- ပင်မစာမျက်နှာ
- ကားသတင်းများ
- Land Rover Defender ပေါင်း အစင်းရေ ၂၀၀ အထိ ဝယ်ယူထားပြီး လျှို့ဝှက်မြေအောက်ခန်းကြီးတစ်ခုတွင် သိမ်းဆည်းထားသော ဗြိတိန်မှ အမျိုးသားတစ်ဦးက ကားအားလုံးကို တစ်ပေါင်းတည်း ရောင်းထုတ်ရန် စီစဉ်လာ
Land Rover Defender ပေါင်း အစင်းရေ ၂၀၀ အထိ ဝယ်ယူထားပြီး လျှို့ဝှက်မြေအောက်ခန်းကြီးတစ်ခုတွင် သိမ်းဆည်းထားသော ဗြိတိန်မှ အမျိုးသားတစ်ဦးက ကားအားလုံးကို တစ်ပေါင်းတည်း ရောင်းထုတ်ရန် စီစဉ်လာ
- 1774 views
ဗြိတိန်မှ အမျိုးသားတစ်ဦးမှာ Land Rover Defender အစင်းရေ ၂၀၀ ခန့်အထိ ဝယ်ယူစုဆောင်းထားသည်။
နောက်ပိုင်းတွင် Land Rover Defender ထုတ်လုပ်မှု မရှိတော့ဘဲ ရပ်ဆိုင်းသွားသည်။
ယခုအခါ အဆိုပါအမျိုးသားက ၎င်းစုဆောင်းထားသော ကားအားလုံးကို တစ်ပေါင်းတည်း ရောင်းထုတ်ရန် စီစဉ်လာသည်။
Land Rover Defender များ ဝယ်ယူစုဆောင်းထားသူမှာ ဗြိတိန် စီးပွားရေးလုပ်ငန်းရှင် ချားလ်စ် ဖောဆက် (Charles Fawcett) ဖြစ်ပြီး Twisted အမည်ရှိ ကုမ္ပဏီကို တည်ထောင်ထားသူ ဖြစ်သည်။
Twisted သည် Land Rover Defender များကို modify ပြုလုပ်ပေးသော ကုမ္ပဏီ ဖြစ်သည်။
ချားလ်စ်ဖောဆက်က ၎င်းဝယ်ယူစုဆောင်းထားသော Land Rover Defender များကို လျှို့ဝှက်မြေအောက်ဂိုဒေါင်ကြီးတစ်ခုထဲတွင် သိမ်းဆည်းထားသည်။
(ဗြိတိန်လုပ်ငန်းရှင်တစ်ဦးက Land Rover Defender ပေါင်း အစင်းရေ ၂၀၀ ဝယ်ယူစုဆောင်းထားသည်။ အဆိုပါ ကားမှာ ၂၀၁၅ ခုနှစ်တွင် ဆက်လက်ထုတ်လုပ်တော့ခြင်း မရှိချေ။ ဓာတ်ပုံ-Twisted)
(ဖောဆက်က ၎င်းဝယ်ယူထားသော Land Rover Defender များကို မြေအောက်ခန်းကြီးတစ်ခုထဲတွင် သိမ်းဆည်းထားပြီး တည်နေရာကိုမူ လျှို့ဝှက်ထားသည်။ ဓာတ်ပုံ-Twisted)
(ချမ်းသာသော သူဌေးများအနေဖြင့် အထူး modify လုပ်ထားသော Land Rover Defender တစ်စင်းကို ပေါင် ၂၂၀၀၀၀ အထိပေးရန် ဝန်လေးကြမည် မဟုတ်ချေ။ ဓာတ်ပုံ-Twisted)
(ယခုအခါ ဆက်လက်ထုတ်လုပ်တော့ခြင်းမရှိတော့သည့် မော်ဒယ်များဖြစ်ရာ ဂန္ထဝင်ကား စုဆောင်းသူများအတွက် ပိုမိုမက်မောဖွယ် ဖြစ်လာသည်။ ဓာတ်ပုံ-Twisted)
“ဒီကားတွေအားလုံးက ၂၀၁၆ ခုနှစ် မှတ်ပုံတင်စာရင်းဝင်တွေ ဖြစ်ပါတယ်။ ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီး နောက်တစ်နှစ်ပေါ့။ ဒီကားတွေ ထုတ်လုပ်ရေးလိုင်းကနေ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားတွေဖြစ်တာကြောင့် ကားစုဆောင်းသူတွေအတွက် ပိုမိုမက်မောဖွယ်ရာဖြစ်ပါတယ်” ဟု ချားလ်စ် ဖောဆက်က ပြောကြောင်း Supercar Blondie က ဖော်ပြသည်။
ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီး ၁၀ နှစ်ခန့်ရှိလာချိန်တွင် သူဌေးများအဖို့ Land Rover Defender တစ်စင်းကို ပေါင် ၂၂၀၀၀၀ ပေးရန် ဝန်မလေးကြချေ။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ Land Rover Defender ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီတွင် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်သောကြောင့် အဆိုပါမော်ဒယ်ရနိုင်မှု ရှားပါးသွားရာ မန်ချက်စတာ ယူနိုက်တက်ပိုင်ရှင်ဖြစ်သူ Sir Jim Ratcliffe က Ineos ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
Ineos က ထုတ်လုပ်ခဲ့သည့် တစ်ခုတည်းသော မော်ဒယ်မှာ Grenadier ဖြစ်ပြီး Land Rover Defender ကို tribute အနေဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
မန်ယူပိုင်ရှင် Ratcliffe သည် မူလက Land Rover Defender အော်ရီဂျင်နယ်မော်ဒယ်ကို ဆက်လက်ထုတ်လုပ်ရန် Jaguar Land Rover ထံ ချဉ်းကပ်ခဲ့သေးသော်လည်း JLR က ငြင်းပယ်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: ROVER & OUT I own 200 Land Rover Defenders & keep them all in ‘secret bunker’ – now I’m being offered huge sum to sell just one
Photo Credit-Twisted