• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Sony နှင့် Honda တို့ ပူးပေါင်း ထုတ်လုပ်သော အားတစ်ကြိမ်သွင်းထားလျှင်၂၇၅ မိုင် မောင်းနိုင်သည့် လျှပ်စစ် Sedan ကို အမေရိကန်ပြည်ထောင်စုတွင် ဖြန့်ချီရန်စီစဉ်

Sony နှင့် Honda တို့ ပူးပေါင်း ထုတ်လုပ်သော အားတစ်ကြိမ်သွင်းထားလျှင်၂၇၅ မိုင် မောင်းနိုင်သည့် လျှပ်စစ် Sedan ကို အမေရိကန်ပြည်ထောင်စုတွင် ဖြန့်ချီရန်စီစဉ်

  • 463 views

ဂျပန်၏ ထိပ်သီးကုမ္ပဏီကြီး ၂ ခုဖြစ်သော Sony နှင့် Honda တို့သည် လျှပ်စစ်ကားလောကကို တော်လှန်ပြောင်းလဲရန်အတွက် လွန်ခဲ့သော ၂ နှစ်က စတင်ပူးပေါင်းခဲ့ကြသည်။

၎င်းတို့ပူးပေါင်း ထုတ်လုပ်ခဲ့သော Afeela ဟု အမည်ပေးထားသည့် 4 door fastback လျှပ်စစ် ဆလွန်း ထွက်ရှိလာပြီ ဖြစ်သည်။

Afeela တွင် အဆင့်မြင့် နည်းပညာကို လျှပ်စစ်ကား၏ performance နှင့် ပေါင်းစည်းပေးထားသည်။

Sony နှင့် Honda တို့ ၅၀ ရာခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံထုတ်လုပ်ထားခြင်းဖြစ်ပြီး ကုမ္ပဏီ ၂ ခုလုံး၏ အကောင်းဆုံးနည်းပညာများကို ထည့်သွင်းပေးထားသည်။

Afeela လျှပ်စစ်ဆီဒင်တွင် မော်တာ ၂ လုံး တပ်ဆင်ထားပြီး all wheel drive အတွက် ၂၄၁ hp (180 kw) ထုတ်ပေးသည်။

91 kwh ဘက်ထရီသုံးထားပြီး အားတစ်ကြိမ်သွင်းထားလျှင် မိုင် ၂၅၀ မှ ၂၇၅ မိုင်အထိ မောင်းနှင်နိုင်ရာ competitor အနေဖြင့် Tesla ၏ Model 3 ရှိသည်။

Afeela ၏ ထူးခြားချက်မှာ နည်းပညာပိုင်း စွမ်းပကားဖြစ်သည်။

မောင်းသူနှင့် passenger တို့ ဘေးကင်းလုံခြုံမှု အခိုင်အမာပေးနိုင်ရန် ကင်မရာနှင့် sensor ပေါင်း ၄၅ ခုအထိ သုံးထားသည်။

ယာဉ်တိုက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် AI နည်းပညာက ယာဉ်မောင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်ပေးထားသည်။

Qualcomm ထုတ် Snapdragon Digital Chassis က တစ်စက္ကန့်လျှင် လုပ်ဆောင်ချက်ပေါင်း ၈၀၀ ထရီလီယံအထိ ဆောင်ရွက်နိုင်သည့် အံ့မခန်း စွမ်းရည်ရှိသည်။

အဆိုပါနည်းပညာသည် ကား၏ ဘေးကင်းမှုကို တိုးမြင့်စေနိုင်ရုံမျှမက ပိုမိုကောင်းမွန်သော in-car experience ကိုလည်း ရရှိစေမည် ဖြစ်သည်။

Mizuno ၏ ပြောပြချက်အရ Afeela တွင် Epic Games ၏ Unreal Engine ကိုလည်း ထည့်သွင်းပေးထား သည်ဟု ဆိုသည်။

Afeela တွင် အနာဂတ်ဆန်သော design element များအနေဖြင့် သမားရိုးကျ လက်ကိုင်မထားဘဲ ဖုန်းတွင်ရှိသော App မှတဆင့် ကားနှင့်ချိတ်ဆက်ကာ တံခါး အလိုအလျောက်ပွင့်စေသည့် နည်းပညာကို သုံးထားသည်။

ကားထဲသို့ ဝင်လိုက်လျှင် driver နေရာတွင် U ပုံသဏ္ဍာန် စတီယာရင်ကို တွေ့ရမည်ဖြစ်ပြီး ဒစ်ဂျစ်တယ် စနစ်သုံး ဒက်ရှ်ဘုတ်တွင် Dual screen ထည့်သွင်းပေးထားသည်။
နောက်ခုံတွင် လိုက်ပါမည့်သူများအတွက်လည်း ဖျော်ဖြေရေးအတွက် သီးခြား screen များ ပါဝင်ပြီး Sony Entertainment မှ premium content များကို ကြည့်ရှုခွင့်ရမည် ဖြစ်သည်။

User behavior အပေါ်မူတည်ပြီး အစည်းအဝေးအတွက် အတိုဆုံးဖြတ်လမ်း အကြံပေးခြင်းများအပါအဝင် setting များကို adjust လုပ်ဆောင်ပေးသည်။

အပြင်ဘက်မှကြည့်လျှင် ဒစ်ဂျစ်တယ်မှန်များ၊ ၂၁ လက်မ အနက်ရောင် အလွိုင်းတို့ဖြင့် Afeela မှာ Hyundai ၏ Ioniq 6 နှင့် သွင်ပြင်တူသည်။

Afeela ကို ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် စီစဉ်ထားပြီး ၂၀၂၅ ပထမနှစ်ဝက်တွင် pre-order စတင်လက်ခံမည်ဖြစ်ကာ မြောက်အမေရိကသို့  ၂၀၂၆ ခုနှစ် နွေဦးပေါက်တွင် ဖြန့်ချီရန် စီစဉ်ထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Sony-Honda’s 275-mile Electric Sedan Set To Launch In US