ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၁၇)

  • 151 views

 

(၄) “ခရီးသည်တင်ယာဉ်သီးခြားယာဉ်ကြော” ဆိုင်းဘုတ်ကို အောက်ခံအပြာရောင်စတုရန်းပုံအတွင်း ယာဉ်ကြောအလိုက် ဦးတည်ရာလမ်းကြောင်းပြ မြားပုံများအား အဖြူရောင်ဖြင့်လည်းကောင်း၊ “သီးခြားယာဉ်ကြော (ခရီးသည်တင်ယာဉ်များသာ)” သင်္ကေတကို သက်ဆိုင်ရာမြားပုံများပေါ်တွင်လည်းကောင်း ရေးဆွဲရမည်။

ခရီးသည်တင်ယာဉ် သီးခြားယာဉ်ကြောအတွင်း အခြားယာဉ်များ မောင်းနှင်ခြင်းမပြုရပါ။ အခြားယာဉ်အမျိုးအစားများအတွက် သီးခြားယာဉ်ကြောသတ်မှတ်လိုပါက ဆိုင်းဘုတ်၌ သတ်မှတ်လိုသည့် ယာဉ်ကြောပေါ်တွင် သက်ဆိုင်သည့်ယာဉ်အမျိုးအစား၏ သင်္ကေတပုံကို ရေးဆွဲရမည်။ (ပုံ-၁၄၁)

 

 

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com