• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အားတစ်ကြိမ်သွင်းထားလျှင် ၃၁၁ ကီလိုမီတာ မောင်းနိုင်သော BYD Atto 2 ကို ဗြိတိန်တွင် ၂၀၂၅ ခုနှစ် နှစ်စပိုင်းတွင် စတင်ဖြန့်ချီမည်

အားတစ်ကြိမ်သွင်းထားလျှင် ၃၁၁ ကီလိုမီတာ မောင်းနိုင်သော BYD Atto 2 ကို ဗြိတိန်တွင် ၂၀၂၅ ခုနှစ် နှစ်စပိုင်းတွင် စတင်ဖြန့်ချီမည်

  • 311 views


BYD Yuan UP ကို ဗြိတိန်တွင် BYD Atto 2 ဟူသောအမည်ဖြင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖြန့်ချိပေးသွားမည် ဖြစ်သည်။

BYD Atto 2 သည် အားတစ်ကြိမ်သွင်းထားလျှင် ၃၁၁ ကီလိုမီတာ မောင်းနိုင်သည်။

BYD ၏ Dynasty Series တွင် ပါဝင်ပြီး လျှပ်စစ် SUV အမျိုးအစား ဖြစ်သည်။

လက်ရှိအားဖြင့် တရုတ်ပြည်ဈေးကွက်တွင် ဖြန့်ချီပေးနေသည်မှာ 4 trim ရှိပြီး ဈေးတန်းမှာ ယွမ် ၉၆၈၀၀ မှ ၁၁၉၈၀၀ ကြား (ကန်ဒေါ်လာ ၁၃၃၀၀ မှ ၁၆၄၀၀ ကြား) ရှိသည်။

မောင်းနှင်နိုင်သော range အနေဖြင့် ၃၀၁ ကီလိုမီတာ (၁၈၇ မိုင်) မှ ၄၀၁ ကီလိုမီတာ (၂၄၉ မိုင်) ကြား အမျိုးမျိုးရှိသည်။

လက်ရှိအချိန်ထိမူ ဗြိတိန်တွင် ဖြန့်ချိမည့် BYD Atto 2 ဈေးနှုန်းကို မသိရသေးချေ။

(တရုတ်ပြည်တွင်းတွင် ဖြန့်ချီသော BYD Yuan UP domestic model)

ဗြိတိန်တွင် ဖြန့်ချီမည့် BYD Atto 2 မှာ မော်တာတစ်လုံးတပ် ဗားရှင်းဖြစ်ပြီး ပါဝါ 130 Kw (174hp) ရှိပြီး ရုန်းအား 290 Nm ရှိသည်။

42.4 kWh lithium iron phosphate ဘက်ထရီကို သုံးထားပြီး အားတစ်ကြိမ်သွင်းထားလျှင် ၃၁၁ ကီလိုမီတာ (၁၉၃ မိုင်) မောင်းနိုင်သည်။

 

(တရုတ်ပြည်တွင်းတွင် ဖြန့်ချီသော BYD Yuan UP domestic model)

 

ဗြိတိန်တွင် ဖြန့်ချီမည့် BYD Atto 2 သည် တရုတ်ပြည်တွင်းဈေးကွက်မှ BYD Yuan UP နှင့် ဒီဇိုင်းပိုင်း များစွာ တူညီသည်။

Dragon Face ဒီဇိုင်းကို ဆက်လက်အသုံးပြုထားပြီး Yuan နေရာတွင်မူ BYD လိုဂိုပြောင်းလဲထားသည်။

BYD ၏ e-Platform 3.0 ကို အခြေပြုထားပြီး အလျား၊ အနံ၊ အမြင့်မှာ 4310/ 1830/ 1675 mm ဖြစ်ပြီး wheelbase မှာ 2620 mm ဖြစ်သည်။


(တောင်အမေရိက ဈေးကွက်တွင် ဖြန့်ချီထားသော BYD Yuan Pro)

(တောင်အမေရိက ဈေးကွက်တွင် ဖြန့်ချီထားသော BYD Yuan Pro)

BYD Yuan UP သည် ယခင်က တောင်အမေရိကဈေးကွက်တွင် BYD Yuan Pro ဟူသောအမည်ဖြင့် ဖြန့်ချီခဲ့သည်။


(တရုတ်ပြည်တွင်းတွင် ဖြန့်ချီခဲ့သော BYD Yuan UP ၏ အတွင်းပိုင်း)


တရုတ်ပြည်တွင်းတွင် ဖြန့်ချီခဲ့သော BYD Yuan UP ၏ အတွင်းပိုင်း၌ black နှင့် beige color တို့ သုံးထားသည်။

၈ ဒသမ ၈ လက်မ LCD instrument panel ၊ ၁၂ ဒသမ ၈ လက်မ central control screen နှင့် 4 spoke flat-bottom စတီယာရင်တို့ ထည့်ထားသည်။

စတီယာရင်နှင့် center console တို့တွင် physical button အချို့ရှိသည်။

 

(တရုတ်ပြည်တွင်းတွင် ဖြန့်ချီခဲ့သော BYD Yuan UP ၏ အတွင်းပိုင်း)


ပြီးခဲ့သော နိုဝင်ဘာလအတွင်း BYD Yuan UP အစင်းရေ ၂၄၀၇၀ ရောင်းချခဲ့ရသည်။

ယခုနှစ် မတ်လမှ စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ရာ လက်ရှိအချိန်အထိ အစင်းရေစုစုပေါင်း ၁၃၃၆၃၃ ရောင်းချထားရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD Atto 2 will launch in the UK with 311 km range in early 2025 (BYD, Yiche)