၂၀၂၄ ခုနှစ်အတွင်း အရောင်းရဆုံး ထိပ်တန်း ကားမော်ဒယ် ၁၀ မျိုး

  • 471 views

၂၀၂၅ ခုနှစ်သို့ ကူးပြောင်းရန် တဖြည်းဖြည်းနီးကပ်လာလျက်ရှိရာ ၂၀၂၄ တစ်နှစ်တာအတွင်း မည်သည့်ကားများ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည်ကို လူအများသိလိုကြသည်။

***ယခုစာရင်းတွင် ဆီဒင်များ၊ hatchback များနှင့် wagon များကိုသာ သီးသန့်ရွေးချယ် ဖော်ပြခြင်းဖြစ်ပြီး SUV များနှင့် Truck များ မပါဝင်ပါ။
၂၀၂၄ ခုနှစ်အရောင်းရဆုံးအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေသော ကားများသည် ယခင် ဆယ်စုနှစ်များကတည်းက အရောင်းရဆုံးဖြစ်နေခဲ့သော ကားများသာ ဖြစ်သည်။

(၁၀) Toyota Prius

ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ရောင်းချရမှု- ၃၉၅၀၀ စင်း
နံပါတ် ၁၀ နေရာတွင် ရပ်တည်နေသည်မှာ ဆီစားသက်သာသောကားအဖြစ် လူသိများသော Toyota Prius ဖြစ်သည်။

(၂၀၂၄ မော်ဒယ် Toyota Prius ၏ Specification)
အင်ဂျင်- 2.0-liter four-cylinder
မြင်းကောင်ရေ (Combined) -194-196 hp
ရုန်းအား- 139 lb-ft @‌5200rpm
မော်တာ-dual permanent-magnet synchronous motors
မော်တာပါဝါ- 83 Kw
မော်တာရုန်းအား- 183 Nm
Transmission-eCVT
Driveline- ရှေ့ယက် (သို့မဟုတ်) နောက်ယက်

(၉) Kia K5

လက်ရှိအချိန်အထိရောင်းအား-၄၀၆၇၂ စင်း
Kia K5 သည် ကိုရီးယားထုတ် သားနားစတိုင်ကျသော ဆီဒင်ဖြစ်ပြီး ကောင်းကွက်များစွာ ပိုင်ဆိုင်ထားသည်။
ဈေးတန်းမှာမူ ပြိုင်ဘက်များနှင့် သိသိသာသာကွာနေသည်။
Turbocharged variant ဆိုလျှင် အတော်ဈေးများသည်။
သို့သော် BMW 330i Sedan နှင့်ယှဉ်လျှင်မူ K5 ၏ Performance မှာ အထင်ကြီးစရာဖြစ်သည်။

(၈) Kia Soul

လက်ရှိအချိန်ထိ ရောင်းအား-၄၈၇၄၇ စင်း
Kia Soul ၏ ဈေးတန်းမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ဈေးတန်းဖြစ်နေသည်။
ကားဈေးများ ခေါင်ခိုက်နေချိန်တွင် ဒေါ်လာ ၂၀၀၀၀ ဖြင့် မည်သည့်နေရာတွင်မှ မရနိုင်ချေ။
(Kia Soul ၏ Specification)
အင်ဂျင်- 2.0-liter Naturally Aspirated Inline-4
Transmission- CVT
မြင်းကောင်ရေ-147 hp
ရုန်းအား-132 lb-ft
Driveline- ရှေ့ယက်

(၇) Hyundai Sonata

လက်ရှိအချိန်ထိ ရောင်းအား-၆၁၇၀၁ စင်း
ပေးရသောဈေးထက် တန်သည်ဟု ခံစားရစေသော အထင်ကြီးလောက်စရာ hybrid variant ရှိသည်။ သို့သော် SE မှာလည်း ဝယ်လက်တို့ကို စိတ်မပျက်စေခဲ့။
Hybrid မှာမူ variant များအကြား အကျော်ကြားဆုံးဖြစ်သည်။

(၆) Hyundai Elantra

လက်ရှိအချိန်ထိ ရောင်းအား- ၁၂၃၁၁၃ စင်း
အရွယ်အစားပိုမိုကြီးမားသော Hyundai Sonata မှာ အမှန်ကောင်းမွန်သော်လည်း Elantra ဆီဒင်၏ ရောင်းအားမှာ နှစ်ဆပိုမိုများပြားသည်။
Hyundai Elantra သည် ယခုနှစ်အတွင်း ရောင်းအား အစင်းရေ ၁၀၀၀၀၀ ကျော်သို့ ပထမဆုံး ရောက်ခဲ့သည့် မော်ဒယ်လည်း ဖြစ်သည်။
Sonata နှင့် Elantra တို့အကြား ဈေးနှုန်း ဒေါ်လာ ၅၀၀၀ ဟနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

(၅) Honda Accord

လက်ရှိချိန်ထိ ရောင်းအား- ၁၄၇၉၇၂ စင်း
အလတ်စား ဆီဒင်ဖြစ်သော Honda Accord ၏ အဓိကအားသာချက်မှာ powertrain အားကောင်းခြင်း ဖြစ်သည်။
(Performance)
အင်ဂျင်- 1.5-liter turbocharged Inline-four
Transmission-CVT
မြင်းကောင်ရေ-192 hp
ရုန်းအား- 192 lb-ft
Driveline- ရှေ့ယက်
0-60 mph- ၇ ဒသမ ၃ စက္ကန့်
အမြင့်ဆုံးမြန်နှုန်း- 125 mph

(၄) Subaru Outback

လက်ရှိအချိန်ထိရောင်းအား- ၁၅၃၈၈၆ စင်း
Subaru သည် ယခုနှစ်အတွင်း model ၃ မျိုးပေါင်း ရောင်းအားအနေဖြင့် အစင်းရေ ၁၅၀၀၀၀ ကျော် ရောင်းချထားရပြီး ယင်းအနက် Outback မှာ ကားလောက expert တို့၏ favorite ဖြစ်သည်။

(၃) Toyota Corolla

လက်ရှိအချိန်ထိရောင်းအား- ၂၁၅၁၈၈ စင်း
Toyota Corolla သည် လူ့သမိုင်းတစ်လျှောက် အရောင်းရဆုံး မော်တော်ကား ဖြစ်သည်။
Entry-level LE မော်ဒယ်မှာ ဈေးတန်း ဒေါ်လာ ၂၂၀၀၀ စွန်းစွန်းမှ စပြီး ပေးရသောငွေထက် ပိုသောစွမ်းပကားကို ပေးစွမ်းသည်။
Toyota သည် Corolla ၏ စွမ်းပကားကို generation တိုင်းတွင် မြင့်သည်ထက်မြင့်အောင် စွမ်းဆောင်ထားရာ ယခုနှစ်အတွင်း အစင်းရေ ၂၀၀၀၀၀ ကျော် ရောင်းချရမှုမှာ အံ့သြဖွယ်ရာ မရှိချေ။

(၂) Honda Civic

လက်ရှိအချိန်ထိရောင်းအား- ၂၂၃၃၂၁ စင်း
Honda Civic Hybrid ဟူသော စကားလုံး ၃ လုံးကို တစ်ဖန်ပြန်လည်ကြားရစေရန် လူအများ စောင့်စားနေသည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။
Civic Hybrid သည် ဆီစားသက်သာရုံမျှမက (၄၉ mpg) လျှပ်စစ်မော်တာ ၂ လုံးပါဝင်ခြင်းကြောင့် ရုန်းအားမှာ ၂၃၂ lb-ft အထိ ရှိသည်။
Civic Hybrid သည် Honda ၏ မော်ဒယ်များတွင် နှစ်သက်ဖွယ်အကောင်းဆုံးဖြစ်ရုံမျှမက လက်ရှိဈေးကွက်တွင် အကောင်းဆုံး ဆီဒင်များ၌ တစ်ခုအပါအဝင်လည်း ဖြစ်သည်။

(၁) Toyota Camry

လက်ရှိအချိန်ထိ ရောင်းအား- ၂၈၃၀၆၄ စင်း
၂၀၂၄ ခုနှစ်တွင် Toyota Camry မှာ တန်ဖိုးထားဖွယ်မရှိဟု သင်ယူဆနေပါက Toyota Camry ပိုင်ရှင်တို့တွင် သင့်အား ပြောစရာ စကားတစ်ခွန်းရှိနေနိုင်သည်။
Toyota Camry ကို hybrid only သာထုတ်လုပ်ပြီး ယခင်မော်ဒယ်များထက် ပါဝါပိုကောင်းလာသည်။
သင့်အနေဖြင့် ကားသစ်တစ်စင်းဝယ်ရန် စီစဉ်နေသည်ဆိုပါက Toyota အရောင်းပြခန်းတစ်ခုသို့ သွားကာ Toyota Camry ကို စမ်းကြည့်သင့်သည်။
သင်ခန့်မှန်းထားသည်ထက် စီးကောင်းသော မော်ဒယ်ဖြစ်ရာ သင့်အနေဖြင့် နောင်တရစရာ မရှိနိုင်ချေ။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The 10 Best Selling Cars In 2024 So Far (topspeed)