ဂျပန်ကလာတဲ့ တစ်ပတ်ရစ်ကားတွေ ဘာကြောင့် mileage နည်းတာလဲ

  • 640 views

ကမ္ဘာ့ကားဈေးကွက်တွင် customer အများစုသည် ကားသစ်များကို ဝယ်ယူခြင်းနည်းပါးကြရာ တစ်ပတ်ရစ်ကား ဈေးကွက်မှာ ဆက်လက်ကြီးထွားလာဖွယ်ရာသာ ရှိနေသည်။

သို့သော် မကြာသေးမီနှစ်များအတွင်း တစ်ပတ်ရစ်ကားကို ပြည်တွင်းဈေးကွက်မှ ဝယ်ယူခြင်းမှာ ပိုမိုဈေးကြီးနေသည့်အတွက် Customer တို့သည် တစ်ပတ်ရစ်ကားကို ပြည်ပမှ တင်သွင်းရန် စီစဉ်လာကြသည်။

အထူးသဖြင့် တန်ဖိုးသက်သာသော ဂျပန်မှ တစ်ပတ်ရစ်ကားများ ဖြစ်သည်။

ထိုအခါတွင် ဂျပန်မှ တစ်ပတ်ရစ်ကားများမှာ အံ့ဖွယ်ကောင်းအောင် အရည်အသွေးကောင်းမွန်သည့်အပြင် ဈေးလည်းအလွန်သက်သာလှသည်ကို လူအများစတင်သတိထားမိလာသည်။

အထူးသဖြင့် ဂန္ထဝင်မော်ဒယ်ဟောင်းများဖြစ်၏။

သို့သော် ကား၏ mileage မှာ အစစ်ဟုတ်၊ မဟုတ် သင်စတင်သံသယရှိလာနိုင်သည်။
မှန်ပါသည်။

ထိုသို့အတွေးဝင်ခြင်းမှာ သင်သည် ဉာဏ်ရှိသော consumer တစ်ဦးဖြစ်ကြောင်း ပြသနေသည်။

ယခုဆောင်းပါးကို ပြီးဆုံးသည်အထိ ဖတ်ပြီးချိန်တွင် ဂျပန်တစ်ပတ်ရစ်ကားတို့၏ mileage မှာ အစစ် ဟုတ်၊ မဟုတ် အဖြေသိသွားမည်ဖြစ်သည်။

ထိုအချိန်တွင် ဂျပန်မှ တစ်ပတ်ရစ်ကားတစ်စင်း တင်သွင်းလိုစိတ် ပေါ်လာနိုင်သည်။

((ရှာကန် ဥပဒေအကြောင်း))

ရှာကန်ဟူသော ဝေါဟာရ သင်ကြားဖူးပါသလား။

ရှာကန်ဟူသည်မှာ ဂျပန်ရှိ မော်တော်ယာဉ်စစ်ဆေးရသည့်စနစ်ဖြစ်ပြီး မော်တော်ယာဉ်တိုင်း ဘေးကင်းလုံခြုံမှုနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု စံနှုန်းများ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခြင်း ဖြစ်သည်။

ဂျပန်တွင် မော်တော်ကားများ စတင်များပြားလာသည့် ၁၉၅၀ ပြည့်လွန်ကာလများအတွင်း မော်တော်ယာဉ် ဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ရှာကန်စနစ်ကို စတင်ကျင့်သုံးခဲ့သည်။

တိုကျို၏ လူဦးရေမှာ ၁၉၅၀ ပြည့်လွန်ကာလများနှင့်ယှဉ်လျှင် လူဦးရေ ၃ သန်းခန့် ပိုမိုများပြားလာရာ ဘေးကင်းလုံခြုံရေးစံနှုန်းများမှာလည်း ပိုမိုတင်းကျပ်လာသည်။

ယာဉ်စစ်ဆေးရေးစနစ် (ရှာကန်-သို့မဟုတ်-JCI inspection ဟုခေါ်) အရ မော်တော်ကားများကို ၂ နှစ်တစ်ကြိမ် စစ်ဆေးရသည်။

လမ်းပေါ်ရှိ ကားများအားလုံး ဘေးကင်းစွာ မောင်းနိုင်ရန်နှင့် တရားမဝင် modify ပြုလုပ်ထားမှုများ မရှိစေရန် စစ်ဆေးခြင်း ဖြစ်သည်။

((ရှာကန် ဥပဒေကြောင့် ဂျပန်ပြည်သူတို့မှာ ကားများကို နှစ်အနည်းငယ်အတွင်း ရောင်းထုတ်))

တစ်ပတ်ရစ်ကားတစ်စင်းတွင် mileage နည်းပါးခြင်းမှာ ဆိုးရွားသည့်ကိစ္စလော။
ဖြစ်နိုင်ပါသည်။

ထိုသို့သောကားမျိုးကို ဝယ်မည့်သူတိုင်း သံသယဖြစ်နိုင်သည်။

သို့သော် ဂျပန်တွင်
စီးပွားရေးလုပ်ငန်းများအတွက်သုံးသည့် လုပ်ငန်းသုံးယာဉ်နှင့် ထရပ်ကားကြီးများမှလွဲပြီး တစ်ပတ်ရစ် ကားများတွင် mileage နည်းပါးခြင်းမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။
ဂျပန်တွင် ကားတစ်စင်းကို ၄ နှစ် (သို့မဟုတ်) ၅ နှစ်ခန့် သုံးပြီးလျှင် ရှာကန်ဥပဒေကြောင့် အသုံးမပြုကြတော့ချေ။

((ဂျပန်တစ်ပတ်ရစ်ကားများသည် အာရှတွင် ဈေးအနည်းဆုံးများထဲ၌ ပါဝင်))

ဂျပန်တစ်ပတ်ရစ်ကားများသည် အာရှတွင် ဈေးအသက်သာဆုံးများထဲ၌ ပါဝင်သည်။
ဂျပန်ပြည်သူတို့မှာ ကားသစ်တစ်စင်း မိတ်ဆက်သည်နှင့် လွယ်လင့်တကူ ဝယ်နိုင်ကြသည်။

ထို့ကြောင့် ကားဟောင်းများကို အလွန်နည်းပါးသော ဈေးနှုန်းဖြင့် ရောင်းထုတ်ပစ်ကြခြင်း ဖြစ်သည်။

မော်တော်ကား အပါအဝင် မိမိတို့၏ ပိုင်ဆိုင်မှုများကို ဂရုစိုက် ထိန်းသိမ်းတတ်ခြင်းမှာ ဂျပန်တို့၏ အလေ့အထ ယဉ်ကျေးမှုဖြစ်သည်။

ထိုသို့ ကောင်းစွာထိန်းသိမ်းစီးနင်းသောကြောင့် ဂျပန်တွင် ဈေးအလွန်သက်သာသော တစ်ပတ်ရစ်ကားများ အလုံးအရင်း ဝယ်ယူရရှိနိုင်ခြင်းလည်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref- Insider Secret: Why Do Used Cars from Japan Have Low Mileage (carused)