- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၄ မော်ဒယ် Toyota RAV4 Edge Hybrid 4WD ကို လေ့လာခြင်း
၂၀၂၄ မော်ဒယ် Toyota RAV4 Edge Hybrid 4WD ကို လေ့လာခြင်း
- 542 views
Toyota RAV4 Hybrid သည် သြစတေးလျတွင် mid-size SUV များအနက် အကျော်ကြားဆုံး ဖြစ်သည်။
သို့သော် အကျော်ကြားဆုံးမှာ အကောင်းဆုံးဖြစ်သည်ဟု မဆိုလိုချေ။
Drive.com ၏ Expert Rating တွင် 7.8 ရရှိထားသည်။
ရီဗြူးအတွက် စမ်းသပ်ထားသော မော်ဒယ်မှာ ၂၀၂၄ Toyota RAV4 Edge Wagon ဖြစ်ပြီး ဈေးတန်းမှာ ဒေါ်လာ ၅၆၀၀၀ ဝန်းကျင်ဖြစ်သည်။
(အားသာချက်များ))
● ဓာတ်ဆီနှင့် လျှပ်စစ် လွယ်ကူစွာ ကူးပြောင်းသုံးနိုင်ခြင်း။
● ထုတ်လုပ်ထားမှု တောင့်တင်းခိုင်မာကာ သုံးစွဲထားသောပစ္စည်းများ အရည်အသွေးကောင်းခြင်း။
● ဆိတ်ငြိမ်ခြင်း။
(အားနည်းချက်များ))
● ဓာတ်ဆီအင်ဂျင်မှာ စက်နှိုးထားချိန်တွင် အလွန်ဆူညံခြင်း။
● ပြိုင်ဖက်မော်ဒယ်များတွင် တွေ့ရသော feature အချို့ မပါဝင်ခြင်း။
● Roadside assistance မပါခြင်း။
Toyota RAV4 သည် သြစတေးလျတွင် လူတိုင်းသိသည့် အမည်နာမ တစ်ခုဖြစ်သည်။
ကားအသုံးပြုမှု ကုန်ကျစရိတ်သက်သာခြင်း၊ ရိုးစင်းကာ လက်တွေ့ဆန်ခြင်း၊ စွမ်းဆောင်ရည်မြင့်သော hybrid powertrain တို့အတွက် နာမည်ကြီးသည်။
အလတ်စား SUV ဖြစ်ပြီး လက်ရှိအားဖြင့် 5TH generation ဖြစ်သည်။
အခြားသော အလတ်စား SUV ထုတ်လုပ်သူတို့မှာ fuel-sipping နည်းပညာ
များ ထည့်သွင်းလာကြသည်။
အဆိုပါကားတို့မှာ Toyota RAV4 နှင့်ယှဉ်လျှင် ကျော်ကြားမှု နည်းပါးနေသည်။
ထိုသို့ဖြစ်ရခြင်းမှာ customer တို့အနေဖြင့် မည်သည့်ကားက အကောင်းဆုံး specs များ ပါဝင်သည်ဆိုခြင်းထက် မိမိတို့သိသော အမှတ်တံဆိပ်များကိုသာ ဖက်တွယ်ထားခြင်းကြောင့်လော။
Toyota က RAV4 ကို Hybrid only သာထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ရောင်းချခဲ့ရမှုများ၏ ၉၅ ရာခိုင်နှုန်းမှာ ဓာတ်ဆီ-လျှပ်စစ် hybrid များဖြစ်နေခြင်းအပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
RAV4 ၏ Line-up တွင် variant ၅ မျိုးရှိသည်။
အားလုံးတွင် 2.5-litre four-cylinder non-turbo ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားပြီး လျှပ်စစ်မော်တာ ၃ လုံးနှင့် ပေါင်းစပ်ပေးထားသည်။
လျှပ်စစ်မော်တာတို့၏ total output မှာ 163Kw ရှိသည်။
ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၄ ဒသမ ၈ လီတာ ဖြစ်သည်။
Toyota RAV4 Edge Hybrid 4WD ၏ ဈေးနှုန်းမှာ ဒေါ်လာ ၅၈၃၆၀ ဖြစ်သည်။
ဆေးရောင် ရွေးချယ်လျှင် ဒေါ်လာ ၇၀၀ ဈေးပိုသည်။
ဈေးကွက်တွင်ရှိသည့် အခြားသော အလတ်စား Hybrid SUV များ၏ ဈေးတန်းကို ကြည့်မည်ဆိုလျှင် Nissan X-Trail Ti-L e-Power မှာ ဒေါ်လာ ၅၈၁၉၀၊ Hyundai Tucson N Line Premium မှာ ၆၁၁၀၀ ဒေါ်လာ၊ Honda CR-V e:HEV RS မှာ ၅၉၉၀၀ ဒေါ်လာတို့ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 2024 Toyota RAV4 Edge Hybrid AWD review