- ပင်မစာမျက်နှာ
- ကားသတင်းများ
- စင်ကာပူမှ ဇနီးမောင်နှံက လစာကောင်းသောအလုပ်များမှ နှုတ်ထွက်ကာ အသက် ၄ နှစ်အရွယ် သမီးငယ်နှင့်အတူ Land Rover Defender တစ်စင်းဖြင့် စင်ကာပူမှ နော်ဝေအထိ ခရီးထွက်နေပုံ
စင်ကာပူမှ ဇနီးမောင်နှံက လစာကောင်းသောအလုပ်များမှ နှုတ်ထွက်ကာ အသက် ၄ နှစ်အရွယ် သမီးငယ်နှင့်အတူ Land Rover Defender တစ်စင်းဖြင့် စင်ကာပူမှ နော်ဝေအထိ ခရီးထွက်နေပုံ
- 705 views
ရီတစ်ရှ် အန်ဂူရာ (Ritesh Angural) နှင့် ဇနီးဖြစ်သူ နီရှာ ဟာရီ ဆင်း (Nisha Hari Singh) တို့၏ ကမ္ဘာပတ်ရန် အိပ်မက်မှာ လက်တွေ့အကောင်အထည်ပေါ်လာသည်။
၂၀၀၂ မော်ဒယ် Land Rover Defender ကားကြီးဖြင့် ကမ္ဘာပတ်ခရီးထွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ဝင်ပေါက်သို့ ရောက်တိုင်း မျက်ဝန်းနက်နက်နှင့်သမီးငယ်လေး အာရီရှာ (Arisha) က “ဒီမှာ …နှင်းတွေ မြင်ရမှာလား” ဟု မေးလေ့ရှိသည်။
ရီတစ်ရှ်တို့ မိသားစု၏ စင်ကာပူမှ နော်ဝေသို့ခရီးမှာ နိုင်ငံပေါင်း ၆ နိုင်ငံကို ဖြတ်သန်းကာ ကီလိုမီတာပေါင်း ၃၂၀၀၀ အထိ ကုန်းလမ်းမှ သွားလာသည့် ခရီးစဉ် ဖြစ်သည်။
၂၀၀၂ မော်ဒယ် Land Rover Defender ကို ယခင်ပိုင်ဆိုင်ခဲ့သူမှာ ဒူးရင်းသီး ခူးဆွတ်သူအဖြစ် လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ကားကို ဒူးရင်းသီးဟု ချစ်စနိုးအမည်ပေးခဲ့သည်။
အဆိုပါ ဒူးရင်းသီးကားမှာ ရီတစ်ရှ်တို့မိသားစု၏ ကားအိမ်ဖြစ်လာသည်။
၄ လတာကြာမြင့်သည့် ကုန်းလမ်းခရီးရှည်ကြီးမှာ သမီးငယ် အာရီရှာ၏ ဇွန်လတွင် ကျရောက်သော ၄ နှစ်ပြည့် မွေးနေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။
မွန်ဂိုလီးယားနိုင်ငံသို့ ဖြတ်သန်းစဉ် မြို့တော် အူလန်ဘာတာတွင် တစ်ရက်နေထိုင်ခဲ့ပြီး နှင်းများနှင့် စတင်ရင်ဆိုင်ရသည်။
ရီတစ်ရှ်တို့ မိသားစု မွန်ဂိုလီးယားနိုင်ငံကို ၄၂ ရက်ကြာ ဖြတ်သန်းခဲ့ရသည်။
သမီးငယ်လေး အာရီရှာ၏ မွေးနေ့ကို မွန်ဂိုလီးယားရှိ နေအိမ်တစ်ခုတွင် ဒေသခံများနှင့်အတူ ကျင်းပခဲ့သေးသည်။
ဒေသခံတို့က အာရီရှာအား ရိုးရာသင်တိုင်းတစ်ခု လက်ဆောင်ပေးခဲ့သည်။
မွန်ဂိုလီးယားကျေးလက်ဒေသတွင် ရီတစ်ရှ်တို့မိသားစု ကားပြင်ရင်း ဒေသခံများနှင့် မိတ်ဆွေဖြစ်ခဲ့ကြသည်။
ဖေဖော်ဝါရီလကတည်းက ခရီးထွက်ခဲ့သော ရီတစ်ရှ်တို့ မိသားစုသည် နိုင်ငံပေါင်း ၁၇ နိုင်ငံကို ဖြတ်ကျော်ကာ ကီလိုမီတာ ၃၂၀၀၀ ကျော် ခရီးသွားခဲ့ကြပြီး ဖြစ်သည်။
အပူချိန်အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရရာ တူရကီနိုင်ငံ၊ Cappadocia တွင် အနှုတ် ၄ ဒီဂရီစင်တီဂရိတ်အထိ အေးစက်လွန်းသော ရာသီဥတုနှင့်လည်းကောင်း၊ လာအိုနိုင်ငံ Don Det တွင် အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ်အထိ ပူပြင်းလှသော အခြေအနေနှင့်လည်းကောင်း ရင်ဆိုင်ခဲ့ရသည်။
ရီတစ်ရှ်တို့မိသားစုက ၎င်းတို့၏ ခရီးစဉ်အကြောင်းကို ၎င်းတို့၏ အင်စတာဂရမ်စာမျက်နှာ @sabbatical.living တွင် ဖော်ပြခဲ့သည်။
စင်ကာပူမှ စတင်ထွက်ခွာခဲ့ချိန်မှစပြီး ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန် အစရှိသော နိုင်ငံများကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။
အာဖဂန်နစ္စတန်တွင် ဗဟိုအာရှရှိ အံ့မခန်းတောင်တန်းများ၏ ရင်သပ်ရှုမောဖွယ်အလှက ရီတစ်ရှ်တို့ မိသားစုကို ဖမ်းစားခဲ့သည်။
ရီတစ်ရှ်တို့၏ ခရီးရှည်ကြီးမှာ ဥရောပကုန်းမကြီး၏ မြောက်ဖျားစွန်း နော်ဝေနိုင်ငံ၊ North Cape တွင် အဆုံးသတ်ရန် စီစဉ်ထားသည်။
ရီတစ်ရှ်က ကာဇက်စတန်တွင် ဆုံစည်းခဲ့ရသော ရုစတန်အမည်ရှိ ကားပြင်ဆရာတစ်ဦးကို မည်သည့်အခါမှ မေ့နိုင်မည်မဟုတ်ကြောင်း ပြောသည်။
ရုစတန်သည် ရီတစ်ရှ်တို့မိသားစုကို သူ၏ ဂိုဒေါင်တွင် တစ်ပတ်နီးပါး အချိန်ယူကာ ကားပြင်ပေးခဲ့သူ ဖြစ်သည်။
ရုစတန်က ရီတစ်ရ်ှတို့ မိသားစုကို ညစာများ ဖိတ်ခေါ်ကျွေးမွေးခဲ့သည်။
ရုစတန်က ၎င်းတို့ ဖမ်းဆီးရရှိသောငါးများ၊ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များဖြင့် ရီတစ်ရှ်တို့ကို ချက်ပြုတ်ကျွေးမွေးခဲ့သည်။
ရီတစ်ရှ်တို့ မိသားစု လမ်းတစ်လျှောက် ကားပြင်ရန်အတွက် လိုအပ်သည့် ကိရိယာတစ်ခုကို ရီတစ်ရှ်တို့ ကာဇက်စတန်မှ ထွက်ခွာသွားချိန်နောက်ပိုင်းတွင်ပင် အရောက်ပို့ဆောင်ပေးခဲ့သေးသည်။
တာဂျစ်ကစ္စတန်နိုင်ငံထဲသို့ ရောက်နေပြီဖြစ်သော ရီတစ်ရှ်တို့ မိသားစုထံ ကားပြင်သည့် ကိရိယာ ပို့ပေးနိုင်မည့် လူကြုံကို ရုစတန်က လေဆိပ်အထိ လိုက်လံစောင့်စားရှာဖွေကာ ပို့ပေးခဲ့ဖူးသည်။
ခရီးသည်တစ်ဦးက ပို့ပေးရန် သဘောတူခဲ့ရာ တာဂျစ်ကစ္စတန်နိုင်ငံ၊ Dushanbe မြို့တော်သို့ ရောက်နေသော ရီတစ်ရှ်တို့ မိသားစုထံ ချောချောမွေ့မွေ့ ရောက်လာခဲ့သည်။
(ရီတစ်ရှ်က ကာဇက်စတန်တွင် ဆုံစည်းခဲ့ရသော ရုစတန်အမည်ရှိ ကားပြင်ဆရာတစ်ဦးကို မည်သည့်အခါမှ မေ့နိုင်မည်မဟုတ်ကြောင်း ပြောသည်။ ဓာတ်ပုံ-RITESH ANGURAL)
(အပြာရောင်ဖြင့် ပြသထားသည်မှာ ရီတစ်ရှ်တို့မိသားစု ဖြတ်သန်းခဲ့ပြီးဖြစ်သည့် ခရီးလမ်းကြောင်းဖြစ်ပြီး ခဲရောင်ဖြင့် ပြသထားသည်မှာ ဆက်လက်သွားရောက်မည့် လမ်းကြောင်းဖြစ်သည်။)
(ရီတစ်ရှ်တို့ ဇနီးမောင်နှံသည် ၂ နှစ်ခန့် ငွေစုခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မလေးရှားနိုင်ငံမှ Land Rover Defender တစ်စင်းဝယ်ယူခဲ့ပြီးနောက် ကားအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့သည်။ ဓာတ်ပုံ-Haren Khatau)
ရီတစ်ရှ်တို့ ဇနီးမောင်နှံသည် ကမ္ဘာကြီးကို ကြည့်ရှုခံစားရန်အတွက် စင်ကာပူရှိ အလုပ်များကို ကျောခိုင်းခဲ့ကြသည်။
“နောင် ၁၀ နှစ်အတွင်း မလုပ်ဖြစ်ရင် နောင်တရမယ့် အကြောင်းရပ် ၅ ခုကို ကျွန်မတို့ နှစ်ယောက် ချရေးခဲ့ကြတယ်။ အဲဒီမှာ ကမ္ဘာတစ်ပတ် ခရီးထွက်ဖို့ဆိုတဲ့ကိစ္စက နှစ်ယောက်လုံးရဲ့ စာရင်းမှာ ပါနေပါတယ်” ဟု ဇနီးဖြစ်သူ နီရှာက ပြောသည်။
နီရှာသည် user-experience (UX) ဒီဇိုင်နာအဖြစ် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ခရီးထွက်ရန် အလုပ်ထွက်ခဲ့သည်။
ရီတစ်ရှ်တို့ ဇနီးမောင်နှံသည် ကားဝယ်ရန်အတွက် မွမ်းမံရန် ဒေါ်လာ ၉၀၀၀၀ ခန့် သုံးစွဲခဲ့ရပြီး လမ်းခရီးတစ်လျှောက် သုံးစွဲရန်အတွက် ဒေါ်လာ ၆၀၀၀၀ ခန့် ချန်ထားသည်။
(မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့တော်တွင် နှင်းများကို ပထမဆုံး စတွေ့ခဲ့ရသည်။ ဓာတ်ပုံ-RITESH ANGURAL)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: How one family travelled from Singapore to Norway in their Land Rover Defender and the life-changing realization that followed
Photo Credit- RITESH ANGURAL, Haren Khatau