Volvo နှင့် Geely တို့ ပူးပေါင်းထုတ်လုပ်သော Lynk & Co 02 လျှပ်စစ် SUV ကို တရုတ်ပြည်တွင် ဒေါ်လာ ၁၉၀၀၀ ဖြင့် စတင်ဖြန့်ချီ

  • 297 views

Lynk & Co 02 လျှပ်စစ် fastback SUV ကို တရုတ်ပြည်တွင် starting price ယွမ် ၁၃၈၉၀၀ (ကန်ဒေါ်လာ ၁၉၀၀၀) ဖြင့် စတင်ဖြန့်ချီလိုက်သည်။

တရုတ်ပြည်ဈေးကွက်တွင်မူ Lynk & Co 02 ဟူသောအမည်ဖြင့် မဟုတ်ဘဲ Lynk & Co Z20 အမည်ဖြင့် ဖြန့်ချီခြင်း ဖြစ်သည်။

Lynk & Co 02 crossover ၏ ပါဝါမှာ 335hp ရှိပြီး 4.5C charging နည်းပညာသုံးထားသည်။

ဥရောပသို့ မကြာမီရောက်မည်ဟု ဆိုသည်။

Geely နှင့် Volvo တို့ ပူးပေါင်းကာ Lynk & Co ကို ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လူငယ်ဝယ်လက်များကို ပစ်မှတ်ထားခဲ့သည့် brand ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း Geely ၏ high-end NEV brand ဖြစ်သော Zeekr က Lynk & Co ၏ ရှယ်ယာအများစုကို ဝယ်ယူခဲ့သည်။

Lynk & Co ၏ နောက်ဆုံး product မှာ Z20 fastback crossover ဖြစ်ပြီး တရုတ်ပြည် ပြင်ပတွင် Lynk & Co 02 ဟု သိထားကြသည်။

Lynk & Co 02 သည် Lynk & Co ၏ Concept car ဖြစ်သော Lynk & Co The Next Day ၏ ဒီဇိုင်းကို ရယူထားသည်။

Grille နှင့် ဘန်ပါတို့မှာ အလုံပိတ်ဒီဇိုင်းဖြစ်ပြီး running lights မီးတန်း၊ စွေစောင်းစောင်း roofline တို့ဖြင့် ဖွဲ့စည်းထားသည်။

အရောင်အနေဖြင့် ရွေးချယ်စရာ ၇ မျိုးရှိပြီး black, gray, red, beige, white, blue နှင့် pink တို့ ဖြစ်သည်။

Lynk & Co 02 EV ၏ dimension မှာ 4460/ 1845/ 1573mm ဖြစ်ပြီး wheelbase မှာ 2755mm ဖြစ်သည်။

အတွင်းပိုင်းတွင် ၁၅ ဒသမ ၄ လက်မ suspended screen အပြင် ၁၀ ဒသမ ၂ လက်မ LCD instrument cluster နှင့် စပီကာ ၁၄ လုံး ပါသည်။

တရုတ်ပြည်တွင်းတွင် ဖြန့်ချီသော variant တွင် နောက်ဝင်ရိုး၌ လျှပ်စစ်မော်တာ တစ်လုံးပါပြီး ဆွဲအား 335hp , ရုန်းအား 373 Nm ရှိကာ 100kmph အမြန်နှုန်းကို ၅ ဒသမ ၃ စက္ကန့်အတွင်း ရနိုင်သည်ဟု ဆိုသည်။

၁၅ မိနစ် အားသွင်းလျှင် ၁၀ မှ ၈၀ ရာခိုင်နှုန်းကြား အားဝင်နိုင်သည်။

မောင်းနှင်နိုင်မည့် range မှာ ၅၃၀ ကီလိုမီတာဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်တွင်းတွင် trim ၃ မျိုး ရနိုင်ပြီး Pro, Max နှင့် Max Daily Edition တို့ဖြစ်သည်။

ဈေးတန်းမှာ ယွမ် ၁၃၈၉၀၀  မှ ၁၅၃၉၀၀ ကြား (ကန်ဒေါ်လာ ၁၉၀၀၀ မှ ၂၁၁၀၀ ကြား) ရှိသည်။

ဥရောပဈေးကွက်တွင်မူ Lynk & Co 02 မှာ ယူရို ၃၅၄၉၅ (ကန်ဒေါ်လာ ၃၇၀၀၀) မှ စမည် ဖြစ်သည်။

ထို့ကြောင့် ဤမော်ဒယ်၏ entry-level variant မှာ တရုတ်ပြည်တွင်း ဈေးကွက်တွင် ဥရောပထက် ၂ ဆခန့် ဈေးသက်သာနေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Lynk & Co 02 electric SUV launched in China under Z20 name – starts at 19K USD (carnewschina)