- ပင်မစာမျက်နှာ
- ကားသတင်းများ
- နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော ဒေါ်လာ သန်း ၁၀၀ တန် Bugatti ကားတစ်စင်း၏ ပဟေဠိ
နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော ဒေါ်လာ သန်း ၁၀၀ တန် Bugatti ကားတစ်စင်း၏ ပဟေဠိ
- 423 views
ဒေါ်လာ သန်း ၁၀၀ အထိ တန်ကြေးရှိသော Bugatti ကားတစ်စင်း ဆယ်စုနှစ်များစွာ ပျောက်ဆုံးနေသည်။
Bugatti Type 57SC La Voiture Noire သည် ကမ္ဘာ့အရှားပါးဆုံး ကားများတွင် ပါဝင်သည်။
Type 57SC Atlantic အမျိုးအစားဖြစ်ပြီး La Voiture Noire မှာ nickname ဖြစ်ပြီး Black Car ဟု အဓိပ္ပာယ်ရသည်။
၁၉၃၀ ပြည့်လွန်ကာလများအတွင်း ၄ စင်းသာ ထုတ်လုပ်ခဲ့သော မော်ဒယ်ဖြစ်သည်။
ယခုကားကို Bugatti တည်ထောင်သူ Ettore ၏ သားဖြစ်သူ Jean Bugatti က ဒီဇိုင်းရေးဆွဲထုတ်လုပ်ကာ ၎င်းပိုင်ဆိုင်ခဲ့သောကား ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးတွင် Jean Bugatti က ၎င်းမြတ်န်ိုးသော La Voiture Noire ကို ရန်သူတို့ သိမ်းဆည်းမသွားစေရန် ကာကွယ်ထားလိုခဲ့သည်။
ထို့ကြောင့် ၁၉၃၈ ခုနှစ်တွင် ရထားတစ်စင်းဖြင့် တင်ဆောင်ကာ Bordeaux မြို့သို့ ပို့ဆောင်ခဲ့သည်။
ယင်းနောက်ပိုင်း La Voiture Noire မည်သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်ကိုမူ ယနေ့တိုင် မသိရချေ။
(ဓာတ်ပုံ- Bugatti)
La Voiture Noire သည် ထိန်းသိမ်းသိုဝှက်ထားရန် ရည်မှန်းထားသော နေရာသို့ ရောက်ရှိခဲ့ခြင်း ရှိ၊ မရှိကိုပင် မသိရ။
သိရသမျှမှာ ၁၉၃၈ ကတည်းက ပြန်မတွေ့ရတော့သည့်အချက်ပင်။
ပျောက်ဆုံးနေသော La Voiture Noire သည် ကားလောက၏ ရခဲလှသော ရှားပါးရတနာတစ်ပါး ဖြစ်နေသည်။
La Voiture Noire မည်သည့်နေရာသို့ ရောက်နေသည်၊ မည်သို့ဖြစ်ပျက်ခဲ့သည်ဆိုခြင်းနှင့် ပတ်သက်ပြီး အယူအဆများစွာ၊ ခန့်မှန်းချက်အဖုံဖုံ ရှိနေသည်။
((အယူအဆမျိုးစုံ))
ပြီးခဲ့သောနှစ်အနည်းငယ်က Reddit လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ကာလကြာရှည် ပျောက်ဆုံးနေသော La Voiture Noire ကို တွေ့ရှိခဲ့ကြောင်း ပြောဆိုမှု ပေါ်ပေါက်လာသည်။
သို့သော် ကျွမ်းကျင်ပညာရှင်တို့က အင်ဂျင်နှင့် Chassis မှာ မတူကြောင်း ထောက်ပြခဲ့ကြသည်။
(ဓာတ်ပုံ-Reddit)
အချို့သော သတင်းများအရ La Voiture Noire ကို ၁၉၄၀ ပြည့်လွန်ကာလများအထိ Bugatti ၏ အင်ဂျင်နီယာများ မောင်းနေကြဆဲဖြစ်ကြောင်း ပြောကြသည်။
သို့သော် Bugatti ကမူ အဆိုပါ ပြောဆိုချက်များကို ငြင်းပယ်ထားသည်။ ၁၉၃၈ ခုနှစ်နောက်ပိုင်း La Voiture Noire ပြန်လည်ပေါ်ပေါက်လာသည့် အထောက်အထားမရှိကြောင်း Bugatti က ပြောသည်။
အခြားအယူအဆတစ်ခုမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ပျက်စီးပျောက်ကွယ်သွားပြီဖြစ်ကြောင်း ယူဆကြသည်။
La Voiture Noire သည် နောက်ဆုံးမြင်တွေ့လိုက်ရချိန်မှစကာ ပျောက်ကွယ်နေသည်မှာ နှစ်ပေါင်း ၉၀ နီးပါးသို့ နီးကပ်လာပြီဖြစ်ချိန်တွင် ယခုပု စ္ဆာမှာ ဖြေရှင်းနိုင်ဖွယ် မရှိတော့သည့် ပဟေဠိတစ်ပုဒ် ဖြစ်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Long-lost Bugatti car worth $100,000,000 has been missing for decades (supercarblondie)
Photo Credit-Bugatti, Reddit