- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၄ မော်ဒယ် Toyota Corolla ZR Hybrid sedan ကို လေ့လာခြင်း
၂၀၂၄ မော်ဒယ် Toyota Corolla ZR Hybrid sedan ကို လေ့လာခြင်း
- 232 views
Small sedan တို့မှာ တချိန်ကလောက် မကျော်ကြားတော့။
သို့သော် လောင်စာသုံးစွဲမှု သက်သာသည့်ဘက်တွင် ယှဉ်နိုင်စွမ်းရှိသူ အနည်းငယ်သာရှိသော Toyota Corolla Hybrid မှာမူ ချွင်းချက်ဖြစ်သည်။
Toyota Corolla ZR သည် Drive ၏ Expert Rating တွင် 7.5 ရရှိထားသည်။
CarExpert တွင်မူ rating 8.3 အထိ ရထားသည်။
ရီဗြူးအတွက် စမ်းသပ်ထားသော မော်ဒယ်မှာ Toyota Corolla ZR Hybrid Sedan ဖြစ်ပြီး ဈေးတန်းမှာ ဒေါ်လာ ၄၀၂၀၀ ဝန်းကျင် ဖြစ်သည်။
(အားသာချက်များ))
● စက် အကောင်းဆုံး အခြေအနေမျိုးတွင် ဆီစား အလွန်သက်သာသည်။
● ချိုင့်၊ ကျင်းများ ဖြတ်မောင်းရာတွင် သက်တောင့်သက်သာရှိပြီး မောင်းရလွယ်ကူသည်။
● Corolla hatch ထက် ကားနောက်ခန်း ပစ္စည်းထည့်သည့်နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိသည်။
(အားနည်းချက်များ))
● Sunroof မှာ ရှေ့ခန်းနှင့် နောက်ခန်းအထိ ဖြန့်ကျက်ထားခြင်း။
● ဈေးနှုန်း ဒေါ်လာ ၄၀၀၀၀ ကျော် ပေးရသည့်တိုင် parking sensor မပါခြင်း။
ပြီးခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း SUV များ အလွန်ခေတ်စားလာပြီးနောက်ပိုင်း small hatback များ အရောင်းကျသွားသည်။
Small sedan တို့မှာ ရောင်းအားအခြေအနေ ပိုဆိုးသည်။
၂၀၀၀ ပြည့်လွန် အလယ်ပိုင်းကာလများက ရောင်းချခဲ့ရသော ကားငယ်များအားလုံး၏ ထက်ဝက်ခန့်မှာ sedan များဖြစ်ကြသည်။
ရောင်းချခဲ့သမျှ Toyota Corolla တို့၏ ၄၀ ရာခိုင်နှုန်းမှာ sedan များဖြစ်သည်။
ယနေ့အခါတွင်မူ ၂၀ ရာခိုင်နှုန်းသာ ရှိတော့သည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း Toyota Corolla sedan နှင့် hatchbcak နှစ်မျိုးပေါင်း ရောင်းအားမှာ အစင်းရေ ၂၀၀၀၀ အောက်သာ ရှိသည်။
သို့သော် four-door sedan ကို စိတ်ဝင်စားသော ဝယ်လက်များစွာ ယနေ့တိုင် များစွာရှိနေဆဲဖြစ်သည်။
ယင်းတို့အနက် Toyota Corolla မှာ နောက်ဆုံးကျန်ရစ်သည့် sedan များတွင် တစ်ခုအပါအဝင် ဖြစ်သည်။
Toyota Corolla sedan တွင် variant ၃ မျိုးရှိရာ Ascent Sport, SX နှင့် ZR တို့ဖြစ်ကာ ဓာတ်ဆီ (သို့မဟုတ်) Hybrid တို့ဖြင့် ရနိုင်သည်။
ယခုရီဗြူးတွင် စမ်းသပ်ကြည့်သည်မှာ ZR Hybrid ဖြစ်ပြီး ဈေးတန်းမှာ ဒေါ်လာ ၄၀၀၀၀ စွန်းစွန်း ဖြစ်သည်။
ထိုမော်ဒယ်မှာ Dark Grey premium ဆေးရောင်ဖြစ်ပြီး ထိုဆေးရောင်ဖြင့်ဆိုလျှင် ၅၇၅ ဒေါ်လာ ဈေးပိုသည်။
Toyota Corolla ZR Hybrid sedan ၏ အဓိကပြိုင်ဖက်မှာ Hyundai i30 Sedan Premium Hybrid ဖြစ်ပြီး ဈေးတန်းမှာ ဒေါ်လာ ၃၃၀၀၀ မှ စသည်။
အခြားပြိုင်ဖက်များအနေဖြင့် Kia Cerato GT sedan (၃၆၈၆၀ ဒေါ်လာ)၊ Mazda 3 G25 GT sedan (ဒေါ်လာ ၃၈၅၇၀) ၊ Honda Civic liftback-style hatch (၄၇၂၀၀ ဒေါ်လာ-အသင့်စီးရုံ) တို့ ဖြစ်သည်။
Toyota Corolla ZR တွင် exclusive ပါဝင်သော feature များမှာ ၁၈ လက်မ အလွိုင်း၊ upgraded bi-LED ရှေ့မီးကြီးများ၊ အပူပေးစနစ်ပါ ရှေ့ခန်း Sports ထိုင်ခုံများ၊ လည်သာပုံစံ fabric upholstery ၊ ၁၂ ဒသမ ၃ လက်မ ဒစ်ဂျစ်တယ် ဒက်ရှ်ဘုတ်၊ စပီကာ ၉ လုံးပါသော JBL Sound system တို့ အပါအဝင် ဖြစ်သည်။
ဈေးသက်သာသော မော်ဒယ်များတွင်လည်း ၈ လက်မ touchscreen ဖြင့် wireless/ wired Apple CarPlay နှင့် Android Auto ၊ satellite navigation ၊ wireless ဖုန်းအားသွင်းစနစ်၊ keyless entry and start ၊ rear-view camera တို့ ပါသည်။
((Toyota Corolla အသေးစိတ်အချက်အလက်များ))
ဈေးနှုန်း- ၄၀၂၆၀ ဒေါ်လာ
စမ်းသပ်ခဲ့သည့် ကားအရောင်-Dark Grey
ရွေးချယ်စရာ- Premium paint ဖြင့် ၅၇၅ ဒေါ်လာဈေးပို
ပြိုင်ဖက်များ-Hyundai i30 Sedan, Mazda 3, Kia Cerato
ထိုင်ခုံ-၅
အလျား-၄၆၃၀ မီလီမီတာ
အနံ- ၁၇၈၀ မီလီမီတာ
အမြင့်-၁၄၃၅ မီလီမီတာ
Wheelbase- ၂၇၀၀ မီလီမီတာ
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 2024 Toyota Corolla ZR Hybrid sedan review (drive)