- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာပေါ်တွင် တစ်စင်းတည်းသာရှိသော Lamborghini Egoista နမူနာကားကို ကားဝါသနာအိုးတစ်ဦးက အမေရိကန်တွင် အိမ်ပေါင်း ၂၇၈ လုံး ဝယ်ယူနိုင်သည့် ငွေပမာဏပေးကာ ဝယ်ယူသွားခဲ့
ကမ္ဘာပေါ်တွင် တစ်စင်းတည်းသာရှိသော Lamborghini Egoista နမူနာကားကို ကားဝါသနာအိုးတစ်ဦးက အမေရိကန်တွင် အိမ်ပေါင်း ၂၇၈ လုံး ဝယ်ယူနိုင်သည့် ငွေပမာဏပေးကာ ဝယ်ယူသွားခဲ့
- 664 views
Lamborghini Egoista ကို မှတ်မိပါသလား။
အဆိုပါ concept ကားကို Lamborghini ၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၃ ခုနှစ်အတွင်း ချပြခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါကားကို ရူးလောက်စရာ ဈေးနှုန်းဖြင့် ကားစုဆောင်းသူတစ်ဦးထံ ရောင်းချလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
Supercar Blondie သတင်းဌာန၏ ဖော်ပြချက်အရ အမည်မဖော်သော ကားစုဆောင်းသူတစ်ဦးက တစ်စင်းတည်းသာ နမူနာအဖြစ်ထုတ်လုပ်ထားသောကားကို ကန်ဒေါ်လာ ၁၁၇ သန်းအထိ ပေးကာ ဝယ်ယူသွားသည်ဟု ဆိုသည်။
၂၀၂၄ ခုနှစ် တတိယ ၃ လပတ်အတွင်း အမေရိကန်ပြည်တွင် အလယ်လတ်တန်း နေအိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၂၀၄၀၀ ဖြစ်ရာ အိမ်ပေါင်း ၂၇၈ လုံးအထိ ဝယ်ယူနိုင်သည့် ငွေပမာဏလည်း ဖြစ်သည်။
သို့အတွက် Lamborghini Egoista မှာ Lamborghini ၏ ကားများအားလုံးတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်သွားသည်။
Egoista မှာ တစ်ကိုယ်ကောင်းဆန်ခြင်းဟု အဓိပ္ပာယ်ရသည်။
တိုက်လေယာဉ်တစ်စင်းကို inspire ယူကာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး တစ်ယောက်စီး ဖြစ်သည်။
Lamborghini Gallardo ရှိ 5.2-litre V10 အင်ဂျင်ကို သုံးထားပြီး မြင်းကောင်ရေ ၆၀၀ အား ထွက်သည်။
Lamborghini Egoista မှာ အများပြည်သူသွားလာရာ လမ်းများပေါ်တွင် မောင်းနှင်ခွင့် ရရှိမထား။
Lamborghini Egoista ၏ အပြင်ပိုင်းဒီဇိုင်းမှာ ထူးခြားသည်။
ဝှေ့ရန်အသင့်ဖြစ်နေသော ကျွဲတစ်ကောင်၏ ပုံစံမျိုး ဖြစ်သည်။
Lighting မှာ ခေတ်ပေါ်လေယာဉ်တစ်စင်း သွင်ပြင်မျိုး ဖြစ်သည်။
ကိုယ်ထည်နှင့် ဘီးများမှာ ရေဒါကို ချေဖျက်နိုင်သည့်ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည်။
● ထုတ်လုပ်သူ- Automobili Lamborghini
● ထုတ်လုပ်သည့်ခုနှစ်- ၂၀၁၃
● ဒီဇိုင်နာ- Walter de Silva
● Class- Concept car
● Body style- Hatch-top coupe
● Layout- mid engine, all-wheel-drive
● Doors- Canopy door
● Engine- 5.2L V10
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: One-off Lamborghini Egoista concept sold for $117 million