- ပင်မစာမျက်နှာ
- ကားသတင်းများ
- Ferrari တည်ထောင်သူ Enzo Ferrari နေ့စဉ်စီးခဲ့သော Ferrari 330 GT ဖေ့စ်ဘုတ်တွင် အရောင်းတင်လာ
Ferrari တည်ထောင်သူ Enzo Ferrari နေ့စဉ်စီးခဲ့သော Ferrari 330 GT ဖေ့စ်ဘုတ်တွင် အရောင်းတင်လာ
- 154 views
Ferrari ကုမ္ပဏီကို တည်ထောင်ခဲ့သူ Enzo Ferrari ကိုယ်တိုင်မောင်းနှင်စီးနင်းခဲ့သည့် ၁၉၆၂ ခုနှစ်မော်ဒယ် Ferrari 330 GT 2+2 တစ်စင်း ဖေ့စ်ဘုတ်တွင် အရောင်းဈေးကွက်ဝင်လာသည်။
လက်ရှိပိုင်ရှင် ဒေါ်လာ ၈၆၅၀၀၀ သာ ဈေးခေါ်ထားသည်။
Chevy Truck များနှင့်အတူ ရောနှောကာ အရောင်းဈေးကွက်တင်လာခြင်းဖြစ်ပြီး Chevy Truck တို့၏ ဈေးနှုန်းမှာ ဒေါ်လာ ၁၅၀၀ ဖြစ်သည်။
(ဓာတ်ပုံ-Warren Lubow via Facebook Marketplace)
သူ၏ကားကို ကားစုတ်များနှင့် ရောနှောကာ ရောင်းချခံနေရသည်ကို Enzo Ferrari သာ သင်္ချိုင်းဂူအတွင်းမှ သိနိုင်မည်ဆိုလျှင် များစွာစိတ်မချမ်းမြေ့ဖွယ် ရှိသည်။
62 Ferrari 330 GT 2+2 prototype ကို ဖေ့စ်ဘုတ်တွင် ရောင်းချနေသည်ကို တွေ့ရခြင်းမှာ လီယိုနာဒို ဒါဗင်ချီ၏ “ခရစ္စတော်၏ နောက်ဆုံးညစာစားပွဲ” (The Last Supper) ပန်းချီကားကြီးကို အပေါင်ဆိုင်တွင် တွေ့လိုက်ရသကဲ့သို့ပင်။
(ဓာတ်ပုံ-Warren Lubow via Facebook Marketplace)
(ဓာတ်ပုံ-Warren Lubow via Facebook Marketplace)
Enzo သည် ပြိုင်ကားမဟုတ်သော အခြားကားများအပေါ် အချစ်၊ အမုန်းရောယှက်နေသည့် စိတ်သဘောထားရှိသည်။
Ferrari တည်ထောင်သူ Enzo သည် ပြိုင်ကားမဟုတ်သည့်ကားများ ထုတ်လုပ်ရန် ဆန္ဒလုံးဝမရှိခဲ့ကြောင်း လူသိများသည်။
(ဓာတ်ပုံ-Warren Lubow)
ယခုကားသည် Enzo ကိုယ်တိုင်စီးခဲ့သော ကားများအနက်တစ်စီးအပါအဝင်ဖြစ်ပြီး 4.0-litre V12 အင်ဂျင်တပ်ဆင်ထားကာ မြင်းကောင်ရေအား 300+ထွက်သည်။
လှပခမ်းနားသော်လည်း Ferrari အသွင်မျိုး ရှိမနေ။
၁၉၅၀ ပြည့်လွန်ကာလများက muscle car တစ်စင်းအသွင် ဖြစ်သည်။
ကားမှာ အသန့်အတိုင်းရှိသေးသည်။
သို့သော် Facebook Marketplace တွင် ဒေါ်လာ ၁၅၀၀ တန် Chevy Truck များနှင့်တွဲကာ အရောင်းမြင်ရခြင်းမှာ ထူးဆန်းနေသည်။
ကားတည်ရှိသည့်နေရာမှာ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲတွင်ဖြစ်သောကြောင့် ဝယ်ယူလိုပါက ခရီးရှည်ထွက်ရဖွယ်ရှိသည်။
(ဓာတ်ပုံ-Warren Lobow)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Enzo Ferrari’s Company Car Is For Sale on Facebook Marketplace (thedrive)
Photo Credit-Warren Lobow