- ပင်မစာမျက်နှာ
- ကားသတင်းများ
- Bugatti ရဲ့ ကမ္ဘာ့စံချိန်တင် မော်တော်ကား အားလုံးကို ဝယ်ယူပိုင်ဆိုင်ထားတဲ့ လျှို့ဝှက် customer ကို Bugatti က ပြင်သစ်က စံအိမ်ကြီးမှာ အထူးညစာစားပွဲနဲ့ ဧည့်ခံ
Bugatti ရဲ့ ကမ္ဘာ့စံချိန်တင် မော်တော်ကား အားလုံးကို ဝယ်ယူပိုင်ဆိုင်ထားတဲ့ လျှို့ဝှက် customer ကို Bugatti က ပြင်သစ်က စံအိမ်ကြီးမှာ အထူးညစာစားပွဲနဲ့ ဧည့်ခံ
- 599 views
Bugatti ကုမ္ပဏီသည် အထူးဖောက်သည်တော် အနည်းငယ်နှင့် ကမ္ဘာတစ်ဝန်းမှ ကားရောင်းချသူတို့ကို ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်း Molsheim အရပ်ရှိ စံအိမ်ကြီးတွင် ခရစ္စမတ် အထူးညစာစားပွဲဖြင့် ဧည့်ခံခဲ့သည်။
အဆိုပါအခမ်းအနားသည် Bugatti ၏ သမိုင်းတွင် ပထမဆုံးဖြစ်ပြီး အထူးအရေးပါသော စာမျက်နှာတစ်ခု ဖြစ်ခဲ့သည်။
ထိုအခမ်းအနားတွင် ပရဟိတရန်ပုံငွေအတွက် လေလံပွဲတစ်ခုလည်း ကျင်းပခဲ့သည်။
ဒေသတွင်းပရဟိတအဖွဲ့တစ်ခုဖြစ်သော Semeurs d’Etoiles ကို ထောက်ပံ့ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ထိုပရဟိတအဖွဲ့သည် ဆေးရုံတက်နေရသော ကလေးငယ်များနှင့် ၎င်းတို့၏မိသားစုများကို အကူအညီပေးသောအဖွဲ့ ဖြစ်သည်။
လေလံပွဲတွင် Bugatti ၏ ထိပ်တန်းဒီဇိုင်နာ Sur Mesure အဖွဲ့မှ Jascha Straub က လက်ဖြင့်ရေးဆွဲပေးထားသော ကောက်ကြောင်းများဖြင့် အလှဆင်ထားသည့် ကားတစ်စင်းလည်း ပါဝင်ခဲ့သည်။
Bugatti ၏ ကမ္ဘာ့စံချိန်တင် ကားအားလုံးကို ပိုင်ဆိုင်ထားသော အိန္ဒိယမှ Singh Collection က လေလံပွဲတွင် အဆိုပါကားကို ယူရို ၅၀၀၀၀ (ကန်ဒေါ်လာ ၅၂၀၀၀) ဖြင့် လေလံအောင်သွားခဲ့သည်။
Singh Collection ကို ပိုင်ဆိုင်ထားသူမှာ မည်သူဖြစ်သည်ကို ချပြခြင်းမရှိသော်လည်း အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှဖြစ်ကြောင်း သိရသည်။
Singh Collection တွင် Bugatti မှ ထုတ်လုပ်သော ကမ္ဘာ့စံချိန်တင်ကားများဖြစ်သည့် Veyron 16.4 Super Sport World Record Edition, Veyron 16.4 Grand Sport Vitesse World Record Edition နှင့် Chirion Super Sport 300+ တို့ ပိုင်ဆိုင်ထားသည်။
ညစာစားပွဲ ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် Bugatti ၏ အိန္ဒိယမှ လျှို့ဝှက် customer က လေလံအောင်ခဲ့သည့်ကားကို Bugatti ၏ စီအီးအိုဖြစ်သူ Mate Rimac အား လက်ဆောင်ပေးခဲ့သည်။
စီအီးအို Mate Rimac မှာ အသက် ၃၆ နှစ်အရွယ်သာ ရှိသေးသည်။
အဆိုပါ ညစာစားပွဲ အခမ်းအနားတွင် လေလံပွဲအပြင် Bugatti က ကမ္ဘာ့အမြန်ဆုံး အမိုးမဲ့ကားကို စံချိန်တင်မောင်းနှင်ပြခဲ့သည်။
ကားမော်ဒယ်တစ်ခု စံချိန်တင်မောင်းနှင်ပြသည့် အခမ်းအနားတွင် customer တစ်ဦးကို ဖိတ်ကြားခဲ့ခြင်းမှာ သမိုင်းတွင် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
အဆိုပါကားကို တစ်နာရီလျှင် ၂၈၂ မိုင်နှုန်းအထိ မောင်းနှင်နိုင်ခဲ့သည်ဟု ဆိုသည်။
Singh Collection ၏ ပိုင်ရှင်ကို ကမ္ဘာ့စံချိန်တင်မောင်းနှင်ပြခဲ့သည့် Mistral ကားအား Andy Wallace နှင့်အတူ စီးနင်းခွင့်လည်း ပေးခဲ့သည်။
Andy Wallace မှာ Bugatti ၏ official test driver တစ်ဦး ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Bugatti’s mystery VVIP client, who owns all the record-breaking cars of the French hypercar manufacturer, bought a bespoke Bugatti art piece at the Château Saint Jean and gifted it to the Bugatti CEO. (luxurylaunches)