- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၄ မော်ဒယ် Toyota Yaris ZR Hybrid ကို လေ့လာခြင်း
၂၀၂၄ မော်ဒယ် Toyota Yaris ZR Hybrid ကို လေ့လာခြင်း
- 469 views
Toyota Yaris Hybrid သည် ဆီစားအသက်သာဆုံး ကားများထဲတွင် ပါဝင်သည်။
သို့သော် မြို့တွင်းသွား hatch တစ်စင်းအတွက် ဈေးအတော်များသည်ဟု ဆိုနိုင်သည်။
Drive တွင် Expert rating 7.5 ရထားသည်။
ရီဗြူးအတွက် စမ်းသပ်ခဲ့သော မော်ဒယ်မှာ 2023 Toyota Yaris ZR Hybrid Hatchback ဖြစ်ပြီး ဈေးတန်းမှာ ဒေါ်လာ ၃၃၀၀၀ စွန်းစွန်းဖြစ်သည်။
(အားသာချက်များ)
● Hybrid စနစ်မှာ အလွန်ညက်ခြင်း
● ဆီစား အလွန်သက်သာခြင်း
● ချိုင့်ကျင်းများကို သက်တောင့်သက်သာဖြတ်နိုင်ခြင်း
(အားနည်းချက်များ)
● မြို့တွင်းစီး ကားတစ်စင်းအတွက် အတော်များသည့် ဈေးတန်းဖြစ်ခြင်း
● Infotainment နည်းပညာမှာ competitor များနှင့် မယှဉ်နိုင်ခြင်း
● အတွင်းပိုင်းမှာ ဈေးပေါသည်ဟု ခံစားရပြီး နောက်ခုံနေရာ ကျဉ်းကျပ်ခြင်း
Toyota Yaris ကို ၂၀၂၀ ပြည့်နှစ်တွင် ဖြန့်ချိခဲ့စဉ်က ပထမမော်ဒယ်ထက် ဒေါ်လာ ၉၀၀၀ ခန့် ဈေးများနေသည်။
ထိုအချိန်က Toyota က ပြောခဲ့သည်မှာ ဈေးနှုန်းအလွန်မြင့်တက်သွားမှုကို customer တို့က လက်ခံကြကြောင်း ပြောခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ်အတွင်းဩစတြေးလျနိုင်ငံတွင် အစင်းရေ ၂၀၉၈ သာရောင်းချခဲ့ရရာ ယခင်ရောင်းအားအောက် များစွာ ကျဆင်းသွားသည်။
၂၀၁၉ ခုနှစ်အတွင်းက အစင်းရေ ၁၀၀၀၀၊ ၂၀၁၆ ခုနှစ်က အစင်းရေ ၁၂၀၀၀ ရောင်းချခဲ့ရသည်။
မြို့တွင်းစီး hatchback ဖြစ်သော Toyota Yaris တို့ရောင်းအားမှာ ၂၀၁၉ ရောင်းအားအောက် ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။
ထိုအခြေအနေတွင် သြစတေးလျ၌ တရုတ်ပြည်ထုတ် MG 3 တို့မှာ ဈေးနှုန်း ဒေါ်လာ ၂၀၀၀၀ အောက်ဖြင့် အသင့်စီးရုံ ရနိုင်ရာ MG 3 ၏ ရောင်းအားမှာ Toyota Yaris ထက် ၄ ဆနီးပါးရှိနေသည်။
သို့အတွက် သြစတေးလျတွင် တန်ဖိုးနည်းကားတို့ ဝယ်လိုအားကောင်းနေဆဲဖြစ်ကြောင်း သိရသည်။
Toyota Yaris ကို ဓာတ်ဆီ (သို့မဟုတ်) hybrid ဖြင့် ရနိုင်သည်။ သို့သော် ၂၀၂၀ နောက်ပိုင်းကတည်းက မည်သည့် update မှ မရှိချေ။
ဒီဇိုင်းပိုင်းနှင့် နည်းပညာပိုင်း မဆိုစလောက်သာ update လုပ်ထားသော်လည်း ဈေးနှုန်း ဒေါ်လာ ၁၀၀၀ ခန့် ပိုများလာသည်။
((ဈေးတန်းများ))
Toyota Yaris ၏ lineup တွင် variant ၅ မျိုး လာသည်။
Ascent Sport ဓာတ်ဆီ၊ SX တွင် ဓာတ်ဆီနှင့် Hybrid ၊ ZR တွင် ဓာတ်ဆီနှင့် Hybrid ဟူ၍ ဖြစ်သည်။
Competitor များကို ကြည့်မည်ဆိုလျှင် VW Polo Style (၃၂၅၄၀ ဒေါ်လာ)၊ Mazda 2 G15 GT hatch (၂၈၀၇၀ ဒေါ်လာ)၊ Skoda Fabia Monte Carlo (၃၈၉၉၀ ဒေါ်လာ) နှင့် Suzuki Swift Sport (၃၁၉၉၀ ဒေါ်လာ) တို့ရှိသည်။
ZR Grade တွင် ၁၆ လက်မ အလွိုင်း၊ rear spoiler ၊ head-up display၊ blind-spot monitoring ၊ ကားနောက်ဘက် ကြည့်ရှုပေးသည့် Rear cross-traffic alert တို့ ပါဝင်ပြီး အတွင်းပိုင်းတွင် အနက်နှင့် အနီရောင်တို့ သုံးထားသည်။
အတွင်းပိုင်းမှာ competitor များဖြစ်သော Volkswagen Polo နှင့် Skoda Fabia တို့လောက် သားနားမှု မရှိ။
ဈေးသက်သာသော မော်ဒယ်များတွင်လည်း LED ရှေ့မီးကြီးများ၊ digital instrument display၊ လည်သာအုပ် စတီယာရင်၊ Keyless entry and start ပြုလုပ်နိုင်မှု၊ Apple CarPlay-Android Auto နှင့် Satellite Navigation တို့ support ပေးထားသော 7.0 inch touchscreen ၊ စပီကာ ၆ လုံး၊ အရေးပေါ် autonomous braking ၊ lane-centring assist တို့ ပါသည်။
((2024 Toyota Yaris ZR Hybrid အချက်အလက်များ))
ဈေးနှုန်း- ကန်ဒေါ်လာ ၃၃၂၆၀
စမ်းသပ်သည့် ကားအရောင်-Bronx Bronze with black roof
Competitor များ- Volkswagen Polo ၊ Suzuki Swift ၊ Mazda 2
ထိုင်ခုံ- 5
Toyota Yaris ၏ dimension မှာ 3940, 1695, 1505 mm ဖြစ်ပြီး wheelbase မှာ 2550 mm ဖြစ်သည်။
2024 Toyota Yaris ZR Hybrid ကို warranty 5 years ပေးထားပြီး unlimited km ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 2024 Toyota Yaris ZR Hybrid review