- ပင်မစာမျက်နှာ
- ကားသတင်းများ
- Geely က ထုတ်လုပ်သော Cowboy ဟု အမည်ပေးထားသည့် အပေါ့စား off-road SUV ကို တရုတ်ပြည်တွင် ဒေါ်လာ ၁၃၃၀၀ ဖြင့် ရောင်းချပေးလျက်ရှိ
Geely က ထုတ်လုပ်သော Cowboy ဟု အမည်ပေးထားသည့် အပေါ့စား off-road SUV ကို တရုတ်ပြည်တွင် ဒေါ်လာ ၁၃၃၀၀ ဖြင့် ရောင်းချပေးလျက်ရှိ
- 485 views
Geely က ထုတ်လုပ်သော Cowboy ဟု အမည်ပေးထားသည့် အပေါ့စား off-road SUV ကို ကွမ်ကျိုး ကားပြပွဲတွင် Presale စတင် ရောင်းချပေးခဲ့သည်။
Trims ၂ မျိုး ရနိုင်ပြီး ဈေးတန်းမှာ ယွမ် ၉၅၉၀၀ (ကန်ဒေါ်လာ ၁၃၃၀၀) နှင့် ၁၀၁၉၀၀ ယွမ် (ကန်ဒေါ်လာ ၁၄၀၀၀) ဖြစ်သည်။
နိုဝင်ဘာလကုန်ပိုင်းက official launch ပြုလုပ်ခဲ့သည်။
Geely Cowboy သည် trendy ဖြစ်သော off-road လေးထောင့်ဒီဇိုင်းဖြစ်သည်။
အကြမ်းခံနိုင်သော Front grille ၊ ရှေ့ပိုင်း Guard Plate ၊ ကျယ်ပြန့်သော wheel eyebrows အမိုးပေါ်တွင် ပစ္စည်းထားသိုရန်အတွက် စတုရန်း ၁ ဒသမ ၃ မီတာ ကျယ်သော equipment rack ပါပြီး ကုန်အလေးချိန် ၅၀ ကီလိုဂရမ် တင်ဆောင်နိုင်သည်။
ကားနောက်ပိုင်းတွင် ထီးနှင့် အခြားရေစိုထားသော ပစ္စည်းများ ထားသိုနိုင်သော သီးခြား backpack နေရာရှိသည်။
တံခါးလက်ကိုင်များ၊ အပြင်ဘက်မှန်များ ကိုယ်ထည် Logo များ အားလုံးမှာ အနက်ရောင် ဖြစ်သည်။
(ရှေ့မီးကြီးများမှာ Vertical Layout ဖြစ်ပြီး မှန်ဘီလူး ၃ ခုပါ LED ဖြစ်သည်။)
(ဘေးဘက်တွင် Tool kit container ရှိသည်။)
(ဘေးနှစ်ဖက်လုံးတွင် anti-scratch surround များပါသည်)
Geely Cowboy တွင် ရွေးချယ်စရာ အရောင် ၄ မျိုးရှိပြီး Snow White, Jungle Green, Volcanic Gray နှင့် Desert Brown တို့ ဖြစ်သည်။
Small SUV ဖြစ်သော Cowboy ၏ Dimension မှာ 4442/ 1860/ 1770mm ဖြစ်ပြီး wheelbase မှာ 2640mm ဖြစ်သည်။
ရှေ့ခန်းတွင် ၈ ဒသမ ၈ လက်မ LCD instrument panel ၊ ရှေ့ခန်းမှ passenger ခုံရှေ့တွင် ၁၄ ဒသမ ၆ လက်မ 1920×1080 resolution ရှိသော central control screen ပါပြီး EcarX E02 Cockpit chip ကို သုံးထားသည်။
Operation system မှာ Flyme Auto System က support ပေးထားသည်။
ယာဉ်မောင်းထိုင်ခုံတွင် 6-way electric adjustment ပါသည်။
နောက်ခန်းတွင် air-con လေပေးပေါက်များ၊ မိုဘိုင်းဖုန်း remote control ၊ Lane keep assist & အလိုအလျောက် စနစ်သုံး emergency braking တို့အပါအဝင် Level 2 အဆင့် Advanced assistane driving function များပါသည်။
ကားတစ်စင်းလုံးတွင် Storage နေရာပေါင်း ၄၂ ခု ပါသည်။
1.5TD အင်ဂျင်သုံးထားပြီး ဆွဲအား 133 Kw (178 hp) နှင့် ရုန်းအား 290 Nm ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Geely’s first ligh off-road SUV – Cowboy – opened presale starting at 13,300 USD
Source: Auto Sina, IThome