- ပင်မစာမျက်နှာ
- ကားသတင်းများ
- Britney Spears ၏ ‘လော့စ်အိန်ဂျလိတွင် အန္တရာယ်အကြီးဆုံး မော်တော်ကား’ ကန်ဒေါ်လာ ၇၀၀၀၀ ဖြင့် ရောင်းမည်
Britney Spears ၏ ‘လော့စ်အိန်ဂျလိတွင် အန္တရာယ်အကြီးဆုံး မော်တော်ကား’ ကန်ဒေါ်လာ ၇၀၀၀၀ ဖြင့် ရောင်းမည်
- 139 views
ကမ္ဘာကျော်အဆိုတော် ဘရစ်တ်နီ စပီးယားစ် (Britney Spears) ၏ ၂၀၀၆ ခုနှစ်ထုတ် Mercedes-Benz CLK350 အနက်ရောင် မော်တော်ကား ကန်ဒေါ်လာ ၇၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
ထိုကားသည် တချိန်က လော့စ်အိန်ဂျလိတွင် အန္တရာယ်အကြီးဆုံးမော်တော်ကားဟု နာမည်ကြီးခဲ့ဖူးသည်။
ဘရစ်တ်နီ စပီးယားစ် စီးခဲ့သောကားဖြစ်ခြင်းအပြင် ‘သမိုင်းတလျှောက် ဓာတ်ပုံအရိုက်ခံရဆုံး မော်တော်ကား’ အဖြစ်လည်း ကျော်ကြားသည်။
ဘရစ်တ်နီ စပီးယားစ်သည် အောက်တိုဘာလအတွင်း The Woman in Me ဟု အမည်ပေးထားသော သူ၏ဘဝမှတ်တမ်းစာအုပ်ကို ထုတ်ဝေသွားရန် စီစဉ်ထားသည်။
ဘရစ်တ်နီ စပီးယားစ်သည် ၂၀၀၇ ခုနှစ်အတွင်း ဤကားဖြင့် သွားလာရာတွင် သတင်းမုဆိုးတို့ရန်မှလွတ်ရန် မီးနီများ ဖြတ်မောင်းခြင်း၊ ယာဉ်တိုက်မှု အသေးစားများဖြစ်ခြင်း၊ သတင်းထောက်တစ်ဦးကို ထီးတစ်ချောင်းဖြင့် တိုက်ခိုက်ခြင်းတို့ ဖြစ်ပွားခဲ့ကာ ဟိုးလေးတကြော်ဖြစ်ခဲ့ဖူးသည်။
ယင်းနောက်ပိုင်း ၂၀၁၁ ခုနှစ်ကတည်းက အီလီနွိုက်စ်ပြည်နယ်ရှိ Volo ကားပြတိုက်တွင် ပြသထားခဲ့ပြီး ယခုအခါ အရောင်းဈေးကွက်ဝင်လာခြင်းလည်း ဖြစ်သည်။
(ပေါ့ပ်ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ရပ်ကို ဒေါ်လာ ၇၀၀၀၀ ဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး ဖြစ်သည်)
ဘရစ်တ်နီ စပီးယားစ်သည် လွန်ခဲ့သော ၁၆ နှစ်က ဤကားဖြင့် ညနက်ပိုင်းများတွင် ကြမ်းကြမ်းရမ်းရမ်း အပျော်မောင်းခဲ့လေ့ရှိပြီး သူ၏ကားမှာ ကားပိုင်ရှင်နီးပါး နာမည်ကျော်ခဲ့သည်။
သူ၏ သားတစ်ဦးကို လမ်းဘေးတစ်နေရာတွင် ကားရပ်ကာ ဒိုင်ဘာလဲပေးခဲ့ဖူးသည်မှာလည်း ယခုကားဖြင့်ပင် ဖြစ်သည်။
ကားပါကင် ထိုးရာတွင် ရပ်နားထားသော အခြားကားတစ်စင်းကို တိုက်မိကာ မောင်းပြေးခြင်းလည်း ဖြစ်ခဲ့ဖူးသည်။
ဘရစ်တ်နီ စပီးယားသည် တခါကလည်း အတွင်းခံဘောင်းဘီမပါဘဲ အလွန်တိုလှသော စကတ်ဖြင့် ကားပေါ်မှ ဆင်းလာချိန်တွင် သတင်းမုဆိုးတစ်ဦး၏ ဓာတ်ပုံရိုက်ခြင်းခံခဲ့ရသည်မှာလည်း ဤကားပင် ဖြစ်သည်။
ထိုသို့ စိတ်အတက်အကျ အပြောင်းအလဲမြန်ဆန်မှုများကြောင့် ၂၀၀၈ ခုနှစ်တွင် စိတ်ကျန်းမာရေးကုသရာဌာန တစ်ခုသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။
ထိုနှစ်ကုန်ပိုင်းမှ စတင်ကာ ဘရစ်တ်နီ စပီးယားစ်ကို စောင့်ကြည့် အုပ်ထိန်းမှုအောက်တွင်သာ ထားရှိခဲ့ရာ ဘရစ်တ်နီ စပီးယားစ်မှ စောင့်ကြည့်မှုအောက်တွင် ၁၃ နှစ်ကြာ နေထိုင်ခဲ့ရသည်။
တရားရုံး၏ အမိန့်အရ စောင့်ကြည့်အုပ်ထိန်းမှုကို ဘရစ်တ်နီ စပီးယားစ်၏ ဖခင် ဂျေးမီ စပီးယားစ်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလသို့ ရောက်ချိန်တွင်မှသာ တရားသူကြီးတစ်ဦးက စောင့်ကြည့်အုပ်ထိန်းမှုကို အဆုံးသတ်ရန် အမိန့်ချပေးခဲ့သည်။
အထက်ပါ ဖြစ်ရပ်အားလုံးနှင့် စောင့်ကြည့်အုပ်ထိန်းမှုအောက်တွင် နေထိုင်ခဲ့ရသည့်ကာလများအကြောင်းမှာ ဘရစ်တ်နီ စပီးယား၏ ထွက်ရှိလာတော့မည့် The Woman in Me စာအုပ်တွင် ပါဝင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
အဆိုပါစာအုပ်ကို အောက်တိုဘာ ၂၄ ရက်တွင် ဖြန့်ချိသွားရန် စီစဉ်ထားသည်။
(တချိန်က လော့စ်အိန်ဂျလိတွင် အန္တရာယ်အကြီးဆုံးကားဟု ခေါ်ဝေါ်ခြင်းခံခဲ့ရသော ဘရစ်တ်နီ စပီးယားစ်၏ Mercedes-Benz CLK350 )
(ဘရစ်တ်နီ စပီးယားစ်သည် ၂၀၀၇ ခုနှစ်အတွင်း ဤကားဖြင့် သွားလာရာတွင် သတင်းမုဆိုးတို့ရန်မှလွတ်ရန် မီးနီများ ဖြတ်မောင်းခြင်း၊ ယာဉ်တိုက်မှု အသေးစားများဖြစ်ခြင်း၊ သတင်းထောက်တစ်ဦးကို ထီးတစ်ချောင်းဖြင့် တိုက်ခိုက်ခြင်းတို့ ဖြစ်ပွားခဲ့ကာ ဟိုးလေးတကြော်ဖြစ်ခဲ့ဖူးသည်။)
(၂၀၁၁ ခုနှစ်ကတည်းက အီလီနွိုက်စ်ပြည်နယ်ရှိ Volo ကားပြတိုက်တွင် ပြသထားခဲ့ပြီး ယခုအခါ အရောင်းဈေးကွက်ဝင်လာခြင်းလည်း ဖြစ်သည်။)
(ဤကားသည် ဘရစ်တ်နီ စပီးယားစ် စီးခဲ့သောကားဖြစ်ခြင်းအပြင် ‘သမိုင်းတလျှောက် ဓာတ်ပုံအရိုက်ခံရဆုံး မော်တော်ကား’ အဖြစ်လည်း ကျော်ကြားသည်။)
(ဘရစ်တ်နီ စပီးယားစ်သည် လွန်ခဲ့သော ၁၆ နှစ်က ဤကားဖြင့် ညနက်ပိုင်းများတွင် ကြမ်းကြမ်းရမ်းရမ်း အပျော်မောင်းခဲ့လေ့ရှိပြီး သူ၏ကားမှာ ကားပိုင်ရှင်နီးပါး နာမည်ကျော်ခဲ့သည်။)
(ဆက်စပ်သတင်းများ)
တစ်လလျှင် အသုံးစရိတ် ဒေါ်လာ ၂၀၀၀ သာရခဲ့သော ဘရစ်တ်နီ စပီးယားစ်က ကယ်လီဖိုးနီးယားမှ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း အရှုံးခံကာ တိတ်တဆိတ် ရောင်းချ
https://www.imyanmarhouse.com/news/read/1058080
ဘရစ်တ်နီ စပီးယား မနေရဲသောစံအိမ်၊ ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့သည့် သရဲခြောက်သော စံအိမ်ကြီး
https://www.imyanmarhouse.com/news/read/1020037
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Britney Spears' 'Most Dangerous Car in LA' up for $70,000 (dailymail)