- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၄ မော်ဒယ် Toyota Kluger မျိုးကွဲများ၊ ဈေးနှုန်းများနှင့် REVIEW
၂၀၂၄ မော်ဒယ် Toyota Kluger မျိုးကွဲများ၊ ဈေးနှုန်းများနှင့် REVIEW
- 417 views
2024 Toyota Kluger သည် Drive Expert တွင် Rating 7.9 အထိ ရရှိထားပြီး သြစတေးလျ၏ drive ကားဝက်ဘ်ဆိုက်တွင် 2024 Car of the Year (Best Large SUV under $80000) အဖြစ် ရွေးချယ်ဖော်ပြခံရသည်။
((အားသာချက်များ)
● အတွင်းခန်းမှာ လက်တွေ့ဆန်သည်။ အမြင်ကောင်းသည်။
● servicing စရိတ်သက်သာသည်။
● ပစ္စည်းထားသိုခန်းနှင့် တံခါး ကြီးကြီးမားမား ကျယ်ကျယ်ဝန်းဝန်းရှိသည်။
((အားနည်းချက်များ)
● Spec အမြင့်ပိုင်းကားများမှာ အလွန်ဈေးများနေသည်
● စတိုင်အကျဆုံးကားတစ်စင်းမဟုတ်သေး
Toyota Kluger သည် Large SUV of the Year အဖြစ် အကြိမ်ကြိမ် ရွေးချယ်ခံထားရရာ family car များတွင် အခရာဖြစ်နေသည်မှာ ငြင်းရန်မရှိချေ။
၂၀၂၂၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ် ၃ နှစ်ဆက်တိုက် Best Large SUV အဖြစ် သြစတေးလျ ကားဝက်ဘ်ဆိုက် The Drive က ရွေးချယ်ခြင်းခံရသည်။
ထိုသို့ ရွေးချယ်ခံရခြင်း၏ အကြောင်းရင်းမှာ hybrid မော်ဒယ်ဖြစ်သော Toyota Kluger သည် run and service အတွက် ကုန်ကျစရိတ် သက်သာခြင်း၊ ပစ္စည်းသယ်ယူရန် နေရာကျယ်ဝန်းခြင်းတို့ကြောင့် မိသားစုများအတွက် အလွန်သင့်တော်သောကြောင့် ဖြစ်သည်။
Toyota Kluger Grande Hybrid မှာ သြစတေးလျတွင် ဒေါ်လာ ၈၀၂၃၀ မှ စသည်။
Graphite Metallic ဆေးရောင်ဖြင့်ဆိုလျှင် ၆၇၅ ဒေါ်လာ ပိုပေးရသည်။
မျိုးကွဲများအနေဖြင့် Hybrid GXL မှာ ဒေါ်လာ ၆၇၈၁၀ ၊ Hybrid GX မှာ ၅၈၂၉၀ ဒေါ်လာဟူ၍ရှိရာ မော်ဒယ် ၃ မျိုးတွင် တစ်မျိုးနှင့်တစ်မျိုးကြား ဒေါ်လာ တစ်သောင်းဝန်းကျင် ဈေးကွာသည်။
ထို ၃ မျိုးလုံးတွင် 2.5-litre hybrid အင်ဂျင်တပ်ဆင်ထားပြီး ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၅ ဒသမ ၆ လီတာ ဖြစ်သည်။
((Toyota Kluger ၏ Rating များ))
Performance 7.4/10
Safety Technology 8.3/10
Ride Quality 7.3/ 10
Infotainment 8.3/ 10
Handling & Dynamics 7.9/ 10
Energy Efficiency 7.9/ 10
Drive Technology 7.5/ 10
Value for money 7.4/ 10
Interior Comfort 8.5/ 10
((ဈေးနှုန်းများ))
၂၀၂၄ မော်ဒယ် Toyota Kluger GX 2.5L SUV 4WD Hybrid – ၆၀၉၂၀ ဒေါ်လာ
၂၀၂၄ မော်ဒယ် Toyota Kluger GXL 2.5L SUV 4WD Hybrid- ၇၀၄၄၀ ဒေါ်လာ
၂၀၂၄ မော်ဒယ် Toyota Kluger Grande 2.5L SUV 4WD Hybrid- ၈၂၈၆၀ ဒေါ်လာ
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota Kluger (drive)