၂၈ စင်းတည်းသာ ထုတ်လုပ်ထားသော ရွှေရောင် Ferrari ပေါင် ၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

  • 196 views

၁၉၅၈ ခုနှစ်က ထုတ်လုပ်ခဲ့ပြီး ၂၈ စင်းတည်းသာ ထုတ်လုပ်ထားသော အလွန်ရှားပါးသည့် ရွှေရောင် Ferrari တစ်စင်း ပေါင် ၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

3.0-litre V-12 အင်ဂျင်၊ triple Weber ကာဘရိုက်တာနှင့် Scaglietti အပေါ့စား အလူမီနီယံ ကိုယ်ထည် တို့ဖြင့် ဖွဲ့စည်းထားသော 250 GT LWB Berlinetta မှာ ကားဝါသနာအိုးများ သွားရေကျမည့် ကားတစ်စင်း ဖြစ်သည်။

(ရွှေရောင် 250 GT LWB Berlinetta ၂၈ စင်းသာ ထုတ်လုပ်ထားသည့်အနက် တစ်စင်းဖြစ်ပြီး ပေါင် ၃ ဒသမ ၅ သန်းဖြင့် လေလံတင် ရောင်းချရန် စီစဉ်ထားသည်။ ဓာတ်ပုံ-Mediadrummages)

(Scaglietti အပေါ့စား အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။ ဓာတ်ပုံ-Mediadrummages)

(အတွင်းပိုင်းတွင် Rosso Bordeaux သားရေ upholstery ဖြင့် မွမ်းမံထားသည်။ ဓာတ်ပုံ-Mediadrummages)

(Oro Chiaro gold ဆေးရောင် သုတ်ထားသည်။ ဓာတ်ပုံ-Mediadrummages)

 

စတီယာရင်ကို သစ်သားဖြင့် ပြုလုပ်ထားပြီး Prancing Horse logo ရှိသည်။

ဤမော်ဒယ်သည် ၁၉၅၆ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့ပြီး ပြိုင်ကားမောင်းသမား Oliver Gendebien က မောင်းနှင်ခဲ့ကာ Giro di Sicilia ပြိုင်ပွဲတွင် ဆုရခဲ့သည်။

ယင်းနောက် Tour de France မိုင် ၃၆၀၀ ပြိုင်ပွဲတွင် Marquis Alfonso က မောင်းနှင်ကာ အောင်ပွဲခံခဲ့ပြန်သည်။

Enzo Ferrari က ကား၏ Performance ကို အလွန် သဘောကျကာ ကားကို Tour de France သို့မဟုတ် Tdf ဟု ရည်ညွှန်းခဲ့သည်။

ကားပြိုင်ပွဲကာလအတွင်း ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့။ 
ဤကားကို လာမည့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် RM Sotheby လေလံအဖွဲ့က လေလံတင်ရောင်းချပေးရန် စီစဉ်ထားသည်။

 


(Enzo Ferrari က ကား၏ Performance ကို အလွန် သဘောကျကာ ကားကို Tour de France သို့မဟုတ် Tdf ဟု ရည်ညွှန်းခဲ့သည်။ ဓာတ်ပုံ-Mediadrummages)

(3.0-litre V-12 အင်ဂျင်၊ triple Weber ကာဘရိုက်တာနှင့် Scaglietti အပေါ့စား အလူမီနီယံ ကိုယ်ထည် တို့ဖြင့် ဖွဲ့စည်းထားသည်။ ဓာတ်ပုံ-Mediadrummages)

(စတီယာရင်ကို သစ်သားဖြင့် ပြုလုပ်ထားပြီး Prancing Horse logo ရှိသည်။ ဓာတ်ပုံ-Mediadrummages)

(စုစုပေါင်း ၂၈ စင်းသာ ထုတ်လုပ်ထားသည်။ ဓာတ်ပုံ-Mediadrummages)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: GOLDEN OLDIE All-gold Ferrari so rare only 28 were ever made goes on sale for staggering sum – complete with wooden steering wheel (thesun)

Photo Credit- Mediadrummages