• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန် ပြိုင်ကားကုမ္ပဏီ McLaren ကို ဘာရိန်းနိုင်ငံက ဝယ်ယူပြီး တစ်နှစ်မပြည့်မီတွင်ပင် အာရပ်စော်ဘွားများပြည်ထောင်စုက ပြန်လည်ဝယ်ယူပြန်

ဗြိတိန် ပြိုင်ကားကုမ္ပဏီ McLaren ကို ဘာရိန်းနိုင်ငံက ဝယ်ယူပြီး တစ်နှစ်မပြည့်မီတွင်ပင် အာရပ်စော်ဘွားများပြည်ထောင်စုက ပြန်လည်ဝယ်ယူပြန်

  • 386 views

ဗြိတိန် ပြိုင်ကားထုတ်လုပ်သည့်ကုမ္ပဏီ McLaren ကို အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က ဝယ်ယူလိုက်ပြီး အရောင်းအဝယ်ကို အာရပ်စော်ဘွားများပြည်ထောင်စု၏ အရိုက်အရာဆက်ခံမည့် မင်းသားက ကြီးကြပ်ဦးဆောင်ခဲ့သည်။

McLaren ကို ဘာရိန်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Mumtalakat က ၂၀၂၄ နှစ်စပိုင်းတွင် ဝယ်ယူပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယခုအခါ ဘာရိန်းနိုင်ငံထံမှ ဆော်ဒီအာရေးဘီးယားက ပြန်လည်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(ဆက်စပ်သတင်း)

ဗြိတိန် ပြိုင်ကားထုတ်လုပ်ရေးကုမ္ပဏီ McLaren ကို ဘာရိန်းနိုင်ငံက ဝယ်ယူမည်

https://www.carsdb.com/my/news/409

Mumtalakat က McLaren ကို CYVN Holdings ထံရောင်းချရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

CYVN Holdings သည် ဒေါ်လာ ထရီလီယံနှင့်ချီကာ တန်ကြေးရှိသော Abu Dhabi Investment Authority က ကွပ်ကဲသည့် ကုမ္ပဏီဖြစ်သည်။

McLaren သည် ၂၀၂၃ ခုနှစ်တွင် ပေါင် ၉၂၄ သန်း၊ ၂၀၂၂ ခုနှစ်တွင် ပေါင် ၃၄၉ သန်း အသီးသီး အရှုံးပေါ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယခုအရောင်းအဝယ်တွင် Mumtalakat သည် McLaren ၏ ပြိုင်ကားအမှတ်တံဆိပ်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး CYVN က ရှယ်ယာအနည်းစုပိုင်ရှင် ဖြစ်လာမည် ဖြစ်သည်။

လက်မှတ်ရေးထိုးသည့် အခမ်းအနားကို အာရပ်စော်ဘွားများပြည်ထောင်စုတွင် အရိုက်အရာ ဆက်ခံမည့် မင်းသား ရှိတ် ခါလစ် ဘင် မိုဟာမက် ဘင် ဇာယစ် အယ်လ် နာယန်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတ ရှိတ် မိုဟာမက် ဘင် ဇာယစ် အယ်လ် နာယန်းတို့ ကွပ်ကဲပါဝင်ခဲ့သည်။

မင်းသား ရှိတ် ခါလစ်သည် အဘူဒါဘီ အကြီးအကဲ၏ သားတော်လည်း ဖြစ်သည်။

(McLaren ကို အရောင်းအဝယ်လုပ်သည့် အခမ်းနားတွင် အာရပ်စော်ဘွားများပြည်ထောင်စု၏ အရိုက်အရာ ဆက်ခံမည့်မင်းသား ရှိတ်ခါလစ် တက်ရောက်ခဲ့သည်။ ဓာတ်ပုံ-Antonio Lacerda/ EPA-EFE/Shutterstock)

CYVN သည် ယခင်ကလည်း တရုတ်ပြည်မှ ထိပ်သီးလျှပ်စစ်ကားကုမ္ပဏီ Nio တွင် ရင်းနှီးမြှုပ်နှံခဲ့ဖူးသည်။

ဆော်ဒီအာရေးဗီးယားသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် အခြေပြုနေရခြင်းမှသည် အခြားလုပ်ငန်းနယ်ပယ်များတွင် ဖြန့်ကျက်နိုင်ရေး ကြိုးပမ်းအားထုတ်မှု အမျိုးမျိုး လုပ်ဆောင်လာလျက်ရှိရာ ယခုကဲ့သို့ ကားလုပ်ငန်းနယ်ပယ်များတွင်လည်း ဖြန့်ကျက်လာခြင်း ဖြစ်သည်။

အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ဥက္ကဋ္ဌ Jassem Mohammed က ပြောသည်မှာ “McLaren ရဲ့ အထင်ကရဖြစ်မှုနဲ့ CYVN ရဲ့ အဆင့်မြင့် အင်ဂျင်နီယာ နည်းပညာစွမ်းပကားတွေကို ပေါင်းစပ်လိုက်ခြင်းဖြင့် high-performance mobility ကို ပြန်လည်အနက်ဖွင့်ဆိုနိုင်ဖို့၊ အကောင်းဆုံး စံချိန်သစ်တစ်ခု တင်နိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်” ဟု ဆိုသည်။

ဗြိတိန်ပြိုင်ကားကုမ္ပဏီ McLaren သည် ကိုဗစ်ကပ်ဘေးကာလမှစတင်ကာ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းနောက်ပိုင်းနှစ်များတွင်လည်း ဘဏ္ဍာရေးပြဿနာ ကြီးမားစွာ ရင်ဆိုင်လာခဲ့ရသည်။

ယင်းနောက်ပိုင်း ဝန်ထမ်းလျှော့ချခြင်း အပါအဝင် ရှယ်ယာရှင်တို့ထံမှ ထောက်ပံ့မှုများဖြင့် ရန်ပုံငွေ ပြန်လည်ရှာဖွေခြင်းများ ပြုလုပ်လာခဲ့ရသည်။

ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းရန်အတွက် McLaren သည် ဗြိတိန်မှ ရုံးချုပ်ကို ရောင်းထုတ်ခဲ့ရပြီးနောက် နှစ် ၂၀ ပြန်လည် ငှားရမ်းခဲ့ရသည်။

ထို့အပြင် ဂရန်းပရီ ဆုရ ဖော်မြူလာဝမ်း ကားများကိုပါ ရောင်းထုတ်ခဲ့ရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: UAE buys McLaren after carmaker suffers record loss (finance)