- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရုရှားတွင် Mercedes G-Wagon ၏ ပုံစံတူ ကလေးကစားစရာ ကားငယ်ကို ဈေးနှုန်း ဒေါ်လာ ၁၁၀,၀၀၀ အထိ ရောင်းချနေမှု နာမည်ကြီးနေ
ရုရှားတွင် Mercedes G-Wagon ၏ ပုံစံတူ ကလေးကစားစရာ ကားငယ်ကို ဈေးနှုန်း ဒေါ်လာ ၁၁၀,၀၀၀ အထိ ရောင်းချနေမှု နာမည်ကြီးနေ
- 422 views
ရုရှားနိုင်ငံတွင် Mercedes G-Wagon ပုံတူကားငယ်လေးမှာ ကျော်ကြားနေသည်။
ဆယ်ကျော်သက်အရွယ် ကလေးများအနေဖြင့် luxury driving experience ရရှိမည်ဖြစ်သော်လည်း ဈေးနှုန်းမှာ အလွန်တရာများပြားနေပြီး ရူဘယ် ၁၁ သန်း (ကန်ဒေါ်လာ ၁၁၀,၀၀၀) အထိ ပေးရသည်။
အဆိုပါ လျှပ်စစ် SUV ကားငယ်လေးမှာ ကလေးကစားစရာ မော်တော်ကားဖြစ်သော်လည်း full-sized ကား၏ premium feature များအားလုံးပါဝင်နေသောကြောင့် နာမည်ကြီးနေခြင်း ဖြစ်သည်။
အလေးချိန် ၈၀၀ ကီလိုဂရမ်သာရှိသော G-Wagon ကားငယ်လေးသည် ဥပဒေအရ ကားမောင်းခွင့် မရှိသေးသော ဆယ်ကျော်သက်ကလေးငယ်များအတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ကားတွင် parental control feature ပါဝင်ပြီး ကားအမြန်နှုန်းကို ကီလို ၆၀၊ ၄၀၊ ၂၀ အထိ ထိန်းချုပ်ထားနိုင်သည်။
ကားအရွယ်အစားမှာ သေးငယ်ပြီး capacity မှာ limited သာရှိပြီး အရပ် ၁၈၀ စင်တီမီတာအထက်ရှိသူများ ကားထဲသို့ ဝင်နိုင်မည် မဟုတ်ချေ။
Compact SUV တွင် ပါဝင်သော Amazing ဖြစ်ဖွယ် feature များအနက် အချို့ကို ဖော်ပြရလျှင် computer စနစ်သုံး ဒက်ရှ်ဘုတ်၊ ပါကင် sensor များ၊ soundproofing ၊ စတီယာရင် control နှင့် rearview camera တို့ အပါအဝင် ဖြစ်သည်။
အမိုး၊ spoiler နှင့် တံခါးလက်ကိုင်များကို ကာဗွန်ဖိုက်ဘာဖြင့် ပြုလုပ်ထားရာ sporty appearance ရရှိစေသည်။
ထိုင်ခုံများမှာ Sparco sport seat များဖြစ်ပြီး ကားထဲတွင် နောက်ဆုံးပေါ် air suspension system စနစ် ထည့်ပေးထားသည်။
အချို့ကမူ ခမ်းနားလှသော ကလေးကစားစရာဖြစ်သော်လည်း မြင့်မားလှသော ဈေးနှုန်းမှာ ထိုက်တန်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်ကြသည်။
သို့သော် premium component များ ထည့်သွင်းပေးထားသည့်အပြင် အသေးစိတ် အစိတ်အပိုင်းများအထိ ထည့်သွင်းပေးထားသဖြင့် အခြားသော ကလေးကစားစရာများနှင့် တမူကွဲထွက်နေသည်။
ဈေးတန်းကို ကြည့်မည်ဆိုလျှင်မူ အခြားသော ကလေးကစားစရာ luxury ကားများရှိသည်။
Bugatti ထုတ် ဒေါ်လာ ၃၅၀၀၀ တန် ကားမှာ ယခုကားနှင့်ယှဉ်လျှင် များစွာ ဈေးသက်သာသည်ဟု ဆိုနိုင်သည့် အခြေအနေဖြစ်သည်။
Mercedes G-Wagon မီနီကားသည် လူတန်းစားအားလုံးအတွက် သင့်တော်မည်မဟုတ်သော်လည်း မိမိတို့၏ ကလေးများအတွက် ငွေပုံအောသုံးစွဲလိုသော ချမ်းသာသည့် မိသားစုများအဖို့မူ starus symbol တစ်ခုသဖွယ် ဝယ်ယူကြခြင်းလည်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mini G-Wagon For Teens Goes On Sale In Russia For Only $110,000