- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ရောက် အင်္ဂလန်သားတစ်ဦးက ဒေါ်လာ ၂၅၀၀၀ အကုန်ခံကာ ပြုလုပ်ခဲ့သော ငှက်ပျောသီးကား
အမေရိကန်ရောက် အင်္ဂလန်သားတစ်ဦးက ဒေါ်လာ ၂၅၀၀၀ အကုန်ခံကာ ပြုလုပ်ခဲ့သော ငှက်ပျောသီးကား
- 304 views
အမေရိကန်ရောက် အင်္ဂလန်နိုင်ငံသားတစ်ဦးက ကားတစ်စီးကို ငှက်ပျောသီးကြီးအသွင်သို့ ဒေါ်လာ ၂၅၀၀၀ အကုန်အကျခံကာ ပြောင်းလဲခဲ့သည်။
ငှက်ပျောသီးကား ဖန်တီးခဲ့သူ စတိဗ် ဘရေ့သ်ဝိတ် (Steve Braithwaite) သည် အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ်ရှိုင်းယားခရိုင်၊ ဝုဒ်စတော့ခ်မြို့တွင် နေထိုင်ခဲ့သူဖြစ်ပြီး ယခုအခါ အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်၊ ကာလာမာဇူးမြို့တွင် နေထိုင်လျက်ရှိသည်။
စတိဗ်က ငှက်ပျောသီးကားကို ဒေါ်လာ ၂၅၀၀၀ အကုန်အကျခံကာ ၂ နှစ်ကြာ အချိန်ယူပြီး ဖန်တီးခဲ့ခြင်း ဖြစ်သည်။
(စတိဗ် ဘရေ့သ်ဝိတ်နှင့် သူ၏ မိတ်ဆွေများကို ငှက်ပျောသီးကားထဲတွင် အတူတွေ့ရပုံ)
(မီချီဂန်ပြည်နယ်တွင် နေထိုင်သူ စတိဗ် ဘရေ့သ်ဝိတ်သည် မိတ်ဆွေများနှင့်အတူ ငှက်ပျောသီးကားဖြင့် သွားလာလေ့ရှိသည်)
မူလက ဒေါ်လာ ၁၀၀၀၀ ခန့်သာ အကုန်အကျခံပြုလုပ်ရန် ရည်မှန်းခဲ့သော်လည်း မူလလျာထားချက်ထက် ပိုမိုကုန်ကျခဲ့သည်။
သို့သော် စတိဗ်က ကုန်ရသမျှအတွက် ထိုက်တန်ကြောင်း ပြောသည်။
စတိဗ်၏ ငှက်ပျောသီးကားသည် မြင်သူတိုင်း သမင်လည်ပြန်ငေးကြရပြီး အထူးသဖြင့် ကားပြပွဲများနှင့် ကလေးငယ်တို့၏ မွေးနေ့ပွဲများတွင် အထူးအာရုံစိုက်ခြင်းခံရသည်။
“ငှက်ပျောသီးကားရဲ့ အကောင်းဆုံးအချက်ကတော့ ကလေးတွေ တွေ့သွားတဲ့အချိန်ပါပဲ။” ဟု စတိဗ် ဘရေ့သ်ဝိတ်က ပြောသည်။
“သူတို့ အမေတွေရဲ့ လက်ထဲမှာ ခုန်ပေါက်နေပြီး ငှက်ပျောသီး…ငှက်ပျောသီး…လို့ အော်ကြတယ်”
(စတိဗ်က သူ၏ငှက်ပျောသီးကားကို များစွာဂုဏ်ယူသည်)
(စတိဗ်နှင့် မိတ်ဆွေသူငယ်ချင်းများ ငှက်ပျောသီးကားဖြင့် လည်ပတ်ကြပုံ)
(ငှက်ပျောသီးကား၏ အကောင်းဆုံးအချိန်မှာ ကလေးများ မြင်တွေ့သွားချိန်ဖြစ်ကြောင်း စတိဗ်က ပြောသည်)
(မီချီဂန်ပြည်နယ်ရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် ငှက်ပျောသီးကားကို ဆီဖြည့်နေပုံ)
“ဒီကားစီးတဲ့အချိန်မှာ အလျင်စလိုဖြစ်နေတယ်ဆိုရင်တော့ တကယ့်ဒုက္ခတစ်ခုပါပဲ”
“တခါမှာ ကျွန်တော်က တစ်နေရာကို အလျင်စလို သွားဖို့ကိစ္စရှိနေပြီး ဆီကလည်း ထည့်ဖို့လိုနေတယ်။ ဒါပေမယ့် ဆီဆိုင်မှာ ၄၅ မိနစ်လောက်ကြာတဲ့အထိ ကျွန်တော် ကားထွက်လို့ မရခဲ့ဘူး။ ကားကို ဓာတ်ပုံရိုက်ချင်လို့ လူတိုင်းက တောင်းဆိုနေကြတာကြောင့် ဖြစ်ပါတယ်”
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A really a-peeling motor: Man spends $25,000 turning car into a fully driveable BANANA... (and he wants to drag race the Oscar Meyer Weiner mobile) (dailymail)
Photo Credit-dailymail