ဆီးရီးယားသမ္မတ အာဆတ် ကျန်ရစ်ခဲ့သော တန်ဖိုးကြီး မော်တော်ကားများ

  • 840 views

ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်ကို ဆန့်ကျင်သူတို့က မြို့တော် ဒမတ်စကတ်ကို သိမ်းယူလိုက်ပြီးနောက် အာဆတ်အစိုးရအဖွဲ့ ပြိုကျသွားသည်။

ဆီးရီးယားကို ၂၄ နှစ်ကြာ အုပ်ချုပ်ခဲ့သူ သမ္မတအာဆတ်သည် ရုရှားတွင် ခိုလှုံနေပြီး လက်ရှိအားဖြင့် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရချေ။

အာဆတ်ကျန်ရစ်ခဲ့သောအရာများအနက် တန်ဖိုးကြီး မော်တော်ကားများ ပါဝင်နေသည်။

အာဆတ်ကို ဆန့်ကျင်သူတို့က သမ္မတနန်းတော်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ဗွီဒီယိုရိုက်ကူးခဲ့သည်။

လူမှုကွန်ရက်တွင် ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်များအရ အမျိုးသားတစ်စုသည် ဂိုဒေါင်ကြီးတစ်လုံးကို ဝင်ရောက်ရှာဖွေရာတွင် အလွန်တရာရှားပါးလှသော six-wheel camper တစ်စင်းအပါအဝင် ဂန္ထဝင်ကားများမှသည် တန်ဖိုးကြီးပြိုင်ကားများအထိ မော်တော်ကားအစင်းရေများစွာ တွေ့ရှိခဲ့သည်။

၎င်းတို့တွေ့ရှိခဲ့သော ကားများအနက် အချို့ကို ဖော်ပြရလျှင် Lamborghini Diablo, Mercedez-Benz SLS AMG, SL65 Black Series, Ferrari F50, Audi R8,Toyota FJ Cruisers and Land Cruisers, Land Rover Defender တို့ အပါအဝင် ဖြစ်သည်။

ထို့အပြင် သမ္မတအာဆတ် အထူးနှစ်သက်သည့် ကား ၂ စင်းဖြစ်သော Lamborghini LM002 SUV တစ်စင်းနှင့် Mercedes 600 Grosser limo တစ်စင်းတို့လည်း တွေ့ရသည်။

အထူးခြားဆုံးမှာ Revcon Trailblazer ဖြစ်သည်။

၁၉၉၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော six-wheel RV ဖြစ်ကာ OBS Ford F-350 ပေါ် အခြေတည်ကာ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ပြန်တွေးကြည့်မည်ဆိုလျှင် အဆိုပါဗွီဒီယိုဖိုင်တို့မှာ ကားဝါသနာအိုးများအတွက် စိတ်ဝင်တစား ကြည့်ရှုရုံသာရှိသည့် အကြောင်းရပ်ဖြစ်သော်လည်း အာဆတ်အုပ်ချုပ်ခဲ့သည့် သက်တမ်းအတွင်း ၎င်းမည်သို့ ဇိမ်ခံနေထိုင်ခဲ့ပုံကို ပြသနေသည့်အကြောင်းရပ်လည်း ဖြစ်သည်။

အာဆတ်သည် ၎င်းအုပ်ချုပ်သွားသည့် ၂၄ နှစ်တာ ကာလအတွင်း ယခုတွေ့ရသည့် တန်ဖိုးကြီး ဇိမ်ခံကားများဖြင့် နေထိုင်ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။

သူ၏ ခမ်းနားထည်ဝါသော နေထိုင်မှုဟန်ပန်များ ဆက်လက် ပေါ်ထွက်လာမည့်နည်းတူ သူ၏ ရက်စက်မှုများလည်း ဆက်လက်ပေါ်ထွက်လာဖွယ်ရှိသည်။

ဝမ်းမြောက်ပျော်ရွှင်နေသော ဆီးရီးယားနိုင်ငံသားတို့သည် ဘရှား အယ်လ် အာဆက်၏ သမ္မတနန်းတော်ကို အလုံးအရင်းဝင်ရောက်ကြည့်ရှုခဲ့ကြရာ Louis Vuitton အိတ်များအပါအဝင် တန်ဖိုးကြီးပစ္စည်းများစွာ တွေ့ရှိခဲ့ကြသည်။

(ဝမ်းသာပျော်ရွှင်နေသော ဆီးရီးယားနိုင်ငံသားများက အာဆတ်၏ နန်းတော်သို့ ဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းများ ယူငင်နေကြပုံ)

(အာဆတ်၏ နန်းတော်တွင်တွေ့ရှိသော Louis Vuitton အိတ်တစ်လုံးကို ပြည်သူတစ်ဦးက ယူဆောင်လာပုံ)

(သမ္မတနန်းတော်မှ နံရံကပ်ဘီရိုများတွင် တန်ဖိုးကြီးပစ္စည်းများစွာ တွေ့ရသည်။)

(အာဆတ်ပိုင်ဆိုင်ခဲ့သော တန်ဖိုးကြီး မော်တော်ကားပေါင်းများစွာ သိမ်းဆည်းရရှိခဲ့သည်)

(အာဆတ်၏ ဂိုဒေါင်ထဲတွင် Mercedes, Ferrari နှင့် Audi တို့အပါအဝင် တန်ဖိုးကြီး မော်တော်ကား များစွာ တွေ့ရသည်)

(ဒမတ်စကပ်မြို့ကို သိမ်းယူလိုက်သော အာဆတ်ဆန့်ကျင်သူတို့က အာဆတ်၏ဂိုဒေါင်မှ တန်ဖိုးကြီးများစွာ သိမ်းဆည်းရမိကြသည်)

(အချို့သော ကားတို့မှာ ဘောနက်ဖုံးများ ပွင့်နေသည်)

(အာဆတ်၏ နန်းတော်ထဲတွင် တွေ့သော တန်ဖိုးကြီးပစ္စည်းများကို ပြည်သူတို့ သယ်ယူနေပုံ)(အာဆတ်၏ နန်းတော်ထဲမှ ပန်းကန်ခွက်ယောက်များကို သယ်ယူသွားသော ပြည်သူတစ်ဦး)

(အနုပညာလက်ရာတစ်ခုကို သယ်ယူသွားသော ပြည်သူတစ်ဦး)

(အာဆတ်၏ နန်းတော်ထဲမှ ပန်းကန်ပြားများ သယ်ယူသွားသော ဆီးရီးယားအမျိုးသမီးတစ်ဦးကို ပြုံးရွှင်စွာ တွေ့ရပုံ)

(လက်ဆွဲအိတ်တစ်လုံး ယူဆောင်နေသော ပြည်သူတစ်ဦး)

(အာဆတ်၏ စံအိမ်တစ်လုံးမှ တွေ့သော ပစ္စည်းများကို အိတ်တစ်လုံးအတွင်း ထည့်ထားပုံ)

(သမ္မတ၏ နန်းတော်ထဲမှ အဝတ်အစားအပြည့်ရှိသော သေတ္တာတစ်လုံးကို သယ်ယူသွားသည့် အမျိုးသမီးတစ်ဦး)

(ပျော်ရွှင်နေသော ပြည်သူတို့က အာဆတ်၏ နန်းတော်တွင် တစ်ခန်းမှ တစ်ခန်းကူးကာ တန်ဖိုးကြီးပစ္စည်းများကို ရှာဖွေ ယူဆောင်ကြသည်)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Syrian Dictator Bashar Al-Assad’s Abandoned Car Collection Found With Ferrari F50, SL65 Black Series (dailymail)

Photo Credit-dailymail