- ပင်မစာမျက်နှာ
- ကားသတင်းများ
- တချို့နိုင်ငံတွေမှာ ညာမောင်းဖြစ်ပြီး တချို့နိုင်ငံမှာ ဘယ်မောင်းဖြစ်တာ ဘာကြောင့်လဲ
တချို့နိုင်ငံတွေမှာ ညာမောင်းဖြစ်ပြီး တချို့နိုင်ငံမှာ ဘယ်မောင်းဖြစ်တာ ဘာကြောင့်လဲ
- 712 views
ကားတွင် စတီယာရင်ရှိသော နေရာ ကွဲပြားနေခြင်းမှာ အဘယ်ကြောင့်ဖြစ်သည်ကို သိလိုစိတ် ပေါ်ဖူးပါသလား။
ဘယ်မောင်းနှင့် ညာမောင်းအကြား ခြားနားချက်ကို နားလည်ထားပါက ကမ္ဘာ့နိုင်ငံများသို့ ခရီးသွားလာချိန်တွင် အသုံးဝင်နိုင်သည်။
ကား၏ ညာဘက်တွင် စတီယာရင်ရှိသော ကားများကို ညာမောင်းကားဟု ခေါ်ကြပြီး စတီယာရင် ဘယ်ဘက် တွင် ရှိသောကားကို ဘယ်မောင်းကားဟု ခေါ်ကြသည်။
ညာမောင်းနှင့် ဘယ်မောင်းတို့မှာ သင့်အတွက် တစ်ခါတစ်ရံ ရှုပ်ထွေးနေနိုင်သည်။
သို့သော် မှတ်ထားရမည်မှာ ဘယ်မောင်းကားသည် လမ်း၏ ညာဘက်ခြမ်းမှ မောင်းရပြီး ညာမောင်းကားမှာ လမ်း၏ဘယ်ဘက်ခြမ်းတွင် မောင်းရသည်။
((တချို့နိုင်ငံတွေမှာ ညာမောင်းစနစ် ဘာကြောင့် ကျင့်သုံးတာလဲ။))
ယေဘုယျအားဖြင့်ဆိုရလျှင် အတိတ်နှင့် ပစ္စုပ္ပန်တွင် ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးသော၊ ဖြစ်နေသော နိုင်ငံများ၌ ညာမောင်းစနစ် ကျင့်သုံးကြသည်။
ထိုစနစ်ကျင့်သုံးခြင်းတွင် လက်တွေ့ကျသော အကြောင်းရင်းတစ်ခု ရှိနေသည်။
တစ်ချိန်က အင်္ဂလိပ် မြေရှင် ပဒေသရာဇ်စနစ်တွင် ဓားသမားများနှင့် သူရဲကောင်းတို့ ရှိခဲ့ကြသည်။
ဓားသမားတို့သည် ညာသန်များဖြစ်ပြီး လမ်း၏ ဘယ်ဘက်ခြမ်းကို အသုံးပြုလိုကြသည်။
ထိုသို့ သုံးရခြင်းတွင် အကြောင်းရင်းများရှိသည်။
● တစ်ဦးနှင့်တစ်ဦး ဓားအိမ်ခြင်း မတိုက်မီစေရန် ရှောင်ရှားနိုင်သည်။ ဓားအိမ်ကို ဓားသမား၏ ခါးပတ်တွင် တပ်ဆင်ကြပြီး ခန္ဓာကိုယ်၏ ဘယ်ဘက်တွင် ထားကြသည်။
● မြင်း၏ ဘယ်ဘက်ခြမ်းမှ အလွယ်တကူတက်နိုင်ပြီး ညာဘက်မှ ပြန်ဆင်းကြသည်။
● ညာလက်ကို လွတ်လွတ်လပ်လပ်သုံးနိုင်ပြီး ချဉ်းကပ်လာသော ရန်သူကို ဓားဖြင့် ခုခံနိုင်သည်။
နပိုလီယန်သည် ပိုလန်၊ ဂျာမနီ၊ ဆွစ်ဇာလန်နှင့် အခြားဥရောပနိုင်ငံများကို သိမ်းပိုက်ပြီးချိန်တွင် ၎င်းက ဘယ်မောင်းစနစ်ကို ပြဋ္ဌာန်းကျင့်သုံးစေခဲ့သည်။
သို့သော် သူ၏ အဓိက ရန်ဘက်များဖြစ်သော ဗြိတိန်ကဲ့သို့ နိုင်ငံတို့မှာ အဆိုပါ စနစ်ကို အကောင်အထည်ဖော်ရန် ငြင်းပယ်ခဲ့ပြီး ၎င်းတို့၏ ထုံးစံအတိုင်း ညာမောင်းစနစ်သာ ကျင့်သုံးခဲ့သည်။
ဗြိတိန်က ထိုစနစ်ကို သူ၏ ကိုလိုနီနိုင်ငံများတွင်ပါ ကျင့်သုံးစေခဲ့သည်။
ထိုအချက်မှာ အိန္ဒိယ၊ မြန်မာနှင့် အာဖရိကရှိ ၎င်း၏ ကိုလိုနီနိုင်ငံများတွင် ယနေ့တိုင် ညာမောင်းစနစ် ကျင့်သုံးနေခြင်၏ အကြောင်းရင်းလည်း ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုကမူ ၎င်း၏ ကိုယ်ပိုင် identity ကို ထူထောင်လိုသည်။
ထို့ကြောင့် ၎င်းတို့ကမူ ဘယ်မောင်းစနစ်ကို ကျင့်သုံးသည်။
အကျိုးဆက်အားဖြင့် အမေရိကန်၏ ကိုလိုနီ နိုင်ငံတို့တွင်လည်း ဘယ်မောင်းစနစ်ကို ကျင့်သုံးကြသည်။
သာဓကအားဖြင့် ဖိလစ်ပိုင်ဈေးကွက်သို့ ပထမဆုံး တင်သွင်းခဲ့သော ကားများမှာ FORD ကုမ္ပဏီထုတ် Model T များ ဖြစ်သည်။
ညာမောင်းစနစ် ကျင့်သုံးသော အခြားနိုင်ငံများမှာ...
● ကင်ညာ
● တောင်အာဖရိက
● ထိုင်း
● မာလ်တာ
● နယူးဇီလန်
● မလေးရှား
● မြန်မာ
● Isle of Man ကိုယ်ပ်ိုင်အုပ်ချုပ်ခွင့်ရကျွန်း (အင်္ဂလန်နှင့် အိုင်ယာလန်ကြားရှိ အိုင်းရစ်ပင်လယ်အတွင်း တည်ရှိပြီး ဗြိတိန်ဘုရင်က တိုက်ရိုက် အုပ်ချုပ်သည်။)
● ဂျမေကာ (ကာရစ်ဘီယံရှိ နိုင်ငံတစ်ခုဖြစ်ပြီး ဗြိတိန်ထံမှ ၁၉၆၂ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော်လည်း ဓနသဟာယနိုင်ငံအဖြစ် ဆက်လက်တည်ရှိသည်)
● ဟောင်ကောင်
● အိန္ဒိယ
● Channel Islands (အင်္ဂလန်ရေလက်ကြားတွင် တည်ရှိပြီး ပြင်သစ်နိုင်ငံနှင့် နီးကပ်သည်။ အင်္ဂလိပ် ပိုင်နက်စာရင်းတွင် မပါဝင်သော်လည်း ကာကွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးကို အင်္ဂလန်က တာဝန်ယူထားရသည်)
● သြစတေးလျ
● ဆိုက်ပရပ်စ် (မြေထဲပင်လယ်ထဲတွင် တည်ရှိ)
● ကာရစ်ဘီယံကျွန်းစု
အထက်တွင် ဖော်ပြထားသည့်နိုင်ငံများအပြင် ညာမောင်းစနစ် ကျင့်သုံးသည့်နိုင်ငံများစွာ ရှိသည်။
ယင်းတို့အနက် ဂျပန်လည်း အပါအဝင်ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Why Some Countries Have Right-Hand Driving and Some Have Left-Hand Cars