Tesla က profit-margin မြင့်မားသော ဘက်ထရီ စက်ရုံကြီး တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် ဆောက်လုပ်နေမှု အပြီးသတ်တော့မည်

  • 259 views


အမေရိကန် ကားထုတ်လုပ်သူ Tesla က တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် ဆောက်လုပ်နေသော စက်ရုံကြီးမှာ ယခုနှစ်ကုန်တွင် အပြီးသတ်တော့မည်ဟု Tesla China က ထုတ်ပြန်သည်။

အဆိုပါစက်ရုံကို ယခုနှစ် မေလ ၂၃ ရက်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး Tesla ၏ Megapack ဘက်ထရီများ ထုတ်လုပ်မည့် စက်ရုံဖြစ်သည်။
စက်ရုံဆောက်လုပ်မှု ၇ လတာအတွင်း အပြီးသတ်ဆောက်လုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း အလုံးအရင်း ထုတ်လုပ်မှု စတင်ရန် စီစဉ်ထားသည်။

ကနဦးတွင် နှစ်စဉ်ထုတ်လုပ်မှု ၁၀၀၀၀ unit ထုတ်ရန် မျှော်မှန်းထားသည်။
ထိုပမာဏမှာ energy storage အနေဖြင့် 40 Gwh ဝန်းကျင် ဖြစ်သည်။
စက်ရုံ၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၂၀၀,၀၀၀ အထိ ရှိသည်ဟု ဆိုသည်။

ယခုစက်ရုံသစ်အတွက် ရင်းနှီးမြှုပ်နှံထားသည့်ငွေမှာ ယွမ် ၁ ဒသမ ၄၅ ဘီလီယံ (ကန်ဒေါ်လာ ၂၁၀ ဒသမ ၇၆ သန်းခန့်) ဖြစ်သည်။

အဆိုပါအချက်ကို Lin-gang Special Area of China (shanghai) Pilot Free Trade Zone ၏ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရခြင်း ဖြစ်သည်။

ယခုစက်ရုံအမျိုးအစားသည် Tesla အတွက် အမေရိကန်ပြည်ထောင်စုပြင်ပတွင် ပထမဆုံး စတင်တည်ထောင်ခြင်းလည်း ဖြစ်သည်။

ထို့အပြင် Tesla အတွက် ရှန်ဟိုင်းတွင် ဒုတိယမြောက် တည်ထောင်သည့် စက်ရုံလည်း ဖြစ်သည်။

Tesla သည် ၂၀၂၁ ခုနှစ်အတွင်း ရှန်ဟိုင်းမြို့တွင် gigafactory ကို တည်ထောင်ခဲ့သည်။

Tesla ၏ ဘက်ထရီထုတ်လုပ်မှု လုပ်ငန်းမှာ ကုမ္ပဏီအတွက် အမြတ်အစွန်း တိုးတက်စေသည့် key driver ဖြစ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ တတိယ ၃ လပတ် ကာလအတွင်း ယခုကဏ္ဍမှ ဝင်ငွေမှာ ကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံအထိ ရှိခဲ့ပြီး နှစ်အလိုက်နှိုင်းယှဉ်လျှင် ၅၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

Tesla ၏ ဘက်ထရီလုပ်ငန်းမှာ profit-margin သမိုင်းဝင်အောင် စံချိန်တင်မြင့်မားခဲ့ပြီး ၃၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိခဲ့ကာ ကားထုတ်လုပ်ရေးလုပ်ငန်း၏ profit-margin ကို ဖြတ်ကျော်ခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Tesla's Shanghai megafactory to complete construction by end of the year (thestar)