Genetal Motors က တိုက်လေယာဉ်အသွင် ထုတ်လုပ်ခဲ့သည့် မော်တော်ကား

  • 170 views


ဘီးတပ်ထားသော ဂျက်တိုက်လေယာဉ်ဟု အမည်တွင်ခဲ့သောကားကို ၁၉၅၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့ပြီး ကားလောက၏ အနာဂတ်ဟု ထိုအခါက ရှုမြင်ခဲ့ကြသည်။

သို့သော် ဈေးကွက်တွင် ဖြန့်ချိရန် အလုံးအရင်းထုတ်လုပ်သည့်အဆင့်အထိ ရောက်ရှိမလာဘဲ နမူနာကားမှာ ပြတိုက်များတွင် ပြသထားရန်မျှသာ ဖြစ်လာသည်။

(အံ့ဖွယ် ဘီးတပ်ထားသော ဂျက်တိုက်လေယာဉ်ကို ၁၉၅၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Alamy)

 

(Firebird ဟု အမည်ပေးထားသော ကားမှာ တချိန်က ကားလောက၏ အနာဂတ်ဟု ရှုမြင်ခံခဲ့ရသည်။ ဓာတ်ပုံ-Alamy)

Firebird ကို General Motors က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တရားဝင် အမည်ပေးထားသည်မှာ XP-21 ဖြစ်သည်။

၁၉၅၃ ခုနှစ်က ထုတ်လုပ်ခဲ့သော နမူနာကားမော်ဒယ်တစ်ခု ဖြစ်သည်။

GM မှ genius ဖြစ်သော Harley Earl က ဒီဇိုင်းရေးဆွဲခဲ့သော ယခုကားကို Auto Evolution က ဘီးတပ်ထားသော ဂျက်တိုက်လေယာဉ်ဟု တင်စားသည်။

Douglas F4D Skyray တိုက်လေယာဉ်ကို inspire ယူကာ ကိုယ်ထည်ကို fiberglass-reinforced ပလတ်စတစ်ကို အသုံးပြုပြီး ထုတ်လုပ်ခဲ့သည်။

Firebird သည် တိုက်လေယာဉ်နှင့် တူရုံမျှမက two-part တာဘိုင်အင်ဂျင်ဖြင့် တိုက်လေယာဉ်၏ စွမ်းအားမျိုး ရယူထားသည်။

Whirlfire Turbo Power gas turbine ကို အသုံးပြုထားပြီး speed ၂ မျိုးသာ ပါဝင်သည်။

370hp အားထွက်ပြီး ဂျက်အင်ဂျင်ကဲ့သို့ အိတ်ဇောငွေ့များကို အပူချိန် ၆၇၇ ဒီဂရီ စင်တီဂရိတ်ဖြင့် မှုတ်ထုတ်သည်။

သီအိုရီအရဆိုလျှင် ဤကားမှာ 200mph အမြန်နှုန်းအထိ မောင်းနိုင်သည်။

သို့သော် ကားစမ်းသပ်ချိန်တွင် မည်သူမျှ 100mph ထက် ကျော်ကာ မမောင်းရဲ။

XP-21 Firebird ကို ၁၉၅၄ ခုနှစ် Motorama ကားပြပွဲတွင် ပထမဆုံး ပွဲထုတ်ပြသခဲ့ပြီး ထိုပွဲ၏ လူပြော အများဆုံး မော်တော်ကား ဖြစ်ခဲ့သည်။

XP-21 ကို Firebird 1 ဟုလည်း လူသိများသည်။

ယင်းနောက်ပိုင်းတွင် အခြားသော jet-inspired နမူနာမော်ဒယ် ၃ မျိုး ထုတ်လုပ်ခဲ့သေးသည်။

Firebird ဟူသောအမည်မှာ GM ၏ Pontiac နှင့် အဓိပ္ပာယ်ချင်းတူညီနေသည်။

ယခုကားမှာ အလုံးအရင်းထုတ်လုပ်မည့် အခြေအနေသို့ ရောက်မလာခဲ့ဘဲ GM ၏ Heritage Center တွင်သာ ပြသထားသည်။

(XP-21 Firebird ကို ၁၉၅၄ Motorama ကားပြပွဲတွင် ပထမဆုံး ပွဲထုတ်ပြသခဲ့သည်။ ဓာတ်ပုံ-Alamy)

(အလုံးအရင်းထုတ်လုပ်သည့်အဆင့်သို့ မရောက်ခဲ့ဘဲ GM ၏ Heritage Center တွင် ပြသထားသည်။ ဓာတ်ပုံ-Alamy)

(သီအိုရီအရ 200mph အထိ မောင်းနိုင်သော်လည်း ကားစမ်းသပ်ချိန်က 100mph ထက် မည်သူမျှ ပိုမမောင်းရဲခဲ့။ ဓာတ်ပုံ-Getty)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: How incredible 50s speedster dubbed ‘jet fighter with wheels’ & hailed as ‘car of the future’ vanished from existence (thesun)

Photo Credit-Getty, Alamy