်မှန်၊ နေကာမျက်မှန်ထားရန်နေရာ အစရှိသည်တို့ကို LX တွင် တွေ့ရမည် ဖြစ်သည်။
အဆိုပါ မော်ဒယ် ၂ မျိုးလုံးတွင် 2.0-litre အင်ဂျင်နှင့် မော်တာ ၂ လုံး hybrid system သုံးထားပြီး ပါဝါ 135Kw ရှိကာ ရုန်းအား 315Nm ရှိသည်။
Civic ၏ အထင်ရှားဆုံး competitor မှာ Toyota Corolla ဖြစ်သည်။
ထိပ်တန်း spec များရှိသော Corolla ZR Hybrid မှာ Civic နှင့်ယှဉ်လျှင် အတော်လေး ဈေးသက်သာသည်။
ZR Hybrid တွင် hatch ကို ဒေါ်လာ ၃၉၁၀၀ ဖြင့် ရနိုင်ပြီး ဆီဒင်မှာ ဒေါ်လာ ၄၀၂၆၀ သာ ပေးရသည်။
အခြား Competitor အနေဖြင့် Peugeot ကလည်း မကြာသေးမီက mild-hybrid ဗားရှင်းဖြစ်သော 308 GT hatch ကို မိတ်ဆက်ချပြထားသည်။
ဈေးတန်းမှာ ဒေါ်လာ ၄၈၉၉၀ မှ စသည်။
Premium ထဲမှ ကြည့်လိုပါက Audi A3 35 TFSI ရှိပြီး ဈေးတန်းမှာ ဒေါ်လာ ၅၀၆၀၀ မှစသည်။
((2025 Honda Civic e:HEV LX ၏ အချက်အလက်များ))
● ဈေးနှုန်း- ဒေါ်လာ ၅၅၉၀၀
● စမ်းသပ်ခဲ့သည့် ကားအရောင်- Seabed Blue
● Competitor များ- Audi A3, Peugeot 308, Toyota Corolla
● ထိုင်ခုံ- 5
● Dimension- 4569/ 1802/ 1415 mm
● wheelbase- 2735 mm
2025 Honda Civic e:HEV LX ကို warranty ၅ နှစ်ပေးထားပြီး ဘက်ထရီကိုမူ warranty ၈ နှစ်ပေးထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 2025 Honda Civic hybrid review (drive.com)
Photo Credit: drive.com