၂၀၂၄ ခုနှစ် ကမ္ဘာ့အရောင်းရဆုံး ကားမော်ဒယ်များတွင် ပါဝင်သော 2024 Toyota Camry Hybrid ကို လေ့လာခြင်း

  • 199 views

Mid-size sedan ဖြစ်သော Toyota Camry သည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် အရောင်းရဆုံး ထိပ်တန်းကားမော်ဒယ်များတွင် တစ်ခုအပါအဝင်အဖြစ် ရပ်တည်နေသည်။

Toyota Camry မှ မည်သည့် variant ကို ရွေးချယ်သည်ဖြစ်စေ ဆီစားသက်သာမှု ၊ စွမ်းအားကောင်းသော hybrid powertrain နှင့် safety technology အလွန်အဆင့်မြင့်ခြင်း အစရှိသည်တို့ ရရှိမည် ဖြစ်သည်။
Drive တွင် Rating 7.6 ရရှိထားပြီး edmunds ကမူ 7.9 အထိ rating ပေးထားသည်။

Fuel Type-Hybrid
အာမခံ-5 years/ unlimited km
ဆီစားနှုန်း- ကီလို ၁၀၀/ ၄ လီတာ

(ဈေးနှုန်းများ))

2024 Toyota Camry Ascent 2.5L Sedan FWD Hybrid - ၃၉၉၉၀ ဒေါ်လာ
2024 Toyota Camry Ascent Sport 2.5L Sedan FWD Hybrid - ၄၂၉၉၀ ဒေါ်လာ
2024 Toyota Camry SL 2.5L Sedan FWD Hybrid- ၅၃၉၉၀ ဒေါ်လာ

(အားသာချက်များ))

● ဆီစားသက်သာနှုန်း အလွန်ကောင်းမွန်ခြင်း
● safety technology မှာ အထင်ကြီးလောက်စရာရှိပြီး rating ကောင်းခြင်း

(အားနည်းချက်များ))

● တစ်ခါတစ်ရံတွင် အဆင်ပြေချောမွေ့စွာ ကားရပ်နိုင်ရန် ခက်ခြင်း
● ပစ္စည်းထားသိုခန်းမှာ အခြား sedan များလောက် ကျယ်ကျယ်ဝန်းဝန်း မရှိခြင်း

2024 Toyota Camry Hybrid တွင် ရွေးချယ်စရာ trim များအနေဖြင့် LE, SE, SE Nightshade, XLE နှင့် XSE တို့ရှိပြီး SE မှာ အကျော်ကြားဆုံးဖြစ်ကာ ဈေးတန်း ဒေါ်လာ ၃၁၀၀၀ ဝန်းကျင်ရှိသည်။

EPA ၏ Rating တွင် LE ၏ ဆီစားနှုန်းမှာ 52 mpg (မြို့တွင်း၊ မြို့ပြင်ပေါင်းစပ်) ရှိသည်။

Mid-size hybrid sedan တစ်စင်းအတွက် ထိုဆီစားနှုန်းမှာ excellent ဖြစ်သည်ဟု ဆိုနိုင်သည်။

SE, XSE နှင့် XLE trim တို့အတွက် EPA ၏ Rating မှာ 46 mpg သာရှိသည်။

အဆိုပါမော်ဒယ်တို့၏ ဘီးနှင့် တာယာတို့မှာ စတိုင်ကျသော်လည်း ဆီစားမသက်သာချေ။

Mid-size sedan တွင် ဆီစားသက်သာသည့် အခြားသော Competitor များကို ကြည့်မည်ဆိုလျှင် Hyundai Sonata Hybrid မှာလည်း မြို့တွင်း၊ မြို့ပြင် combined 52 mpg ရှိသည်။

Honda Accord မှာ 48 mpg combined ဖြစ်သည်။

All-wheel drive လိုချင်သော customer တို့အနေဖြင့်မူ 2024 Toyota Camry Hybrid တွင် မမျှော်လင့်နိုင်။

သို့သော် Toyota ၏ အခြားသော hybrid များတွင် ထုတ်လုပ်ပေးထားသည်။
Toyota Crown sedan တွင် all-wheel drive hybrid လာသည်။
ခန့်မှန်းခြေအားဖြင့် 41 mpg ရှိသည်။

ထို့အပြင် Prius တွင်လည်း AWD လာသည်။


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Toyota Camry (drive)