Great Wall Motor က Haval H7 ကို ပြည်ပဈေးကွက်တွင် ဇန်နဝါရီ ၁၅ ရက်၌ စတင်ဖြန့်ချိမည်

  • 308 views


Great Wall Motor (GWM) သည်  Haval H7 ကို လာမည့် ဇန်နဝါရီ ၁၅ ရက်တွင် တောင်အာဖရိက ဈေးကွက်၌ စတင် ဖြန့်ချိမည် ဖြစ်သည်။

နောက်ပိုင်းတွင် အခြားသော နိုင်ငံတကာဈေးကွက်များသို့ ဖြည်းဖြည်းချင်း တိုးချဲ့ ဖြန့်ချိသွားရန် စီစဉ်ထားသည်။

တရုတ်ပြည်တွင်းသုုံး Haval H7 လည်းရှိပြီး ပြည်ပဈေးကွက်သို့ တင်ပို့သော မော်ဒယ်နှင့် မတူညီချေ။

ယခုဖြန့်ချိမည့်ကားသည် တရုတ်ပြည်တွင်းတွင် ရောင်းချသော Haval ၏ 2nd Gen ဖြစ်သည့် Big Dog ကို ပြည်ပဈေးကွက်အတွက် ထုတ်လုပ်ထားသည့် rebranded model ဖြစ်သည်။

(Haval ၏ 2nd Gen ဖြစ်သည့် Big Dog ဓာတ်ဆီ မျိုးကွဲ)

 

(Haval ၏ 2nd Gen ဖြစ်သည့် Big Dog ဓာတ်ဆီ မျိုးကွဲ)

 

(Haval ၏ 2nd Gen ဖြစ်သည့် Big Dog PHEV Variant )

(Haval ၏ 2nd Gen ဖြစ်သည့် Big Dog PHEV Variant )

 

တရုတ်ပြည်တွင်း ဈေးကွက်တွင် Haval ၏ 2nd Gen ဖြစ်သည့် Big Dog ဓာတ်ဆီမျိုးကွဲ၏ ဈေးတန်းမှာ ယွမ် ၁၃၅၈၀၀ မှ ၁၅၆၈၀၀ ကြား (ကန်ဒေါ်လာ ၁၈၅၀၀ မှ ၂၁၄၀၀ ကြား) ရှိသည်။

PHEV Variant မှာမူ ဈေးတန်း ယွမ် ၁၆၂၈၀၀ မှ ၁၇၉၈၀၀ ကြား (ကန်ဒေါ်လာ ၂၂၂၀၀ မှ ၂၄၅၀၀ ကြား ရှိသည်။)

(Haval H7) 

 

Haval H7 ၏ ပုံပန်းသွင်ပြင်မှာ ပြည်တွင်းဗားရှင်းနှင့် အတော်တူသည်။
ရှေ့မျက်နှာစာတွင် ရှေ့မီးဝိုင်းကြီးများနှင့် ဗဟုဂံပုံ grille ရှိပြီး အလယ်ဗဟိုတွင် HAVAL လိုဂိုရှိသည်။

(Haval H7)

 

အမိုးတွင် Luggage rack ပါသည်။

Haval H7  ၏ အရွယ်အစားကို တရားဝင် ထုတ်ဖော်ကြေညာထားခြင်း မရှိသေး။
Referance အနေဖြင့် ကြည့်မည်ဆိုလျှင် Haval 2nd gen Big Dog ၏ dimension မှာ 4705/1908/1780 mm ဖြစ်ပြီး Wheelbase မှာ 2180 mm ဖြစ်သည်။

Power အနေဖြင့် Haval H7 တွင် 1.5T (သို့မဟုတ်) 2.0T ဓာတ်ဆီအင်ဂျင်နှင့် 1.5T Plug-in hybrid စနစ် သုံးဖွယ်ရာရှိသည်ဟု ခန့်မှန်းရသည်။

လက်ရှိအချိန်အထိမူ power parameter များနှင့် စပ်လျဉ်းပြီး တရားဝင်ထုတ်ပြန်ခြင်း မရှိသေး။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: GWM’s Haval H7 for overseas market will launch on January 15 in South Africa