- ပင်မစာမျက်နှာ
- ကားသတင်းများ
- Toyota ၏ အိမ်ကွင်းဖြစ်သော ဂျပန်တွင် ၂၀၂၄ ခုနှစ်အတွင်း BYD က Toyota ထက် EV ပိုမိုရောင်းအားကောင်းခဲ့
Toyota ၏ အိမ်ကွင်းဖြစ်သော ဂျပန်တွင် ၂၀၂၄ ခုနှစ်အတွင်း BYD က Toyota ထက် EV ပိုမိုရောင်းအားကောင်းခဲ့
- 615 views
ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း BYD ၏ လျှပ်စစ်ကားရောင်းချရမှု ပမာဏမှာ Toyota ကို ပထမဆုံးအကြိမ် ဖြစ် ဖြတ်ကျော်သွားသည်။
၂၀၂၄ ခုနှစ်အတွင်း ဂျပန်တွင် လျှပ်စစ်ကား အစင်းရေ ၅၉၇၃၆ ရောင်းချခဲ့ရရာ ၂၀၂၃ ခုနှစ် ရောင်းအား အောက် ၃၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၄ နှစ်တာအတွင်း ပထမဆုံး ရောင်းအားကျခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း BYD သည် ဂျပန်တွင် EV အစင်းရေ ၂၂၂၃ ရောင်းချခဲ့ရပြီး ၂၀၂၃ ခုနှစ်ကထက် ၅၄ ရာခိုင်နှုန်း ရောင်းအားတက်ခဲ့သည်။
Toyota မှာမူ EV အစင်းရေ ၂၀၃၈ သာရောင်းခဲ့ရပြီး ရောင်းအား ၃၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ဂျပန် မော်တော်ကား ရောင်းချသူများအသင်း (JADA) ၏ အချက်အလက်များတွင် ဖော်ပြသည်။
BYD သည် Toyota ၏ အိမ်ကွင်းဖြစ်သော ဂျပန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ်အတွင်း Atto 3 crossover ၊ Dolphin hatchback တို့နှင့် ဝင်ရောက်ခြေစမ်းလာခဲ့သည်။
Atto 3 ၏ နိုင်ငံတကာဈေးကွက်အမည်မှာ Yuan Plus ဖြစ်သည်။
နောက်ပိုင်းတွင် BYD Sea EV sedan ထပ်မံရောက်ရှိလာသည်။
ယခု ၂၀၂၅ ခုနှစ်အတွင်းတွင် BYD က စတုတ္ထမြောက် ကားမော်ဒယ်ဖြစ်သော BYD Sealion 07 EV ကို ဂျပန်တွင် ဖြန့်ချိရန် စီစဉ်ထားသည်။
BYD Dolphin ၏ ဈေးနှုန်းမှာ ယန်း ၂ ဒသမ ၉၉ သန်း (ကန်ဒေါ်လာ ၁၉,၀၀၀) မှ စသည်။
ဂျပန်တွင် ရောင်းချသော BYD ၏ မော်ဒယ်အားလုံးမှာ လျှပ်စစ်ကားများ ဖြစ်ပြီး Hybrid မပါဝင်ချေ။
ဂျပန်တွင် ၂၀၂၄ ခုနှစ်အတွင်း EV တို့၏ ဈေးကွက်ဝေစုမှာ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဖွံ့ဖြိုးပြီးနိုင်ငံဈေးကွက်များအနက် ဈေးကွက်ဝေစုအနည်းဆုံးဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။
အခြား ကမ္ဘာ့ဈေးကွက်များတွင်လည်း EV ရောင်းအား နှေးကွေးနေသည့် အခြေအနေများ ရှိသော်လည်း ဂျပန်တွင် EV သို့ ကူးပြောင်းလိုမှု မရှိခြင်းမှာ သိသာနေသည်။
Toyota ၏ ပထမဆုံး EV ဖြစ်သော bZ4X crossover မှာ ၂၀၂၄ ခုနှစ်အတွင်း ၁၀၁၂ စင်း ရောင်းချခဲ့ရသည်။
ဂျပန်တွင် bZ4X ကို ယန်း ၅ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၃၄၈၀၀) ဖြင့် ရောင်းချသည်။
ဂျပန် လျှပ်စစ်ကားဈေးကွက်တွင် ဦးဆောင်ထားသည်မှာ Nissan Motor ဖြစ်ပြီး ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားသည်။
သို့သော် ၂၀၂၄ ခုနှစ်အတွင်း Nissan Leaf ၏ ရောင်းအား ၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစင်းရေ ၃၀၇၄၉ သာ ရောင်းခဲ့ရသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ရောင်းအားအနည်းဆုံးဖြစ်ခဲ့ခြင်း ဖြစ်သည်။
Imported EV များတွင် ဂျပန်၌ ဦးဆောင်နေသည်မှာ Tesla ဖြစ်သည်။
BYD က ၂၀၂၅ ခုနှစ်အတွင်း ဂျပန်တွင် အရောင်းပြခန်းပေါင်း ၁၀၀ ခန့် ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။
(ဆက်စပ်သတင်း)
၂၀၂၄ မော်ဒယ် Toyota bZ4X AWD ကို လေ့လာခြင်း
https://www.carsdb.com/my/news/959
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD surpass Toyota in Japan’s 2024 EV sales (carnewschina)