• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်မှ လျှပ်စစ်ကားကုမ္ပဏီတစ်ခုက AI နည်းပညာသုံး အံ့ဖွယ်ဒီဇိုင်း ပြိုင်ကားကို ဒေါ်လာ ၆၉၀၀ မျှဖြင့် ရောင်းချပေးမည်ဟုဆို

တရုတ်ပြည်မှ လျှပ်စစ်ကားကုမ္ပဏီတစ်ခုက AI နည်းပညာသုံး အံ့ဖွယ်ဒီဇိုင်း ပြိုင်ကားကို ဒေါ်လာ ၆၉၀၀ မျှဖြင့် ရောင်းချပေးမည်ဟုဆို

  • 194 views

တရုတ်ပြည်မှ လျှပ်စစ်ကား ကုမ္ပဏီတစ်ခုဖြစ်သော JIDU သည် ROBO X ဟု အမည်ပေးထားသော AI နည်းပညာသုံး ပြိုင်ကားကို စတင်ချပြလာသည်။

Electrek ၏ ဖော်ပြချက်အရ အလိုအလျောက် မောင်းနှင်စနစ်နှင့် AI နည်းပညာသုံး ပထမဆုံး လျှပ်စစ် ပြိုင်ကားဖြစ်သည်ဟု ဆိုသည်။

ROBO X သည် 0-62 mph အမြန်နှုန်းကို ၁ ဒသမ ၉ စက္ကန့်မျှဖြင့် ရရှိနိုင်သည်ဆိုခြင်းမှာ အံ့မခန်း စွမ်းပကား ဖြစ်နေသည်။ROBO X ကို ၂၀၂၄ နိုဝင်ဘာလက ကျင်းပခဲ့သော ကွမ်ကျိုးကားပြပွဲတွင် စတင်မိတ်ဆက်ခဲ့သည်။

JIDU ကို ၂၀၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်ပြည်ဈေးကွက်တွင် JiYue ဟု အမည်ပြောင်းထားသည်။JIDU က ပထမဆုံး Concept ကားဖြစ်သော ROBO 01 ကို ၂၀၂၂ ခုနှစ်တွင် စတင်ချပြခဲ့သည်။

ဒုတိယမော်ဒယ်ဖြစ်သော JiYue 07 ကို ၂၀၂၃ ခုနှစ်တွင် မိတ်ဆက်ခဲ့ကြောင်း Electrek က ဖော်ပြသည်။ROBO X သည် ယခင်မော်ဒယ်များကို အခြေခံကာ ထူးခြားသည့် အပြောင်းအလဲများ ပြုလုပ်ထားသည်။

တံခါးနှစ်ပေါက်ဖြစ်ပြီး အပေါ်ဘက်သို့ ဖွင့်ရသော falcon-wing တံခါးစနစ် ဖြစ်သည်။ကာဘွန်ဖိုက်ဘာ ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ၃၆၀ ဒီဂရီ support ပေးနိုင်သော Halo safety system ပါဝင်သည်။

Radar နှင့် lidar တို့ ပေါင်းစပ်ထားသော track-level အလိုအလျောက် မောင်းနှင်မှုအတွက် driver assistance နည်းပညာသုံး ပထမဆုံး လျှပ်စစ်ပြိုင်ကားဖြစ်သည်။ROBO X တွင် Baidu ၏ Apollo self-driving နည်းပညာ ပါဝင်မည် ဖြစ်သည်။

ROBO X ကို တရုတ်ပြည်တွင် ယွမ် ၄၉,၉၉၉ (ကန်ဒေါ်လာ ၆၉၁၀) မျှဖြင့် pre-order မှာယူနိုင်ပြီဟု သိရသည်။ အဆိုပါ ဈေးနှုန်းတွင် မည်သည့်ထပ်တိုး ကုန်ကျစရိတ်များ ရှိဦးမည်ကိုမူ မသိရသေးချေ။

သို့သော် အလုံးအရင်း ထုတ်လုပ်မှုမှာ ၂၀၂၇ ခုနှစ်တွင်မှ စတင်နိုင်မည်ဟု ခန့်မှန်းထားသည်။ROBO X သည် ဈေးအလွန်သက်သာစွာ ဝယ်ယူနိုင်မည့်အပြင် ထူးခြားသည့် ကားဒီဇိုင်းကြောင့် သင်၏မြို့တွင် လူတိုင်းငေးကြည့်ခံရမည့်သူ ဖြစ်လာနိုင်သည်။

NRDC ၏ ဖော်ပြချက်အရ EV ပိုင်ရှင်တို့သည် ဆီကားပိုင်ရှင်တို့ထက် လောင်စာအတွက် ကုန်ကျစရိတ် နှစ်စဉ် ၄၀ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းအထိ ကုန်ကျစရိတ် သက်သာသည်ဟု ဆိုသည်။

ထို့အပြင် ကားပြုပြင်ထိန်းသိမ်းစရိတ်အတွက်လည်း ၄၀ ရာခိုင်နှုန်းခန့် ကုန်ကျစရိတ် သက်သာသည်။EV စီးခြင်းအားဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးနိုင်သည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ရရှိထားသော အချက်အလက်များကို အခြေခံကာ  လေ့လာချက်တစ်ရပ်အရ EV အသုံးပြုမှု မြင့်တက်လာနေသောကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ပမာဏမှာ နှစ်စဉ် ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းလာသည်ဟု ဆိုသည်။

Electrek သတင်းဌာနက ROBO X အကြောင်း ဖော်ပြခဲ့သော ဆောင်းပါးတွင် ယခုပြိုင်ကားကို အလွန်သဘောကျကြောင်း မှတ်ချက်ပြုသူများ ရှိနေသည်။
တစ်ဦးက မှတ်ချက်ပြုသည်မှာ “ငါ့မှာသာ ပိုက်ဆံရှိရင် ဒီဇိုင်းတစ်မျိုးတည်းကြောင့်ပဲ ဝယ်တယ်” ဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chinese car brand unveils smart-driving car with an unbelievable design: 'I'd buy it on looks alone' (thecooldown)