• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်လက်ထက်က သမ္မတစီးရန် အထူးထုတ်လုပ်ခဲ့သော ၃ လက်မ ကျည်ကာမှန်၊ Run-flat တာယာတို့ပါသည့် Limo တစ်စင်း လေလံတင်ရောင်းချရန် စီစဉ်လာ

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်လက်ထက်က သမ္မတစီးရန် အထူးထုတ်လုပ်ခဲ့သော ၃ လက်မ ကျည်ကာမှန်၊ Run-flat တာယာတို့ပါသည့် Limo တစ်စင်း လေလံတင်ရောင်းချရန် စီစဉ်လာ

  • 683 views

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်စီးခဲ့သော ၁၉၉၆ မော်ဒယ် Cadillac Fleetwood Brougham Presidental Limousine အတွက် သမိုင်းဝင်အချိန်ကာလတစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည်။

အဆိုပါ Limo ကို သီးသန့်ပါတီပွဲတစ်ခုတွင် ရောင်းချရန် စီစဉ်ထားသည်။
သမ္မတစီးသော fully armored Limo ကို ယခင်က အများပြည်သူသို့ တစ်ကြိမ်မျှ ထုတ်ရောင်းခဲ့ဖူးခြင်း မရှိချေ။

ထို့ကြောင့် ထူးခြားလှသော အခွင့်အရေးကို ဖမ်းဆုပ်လိုသူများစွာ ရှိနေမည်ဟု ခန့်မှန်းရသည်။

ဖလော်ရီဒါပြည်နယ်၊ Kissimmee မြို့တွင် ဇန်နဝါရီလ ၁၈ ရက်တွင် ကျင်းပမည့် ၂၀၂၅ Mecum Kissimmee လေလံပွဲကြီးတွင် ရောင်းချပေးမည်ဟု ဆိုသည်။

အဆိုပါ လေလံပွဲတွင် ဂန္ထဝင်ကားပေါင်း အစင်းရေ ၄၅၀၀ ကို လေလံတင်ရန် စီစဉ်ထားပြီး ဝင်ကြေးမှာ တစ်ရက်လျှင် ဒေါ်လာ ၃၀၊ ၃ ရက်တာအတွက် ၇၅ ဒေါ်လာ သတ်မှတ်ထားသည်။

(ဓာတ်ပုံ-Mecum Auction)

 

စိတ်ဝင်စားစရာ များစွာ ဖြစ်ပေါ်ခဲ့ဖူးသော သမ္မတစီးခဲ့သည့် Limo ၏ နောက်ခုံတွင် လိုက်ပါစီးနင်းရမည်ကို မှန်းဆမြင်ယောင်ကြည့်လိုက်ပါ။

ကံကောင်းသော ပိုင်ရှင်သစ်အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီးစီးခဲ့ဖူးသော ထိုင်ခုံနေရာတွင် စီးခွင့်ရလာမည် ဖြစ်သည်။

ဤကားသည် အလုံးအရင်းထုတ်လုပ်ထားသည့် သာမန်ကားအမျိုးအစား မဟုတ်။

ဘီလ်ကလင်တန် စီးရန် ၁၉၉၆ ခုနှစ်က fully armored Presidential Limousine ၃ စင်းတည်းသာ ထုတ်လုပ်ခဲ့သည့်အနက် တစ်စင်းဖြစ်သည်။

လုံခြုံရေးအလွန်အဆင့်မြှင့်ထားသော ယခုကား၏ တန်ကြေးမှာ ကန်ဒေါ်လာ ၆,၀၀၀,၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရသည်။

ကား၏ odometer တွင် ၆၂၇ မိုင်သာ ရှိရာ ဤကားကို များစွာအသုံးပြုဖြစ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယခု Limo တွင် သုံးထားသော armoring များအနက် ၃ လက်မထူသော ကျည်ကာမှန်လည်း ပါသည်။

ကားတစ်စင်းလုံးကို B6-blast-proofing standard အဆင့် ထုတ်လုပ်ထားသည်။
Emergency light များနှင့် siren တို့လည်း ထည့်ထားသည်။

Run-flat တာယာများသုံးထားသည့်အပြင် ကားထဲတွင် အောက်ဆီဂျင်နှင့် fire suppression စနစ်တို့ ထည့်ပေးထားသည်။

454ci V9 အင်ဂျင်မှာ Jack Roush ၏ hand-built ဖြစ်သည်။

(ဓာတ်ပုံ-Mecum Auction)

ကား၏ အလျားမှာ ၂၇၀ လက်မ (သို့မဟုတ်) ၂၂ ပေ ၅ လက်မ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Bill Clinton’s Presidential Limo Is Up For Grabs
Photo Credit- Mecum Auction