တန်ဖိုးနည်း EV ကစားပွဲကို Tesla က Model Q ဖြင့် ထိုးဖောက်မည်

  • 476 views

EV လောကကို ဦးဆောင်နေသူ Tesla က လာမည့် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ဒေါ်လာ ၃၀၀၀၀ တန် ကားကို ဖြန့်ချိရန် စီစဉ်ထားကြောင်း အတည်ပြုသည်။

အဆိုပါ ကားမော်ဒယ်ကို Model Q ဟု ယခင်က သိထားခဲ့ကြသည်။

(တန်ဖိုးနည်း EV ဈေးကွက်ကို Model Q ဖြင့် ထိုးဖောက်မည်))

Tesla က လျှပ်စစ်ကား mass-market ကို သိမ်းပိုက်ရန် မဟာဗျူဟာအနေဖြင့် Model Q ကို ထုတ်လုပ်လာခြင်းလည်း ဖြစ်သည်။

Tesla ၏ ယခင်မော်ဒယ်များမှာ premium ကဏ္ဍကိုသာ focus ထားခဲ့သည်။

Tesla သည် ၎င်း၏ အခြားကားမော်ဒယ်များအတွက် တမူထူးသော တီထွင်ဆန်းသစ်မှုများ ပြုလုပ်နေသည့် တချိန်တည်းတွင်ပင် ယခု မော်ဒယ်သစ်ဖြစ်သော Model Q ကို ခြိုးခြံချွေတာသော consumer များအတွက် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အစိုးရ၏ ထောက်ပံ့ကြေးများနှင့်ဆိုလျှင် Model Q ၏ ဈေးနှုန်းမှာ BYD ၏ recommended price ဖြစ်သော ဒေါ်လာ ၃၀၀၀၀ အောက်ဖြင့် ရောင်းချနိုင်ခဲ့သည်။

အစိုးရ ထောက်ပံ့ကြေးများနှင့်ဆိုလျှင် Model Q မှာ competitor များဖြစ်သော Chevy Equinox EV, BYD Dolphin တို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
Model Q သည် Model 3 အောက် အလျား ၁၅ ရာခိုင်နှုန်း ပိုမိုတိုတောင်းပြီး ၃၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါးကာ အသုံးဝင်မှုနှင့် အမြတ်ရနိုင်စွမ်းများ ပိုမိုမြင့်မားလာသည်။

Tesla က လက်ရှိထုတ်လုပ်ရေးလိုင်းများအပေါ်တွင် မှီခိုရန် ရည်မှန်းထားရာ ကုန်ကျစရိတ်လျှော့ချနိုင် မည်ဖြစ်ကာ delivery period ကိုလည်း တိုတောင်းစေမည် ဖြစ်သည်။

Model Q သည် ကားငယ်ဖြစ်သော်လည်း Tesla ၏ hallmark များအားလုံးကို ထိန်းသိမ်းထည့်သွင်းထားမည်ဖြစ်ရာ crowded ဖြစ်နေသော market တွင် ထင်ထင်ရှားရှားဖြစ်နေစေမည် ဖြစ်သည်။

Model Q မှာ Tesla ၏ ဖွံ့ဖြိုးရေး စီမံကိန်းရည်မှန်းချက်နှင့်လည်း ကိုက်ညီသည်။

တရုတ်ပြည်တွင် ထုတ်လုပ်သော Model 3 မှာ ဈေးသက်သာစွာ ဖြန့်ချိနေပြီးဖြစ်သော်လည်း Tesla က ဈေးကွက်ဝေစုပိုမိုရရှိလိုသည့်အပြင် production ကိုလည်း ၂၀ မှ ၃၀ ရာခိုင်နှုန်းကြား တိုးမြှင့်လိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Elon Musk unveils first sub-$30,000 Tesla: It’s futuristic, strange and extremely efficient (riazor)