- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၅ မော်ဒယ် Toyota LandCruiser Prado အား လေ့လာခြင်း
၂၀၂၅ မော်ဒယ် Toyota LandCruiser Prado အား လေ့လာခြင်း
- 547 views
၂၀၂၅ မော်ဒယ် Toyota LandCruiser Prado 250 Series သည် သြစတေးလျ ဈေးကွက်အတွက် အရေးပါသော မော်ဒယ်ဖြစ်သည်။
သက်တမ်းရင့်နေပြီ ဖြစ်သော လူကြိုက်များခဲ့သည့် 150 Series 4WD ၏ နေရာတွင် အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။
(အားသာချက်များ))
● Off-road စွမ်းရည်နှင့် နည်းပညာပိုင်း excellent ဖြစ်ခြင်း
● စတီယာရင်နှင့် ride-quality ပိုကောင်းလာခြင်း
● ၁၁၀ လီတာ standard fuel tank ထည့်ပေးထားသောကြောင့် 4×4 မောင်းရန် သင့်တော်ခြင်း
(အားနည်းချက်များ))
● third row နှင့် ပစ္စည်းထားသိုရန်နေရာ imperfect ဖြစ်နေမှု
● no sliding second row ဖြစ်နေခြင်း
● Ford Everest ကို rating , value နှင့် စွမ်းဆောင်ရည်ချင်း မယှဉ်နိုင်ခြင်း
နှစ်ပေါင်းများစွာကာလအတွင်း ပြောင်းလဲမှုများ၊ update များ ပြုလုပ်ခဲ့သည်ဆိုသော်လည်း ယခင် generation ဖြစ်သော Prado 150 Series မှာ ၂၀၀၉ ခုနှစ်က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ထိုမော်ဒယ်မှာ ၂၀၀၂ ခုနှစ်က ထုတ်လုပ်ခဲ့သော third-generation 120 Series နှင့် နေရာများစွာ တူညီနေသည်။
ယခုထွက်ရှိလာသည့် မော်ဒယ်သစ် Prodo 250 Series မှာလည်း first-gen ကို inspire ယူထားပြန်သည်။
76 Series LandCruiser body ကို အိမ်စီးပိုဆန်သော chassis ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။
Prado ၏ ကျော်ကြားမှုမှာမူ မပြောင်းလဲ။
Toyota ၏ 4WD (သို့မဟုတ်) SUV များအနက် အကျော်ကြားဆုံးထဲတွင် ပါသည်။
LandCruiser Prado ၏ Line-up တွင်ရှိသော name နှင့် grade တို့မှာ အများနှင့် ရင်းနှီးပြီးသားများ ဖြစ်သည်။
Powertrain ကို ကြည့်မည်ဆိုလျှင် 2.8-litre 1GD-FTV turbocharged four-cylinder ဒီဇယ်အင်ဂျင် သုံးထားသည်။
48-volt motor/generator မှာ mild-hybrid system အနေဖြင့် ပါလာပြီး ပါဝါ output 150Kw ရှိကာ ဆွဲအား 500Nm ရှိသည်။
Transmission မှာမူ အသစ်ဖြစ်လာသည်။ six-speed နေရာတွင် eight speed ဖြစ်လာသည်။
ဈေးတန်းအနေဖြင့် GX မှာ ဒေါ်လာ ၇၂၅၀၀ မှ စသည်။
အတွင်းပိုင်း Feature များအနေဖြင့် ၁၂ ဒသမ ၃ လက်မ infotainment system၊ ၇ လက်မ digital instrument cluster ၊ စပီကာ ၁၀ လုံးပါ sound system ၊ ပစ္စည်းထားသိုရာ boot တွင် 220V power outlet၊ ကားတွင်းအပူချိန် ၂ မျိုး သီးခြားစီပေးနိုင်သော လေအေးပေးစနစ်တို့ ရှိသည်။
အပြင်ပိုင်းတွင် 360 degree ကင်မရာ၊ ရှေ့နောက် parking sensor ၊ LED ရှေ့မီးကြီးနှင့် daytime running light များနှင့် ၁၈ လက်မ အလွိုင်းတို့ ရှိသည်။
GXL ၏ ဈေးတန်းမှာ ဒေါ်လာ ၇၉၉၉၀ ခန့်ရှိသည်။
ရှေ့ခန်းခုံများတွင် heating နှင့် ventilation တို့ပါပြီး ထိုင်ခုံအားလုံးတွင် သားရေတုများ သုံးထားသည်။
Prado GXL တွင် wireless charging အပြင် additional အနေဖြင့် USB Type C Power outlet လည်း ထည့်ပေးထားသည်။
VX တွင်မူ driving mode များ ပိုမို ပါဝင်လာသည်။
VX ၏ အတွင်းပိုင်းတွင် ရှေ့ခန်း Passenger ခုံ၌ 4 way adjustment လုပ်နိုင်သည်။
Driver ရှေ့တွင် ၁၂ ဒသမ ၃ လက်မ instrument display ရှိသည်။
Center console တွင် refrigerated cool box ထားရှိသည်။
၁၄ လက်မ စပီကာ JBL Sound System တို့ သုံးထားသည်။
((၂၀၂၅ မော်ဒယ် LandCruiser Prado ၏ ဈေးနှုန်းများ))
LandCruiser Prado GX - ဒေါ်လာ ၇၂၅၀၀
LandCruiser Prado GXL- ဒေါ်လာ ၇၉၉၉၀
LandCruiser Prado VX- ဒေါ်လာ ၈၇၄၀၀
LandCruiser Prado Altitude- ၉၂၇၀၀ ဒေါ်လာ
LandCruiser Prado Kakadu- ၉၉၉၉၀ ဒေါ်လာ
ရွေးချယ်နိုင်သော အရောင်များအနေဖြင့် Glacier White, Ebony Black, Eclipse Black, Frosted White, Midnight Alloy, Dusted Bronze, Tanami Taupe နှင့် Ningaloo Blue တို့ ရှိသည်။
Competitor များအနေဖြင့် Ford Everest, GWM Tank 500 နှင့် Isuzu MU-X တို့ ရှိသည်။
ထိုင်ခုံ ဖွဲ့စည်းပါဝင်မှုအနေဖြင့် GX နှင့် Altitude တို့တွင် ထိုင်ခုံ ၅ လုံးဖြစ်ပြီး GXL, VX နှင့် Kakadu တို့တွင် ၇ လုံးဖြစ်သည်။
Dimension မှာ အလျား 4990 mm ၊ အနံ 1980 mm ဖြစ်ကာ height မှာမူ မော်ဒယ်အလိုက်ကွဲပြားသည်။
GX နှင့် GXL တို့တွင် height မှာ 1925 mm ဖြစ်ပြီး VX, Altitude နှင့် Kakadu တို့တွင် 1935 mm ဖြစ်သည်။
၂၀၂၅ LandCruiser Prado ကို warranty 5 years ပေးထားပြီး unlimited km ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 2025 Toyota LandCruiser Prado review