- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla Model Y မှာ ၂၀၂၄ ခုနှစ်အတွင်း တရုတ်ပြည်တွင် အရောင်းရဆုံးကားအဖြစ် ထိပ်ဆုံးတွင် ရပ်တည်
Tesla Model Y မှာ ၂၀၂၄ ခုနှစ်အတွင်း တရုတ်ပြည်တွင် အရောင်းရဆုံးကားအဖြစ် ထိပ်ဆုံးတွင် ရပ်တည်
- 343 views
Tesla Model Y သည် တရုတ်ပြည်တွင် ၂၀၂၄ ခုနှစ်အတွင်း အရောင်းရဆုံးကား ဖြစ်လာခဲ့သည်။
၂၀၂၄ ခုနှစ်၊ ၁၂ လတာ ကာလအတွင်း အစင်းရေ ၄၈၀၃၀၉ စင်း ရောင်းချခဲ့ရကြောင်း China EV Data Tracker ၏ အချက်အလက်များတွင် ဖော်ပြသည်။
အခြားနိုင်ငံတို့၏ ဈေးကွက်များနှင့် ခြားနားစွာပင် Tesla Model Y မှာ တရုတ်ပြည်ဈေးကွက်တွင် ရောင်းအား မြင့်မားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင်မူ Tesla Model Y ဝယ်လိုအား ကျဆင်းနေသည်။
သာဓကအားဖြင့် ကြည့်မည်ဆိုလျှင် ကားလောက သုတေသီ Felipe Munoz ၏ ဖော်ပြချက်အရ Tesla Model Y သည် နော်ဝေတွင် ရောင်းအား ၂၇ ရာခိုင်နှုန်း ကျဆင်းနေပြီး အိုက်စလန်တွင် ၈၇ ရာခိုင်နှုန်း၊ လူဇင်ဘတ်တွင် ၃၁ ရာခိုင်နှုန်းကျဆင်းနေသည်ကို တွေ့နိုင်သည်။
Tesla Model Y မှာ ၂၀၁၉ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သောကြောင့် ထုတ်လုပ်မှုသက်တမ်း ကြာမြင့်နေပြီ ဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။
သို့သော် တရုတ်ပြည်တွင်မူ မကြာသေးမီက ဖြန့်ချိခဲ့သည့် Tesla Model Y Jupiter variant မတိုင်မီကတည်းက Model Y ၏ ရောင်းအား မြင့်တက်နေခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း အစင်းရေ ၄၈၀၃၀၉ ရောင်းချခဲ့ရရာ ၂၀၂၃ ခုနှစ် ရောင်းအား အစင်းရေ ၄၅၆၃၉၄ ထက် ၅ ဒသမ ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
(တရုတ်ပြည်ရှိ ဖြန့်ချိရေးစင်တာရှေ့တွင် ရပ်နားထားသော Tesla Model Y များ)
၂၀၂၄ နှစ်ကုန်ပိုင်းတွင် Tesla ၏ ရောင်းအားမြင့်တက်လာခဲ့မှုမှာ အရောင်းမြှင့်တင်ရေးကြိုးပမ်းခဲ့မှုများကြောင့်လည်း ဖြစ်သည်။
သာဓကဆိုရလျှင် Tesla ၏ တရုတ်ပြည်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Grace Tao က ပြီးခဲ့သော ၆ နှစ်တာအတွင်း Tesla ထုတ် ကားများ recall ပြန်လုပ်ခဲ့ရခြင်း လုံးဝမရှိကြောင်း ပြောကြားခဲ့မှုမှာ ဘေးကင်းလုံခြုံ စိတ်ချရမှုကို သက်သေပြခြင်းဖြစ်ပြီး ရောင်းအားမြင့်တက်စေသည့် အချက်တစ်ခုလည်း ဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း တရုတ်ပြည်တွင် ဒုတိယအရောင်းရဆုံးဖြစ်သော BYD Qin Plus မှာ အစင်းရေ ၄၈၀၀၂၅ ရောင်းချခဲ့ရရာ Tesla Model Y အောက် ၂၈၄ စင်းသာ နည်းပါးသည်။
၂၀၂၄ ခုနှစ်အတွင်း Tesla Model Y ကို ဈေးနှုန်း ယွမ် ၂၄၉၉၀၀ (ကန်ဒေါ်လာ ၃၄၁၀၀) ဖြင့် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင် မော်ဒယ်သစ်ဖြစ်သော Tesla Model Y Juniper ကို ဈေးတန်း ယွမ် ၂၆၃၅၀၀ မှ ၃၀၃၅၀၀ ကြား (ကန်ဒေါ်လာ ၃၉၉၅၀ မှ ၄၁၄၀၀ ကြား) ဖြင့် စတင်ဖြန့်ချိထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tesla Model Y became the bestselling car in China in 2024 (carnewschina)