- ပင်မစာမျက်နှာ
- ကားသတင်းများ
- သြစတေးလျတွင် ဝတ်လစ်စလစ် အမျိုးသားတစ်ဦးက Uber အငှားယာဉ်ကို ပြန်ပေးဆွဲရန် ကြိုးစားရာ ရဲအရာရှိတို့က ရှော့ရိုက်ဖမ်းဆီးခဲ့ရ
သြစတေးလျတွင် ဝတ်လစ်စလစ် အမျိုးသားတစ်ဦးက Uber အငှားယာဉ်ကို ပြန်ပေးဆွဲရန် ကြိုးစားရာ ရဲအရာရှိတို့က ရှော့ရိုက်ဖမ်းဆီးခဲ့ရ
- 150 views
အမျိုးသားတစ်ဦးက အဝတ်အစားမပါဘဲ ကားတစ်စင်းကို ပြန်ပေးဆွဲရန် ကြိုးစားသည့်ဖြစ်ရပ်မှာ မကြာခဏ တွေ့ဖူးသောဖြစ်ရပ်မျိုး မဟုတ်ချေ။
သြစတေးလျနိုင်ငံ၊ ပါ့သ်မြို့ရှိ ပါတီပွဲနေရာတစ်ခုတွင် အသက် ၂၃ နှစ်အရွယ် Puhi Clark ဆိုသော အမျိုးသားမှာ ထိုသို့ လုပ်ဆောင်ရန် ကြိုးစားခဲ့ကြောင်း လူမှုကွန်ရက်တွင် ပေါ်ပေါက်လာသည့် ဗွီဒီယိုဖိုင်တစ်ခု၌ တွေ့ရသည်။
ဗွီဒီယိုတွင် တွေ့မြင်ရမှုအရ Clark သည် Uber ဟု ယူဆရသော ကားတစ်စင်းထံ ပြေးသွားပြီး ကားထဲသို့ ခုန်ဝင်ရန် ကြိုးစားခဲ့သည်။
သို့သော် အခင်းဖြစ်ရာနေရာတွင်ရှိနေသော လက်သွက်လှသည့် ရဲအရာရှိတို့က Clark ကို ရှော့ရိုက်တံဖြင့် ရှော့ရိုက်ကာ ၎င်း၏လုပ်ဆောင်ချက်အား တားဆီးရန် ကြိုးစားခဲ့ကြသည်။
Clark က ပြန်လည်ခုခံမှုများ ပြုလုပ်ခဲ့ရာ အနီးဝန်းကျင်ရှိပြည်သူတို့က ဝိုင်းဝန်းကာ ၎င်းအား ကားအတွင်းမှ ထွက်စေရန် ကြိုးပမ်းခဲ့ကြရသည်။
Clark က ရဲအရာရှိများကို ဒေါသတကြီး ထိုးနှက်ကန်ကျောက်မှုများ ပြုလုပ်သောကြောင့် ရဲအရာရှိတို့က ၎င်းကို ပလက်ဖောင်းပေါ်တွင် ဒုတိယအကြိမ် ရှော့ရိုက်ခဲ့သည်။
(ရဲအရာရှိတို့က Clark ကို ထိန်းချုပ်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။ ဓာတ်ပုံ-7News)
(ရဲအရာရှိအနေဖြင့် Clark ကို ရှော့ရိုက်ရန်မှတပါး ရွေးချယ်စရာ မရှိခဲ့။ ဓာတ်ပုံ-7News)
(ပါ့သ်မြို့ရှိ အခင်းဖြစ်ပွားရာနေရာတွင် ဝရုန်းသုန်းကားဖြစ်သွားခဲ့သည်။ ဓာတ်ပုံ-7News)
အခင်းဖြစ်ရာနေရာအနီး ဖြတ်သွားဖြတ်လာများ၊ မျက်မြင်တွေ့ရှိသူများကို Clark က လျှာထုတ်ပြခဲ့သည်။
Clark ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီး အများပြည်သူနှင့်ဆိုင်သောနေရာတွင် ဝရုန်းသုန်းကား ပြုလုပ်မှု၊ ရဲအရာရှိများကို ဟန့်တားနှောင့်ယှက်မှု၊ ပြည်သူ့ဝန်ထမ်းတစ်ဦးကို တိုက်ခိုက်မှု၊ ကားခိုးရန် ကြံစည်မှုတို့ဖြင့် အရေးယူထားသည်။
အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့သော အမျိုးသမီးအရာရှိတစ်ဦးမှာ အသေးစားဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။
Clark သည် ရဲအချုပ်ခန်းတွင် တစ်ညအိပ်ခဲ့ရပြီးနောက် Perth ရာဇဝတ်တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရသည်။
Clark ကို အာမခံဖြင့် ပြန်လွှတ်ပေးထားသော်လည်း ဒီဇင်ဘာ ၁၃ ရက်တွင် တရားရုံး၌ အမှုရင်ဆိုင်ရမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Moment naked man is tasered while allegedly trying to hijack Uber car (metro)
Photo Credit-7News