- ပင်မစာမျက်နှာ
- ကားသတင်းများ
- သြစတေးလျဘီလျံနာကြီးက McLaren Senna ပြိုင်ကားကို မိုးမျှော်တိုက်ကြီးရှိ ၅၇ ထပ်မြောက် Penthouse ခန်းအထိ ကရိန်းနှင့်တင်ကာ ဧည့်ခန်းတွင် အလှပြထား
သြစတေးလျဘီလျံနာကြီးက McLaren Senna ပြိုင်ကားကို မိုးမျှော်တိုက်ကြီးရှိ ၅၇ ထပ်မြောက် Penthouse ခန်းအထိ ကရိန်းနှင့်တင်ကာ ဧည့်ခန်းတွင် အလှပြထား
- 740 views
McLaren Senna GTR ပြိုင်ကားကို ၅၇ ထပ်ရှိ Penthouse ခန်းအထိ ကရိန်းဖြင့်တင်ခဲ့သောကြောင့် နာမည်ကြီးခဲ့ဖူးသော ဘီလျံနာသူဌေးကြီး ယခုအခါ Koenigsegg Jesko တစ်စင်းကို ထပ်မံ ဝယ်ယူလိုက်သည်။
သြစတေးလျ သူဌေးကြီး အေဒရီယန် ပေါ်တဲလီ ( Adrian Portelli) သည် ကားဝါသနာအိုးတစ်ဦးဖြစ်ပြီး မဲလ်ဘုန်းမြို့ရှိ Penthouse ခန်းတွင် McLaren Senna ကို အလှပြထားလိုသည်။
(McLaren Senna GTR ပြိုင်ကားကို ၅၇ ထပ်ရှိ Penthouse ခန်းတွင် တွေ့ရပုံ)
ထို့ကြောင့် အထပ် ၆၀ နီးပါးမြင့်သော သူ၏ Penthouse ခန်းရှိရာသို့ McLaren Senna ကို ကရိန်းဖြင့် တင်ခဲ့သည်။
ယခုအခါ ပေါ်တဲလီက ဒေါ်လာ ၃ သန်းတန် Koenigsegg Jesko ထပ်မံ ဝယ်ယူလိုက်ပြန်သည်။
ပေါ်တဲလီက ပြောသည်မှာ McLaren Senna သည် လမ်းပေါ်တွင် မောင်းနှင်နိုင်သော road-legal ကားတစ်စင်း မဟုတ်သောကြောင့် နေအိမ်ဧည့်ခန်းတွင် အလှပြထားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
(ဓာတ်ပုံ- Koenigsegg Jesko)
“ဒီကားက စက်ရုံတစ်ခုမှာ ရှိနေခဲ့တာပါ။ ဒီကားကို အများပြည်သူသုံး လမ်းတွေပေါ်မှာ မောင်းခွင့် မရှိပါဘူး။ ဒါကြောင့် ကျွန်တော့်အခန်းဆီကို ကရိန်းနဲ့တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက အနုပညာ လက်ရာတစ်ခုပါပဲ”ဟု ၎င်းက 9 News သတင်းဌာနသို့ ပြောသည်။
ဧည့်ခန်းတွင် လူကြိုက်များသော တန်ဖိုးကြီး ကားတစ်စင်း ထားရှိပြီးသည့်တိုင် မကျေနပ်နိုင်သေးသည့် ပေါ်တဲလီက Koenigsegg Jesko တစ်စင်း ထပ်မံ ဖြည့်တင်းရန် စီစဉ်နေသည်။
Egg Registry ၏ ဖော်ပြချက်အရ ပေါ်တဲလီသည် Chassis number 7361 ဖြင့် လက်ယာမောင်း Jesko Attack တစ်စင်း မှာယူထားသည်။
ပေါ်တဲလီ၏ ယခုမှာယူထားသော ကားအပါအဝင် သြစတေးလျတစ်နိုင်ငံလုံးတွင် Koenigsegg Jesko ၂ စင်းတည်းသာ ရှိသည်။
ကားကိုယ်ထည်ကို ကာဗွန်ဖိုက်ဘာဖြင့် ပြုလုပ်ထားပြီး ကားရှေ့ပိုင်း Front splitter တွင် ရွှေသစ်ခက်တစ်ခု ရှိသည်။
ရွှေသစ်ခက်တွင် Koenigsegg Jesko ၏ Ghost လိုဂို ပါသည်။
(ဓာတ်ပုံ- Koenigsegg Jesko)
5.0 litre twin-turbo V8 အင်ဂျင် တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၂၈၀ အား ထွက်သည်။
E85 ဇီဝလောင်စာသုံးပါက 1600hp အထိ ထွက်သည်။
McLearn Senna နှင့် မတူသည့်အချက်မှာ Koenigsegg Jesko သည် road-legal ဖြစ်သောကြောင့် ပေါ်တဲလီအနေဖြင့် ဤကားကို အလှပြမထားဘဲ ကိုယ်တိုင်စီးဖွယ်ရာရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Australian billionaire who airlifted McLaren Senna into his penthouse is now getting a $3M Koenigsegg Jesko
Photo Credit- Koenigsegg Jesko