Lexus ရဲ့ ဈေးအကြီးဆုံး SUV : ၂၀၂၅ မော်ဒယ် LX 700h Hybrid ထွက်လာပြီ

  • 558 views

Lexus သည် ၎င်း၏ full-size portfolio စာရင်းတွင် hybrid variant တစ်မျိုးကို ထပ်မံဖြည့်သွင်းလာသည်။

4th gen Lexus LX ကို ရောင်းချပေးနေသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး Customer တို့မှာ ပိုမို ပါဝါကောင်းသည့်အရာကို မျှော်လင့်နေကြရာ ယခုအခါ လျှပ်စစ်ဖြင့် မောင်းနိုင်သည့် option ရလာမည် ဖြစ်သည်။

2025 Lexus LX 700h မှာ ဈေးတန်း ဒေါ်လာ ၁၁၅,၀၀၀ စွန်းစွန်းမှ စသည်။
ထိုဈေးမှာ Premium trim ဖြစ်သော non-hybrid LX 600 ထက် ဈေးများနေသည်။
LX 600 မှာ ဈေးနှုန်း ကန်ဒေါ်လာ ၁၀၆၈၅၀ မှ စသည်။

Entry-level မှ စကြည့်မည်ဆိုလျှင် LX 700h သည် LX 600 ၏ 3.4-liter twin-turbocharged V6 အင်ဂျင်ကိုပင် ပြန်သုံးထားပြီး nickel-metal hydride ဘက်ထရီနှင့် ပေါင်းစပ်ထားသည်။

ပိုမိုကောင်းမွန်သည့်အချက်မှာ အခြားသော hybrid အများစုကဲ့သို့ CVT ကို မသုံးဘဲ 10-speed automatic transmission ကို သုံးထားခြင်း ဖြစ်သည်။

2025 Lexus LX 700h

ဘက်ထရီ ပါဝင်လာခြင်းကြောင့် LX 700h မှာ Power ပိုကောင်းလာပြီး combined output မှာ 457 hp အထိ ရှိလာကာ ရုန်းအား 483 lb-ft ရှိလာသည်။

နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် non-hybrid LX မှာ 409 hp သာရှိသည်။
Bonus အားသာချက်အနေဖြင့် hybrid ၏ ဆီစားနှုန်းမှာ LX 600 အောက် အနည်းငယ်ပိုမို သက်သာလာသည်။

၂၀၂၅ LX မော်ဒယ်တိုင်းတွင် adative variable suspension, multi-terrain drive mode များ၊ underfloor ကင်မရာများ၊ electric ပါဝါ စတီယာရင်၊ low range တွင် crawl control နှင့် downhill assist တို့ ပါသည်။

၂၀၂၅ မော်ဒယ် Ultra Luxury trim မှာ hybrid only ဖြစ်ပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၄၁,၄၅၀ မှ စသည်။

2025 Lexus LX 700h

LX မော်ဒယ်အားလုံးတွင် Lexus Safety System+ 3.0 ကို သုံးထားပြီး လမ်းသွားလမ်းလာများကို ထောက်လှမ်းပေးသော pre-collision alert ၊ lane-keep assist ၊ traffic sign recognition အစရှိသည်တို့ ပါဝင်သည်။

ယခုမော်ဒယ်မှာ alternator နှင့် starter နှစ်ခုလုံးကို အသုံးပြုထားသည့် ပထမဆုံး hybrid system ဖြစ်ကြောင်း Lexus က ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Lexus' most expensive SUV yet: The 2025 LX 700h hybrid arrives