ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၁၆)

  • 289 views

 


(၃) “ယာဉ်ကြောအလိုက် သတ်မှတ်အမြန်နှုန်းကန့်သတ်ချက်ထက် ပိုမမောင်းရ”ဆိုင်းဘုတ်ကို အောက်ခံအပြာရောင်၊ စတုရန်းပုံအတွင်း ယာဉ်ကြောအလိုက်ဦးတည်ရာလမ်းကြောင်းပြ မြားပုံများအား အဖြူရောင်ဖြင့်လည်းကောင်း၊ကန့်သတ်ထားသည့် အမြန်နှုန်းအား သက်ဆိုင်ရာမြားပုံများပေါ်တွင် အောက်ခံအဖြူရောင်၊ အနားကွပ်အနီရောင် စက်ဝိုင်းထဲတွင် စာသားကို အနက်ရောင်ဖြင့်လည်းကောင်း ရေးဆွဲရမည်။ ယာဉ်ကြောအလိုက် မောင်းနှင်ရမည့်အမြန်နှုန်းကန့်သတ်ချက်ကို သတ်မှတ်ရာတွင် လက်ဝဲဘက်အစွန်ဆုံး ယာဉ်ကြောအားကျန်ယာဉ်ကြောတို့ထက် အမြန်နှုန်းပိုမိုခွင့်ပြုသတ်မှတ်ပေးနိုင်သည်။ ယာဉ်မောင်းနှင်သူများ အနေဖြင့် ယာဉ်ကြောအလိုက် သတ်မှတ်သည့် အမြန်နှုန်း ကန့်သတ်ချက်အတွင်းသာ မောင်းနှင်ရမည်။ (ပုံ-၁၄၀)

 

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com