- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပေါ့ပ်ဂီတ၏ နတ်ဖုရားမ မက်ဒေါနားက သားဖြစ်သူကို လက်ဆောင်ပေးခဲ့သော ၁၉၆၇ မော်ဒယ် Jaguar Mark X 4.2 အရောင်းဈေးကွက်ဝင်လာ
ပေါ့ပ်ဂီတ၏ နတ်ဖုရားမ မက်ဒေါနားက သားဖြစ်သူကို လက်ဆောင်ပေးခဲ့သော ၁၉၆၇ မော်ဒယ် Jaguar Mark X 4.2 အရောင်းဈေးကွက်ဝင်လာ
- 233 views
ပေါ့ပ်ဂီတ၏ နတ်ဖုရားမဟု အများက တင်စားကြသူ မက်ဒေါနား၏ သီချင်းများစွာမှာ မြန်မာပရိသတ်များနှင့် ကောင်းစွာရင်းနှီးပြီး ဖြစ်သည်။
မေဆွိ၏ မာယာ၊ ကော်နီ၏ ကံကောင်းသူလေး၊ အေးချမ်းမေ၏ သီချင်းဧည့်သည်၊ ဟေမာနေဝင်း၏ အမှန်တရား၊ နွဲ့ယဉ်ဝင်း၏ အဖြေရှာပါတော့ကွယ်၊ ထွန်းအိန္ဒြာဗိုလ်၏ သိပါရစေ အစရှိသည်တို့အပါအဝင် မက်ဒေါနား၏ တေးသီချင်းများစွာကို မြန်မာပြည်တွင် ပြန်လည်သီဆိုခဲ့ကြဖူးသည်။
ယခုအခါ မက်ဒေါနားနှင့် ပတ်သက်ခဲ့ဖူးသော ဂန္ထဝင် Jaguar တစ်စင်းကို ဒေါ်လာ ၂၇,၀၀၀ ဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေသည်။
၁၉၆၇ မော်ဒယ် Jaguar Mark X 4.2 ဖြစ်ပြီး မက်ဒေါနားက သားဖြစ်သူ Rocco ကို ပြီးခဲ့သော ၃ နှစ်က လက်ဆောင်အဖြစ် ပေးခဲ့သည့်ကား ဖြစ်သည်။
(ပေါ့ပ်နတ်ဖုရားမ မက်ဒေါနား ပိုင်ဆိုင်ခဲ့သော ဂန္ထဝင် Jaguar ကို လေလံတင်ရောင်းချရန် စီစဉ်ထားသည်။ ဓာတ်ပုံ-BNPS)
(မက်ဒေါနားကို ယခုရောင်းချမည့်ကားအတွင်း တွေ့ရပုံ။ ဓာတ်ပုံ-Not Known, clear with picture desk)
(မက်ဒေါနားက ဤကားကို သားဖြစ်သူ Rocco Ritchie အတွက် ၂၀၂၁ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-BNPS)
မက်ဒေါနားတို့ သားအမိသည် လန်ဒန်မြို့တဝန်း လှည့်လည်သွားလာရာတွင် ယခုကားကို မကြာခဏ အသုံးပြုလေ့ရှိခဲ့သည်။
မက်ဒေါနားသည် ယခုကားအတွင်း ဓာတ်ပုံရိုက်ကာ သူ၏ အင်စတာဂရမ်အကောင့်တွင် အကြိမ်ကြိမ် ဓာတ်ပုံတင်ဖူးသည်။
အသက် ၂၄ နှစ်အရွယ်ရှိ Rocco သည် Royal Drawing School တွင် ကျောင်းတက်စဉ် Jaguar ကို အသုံးပြုခဲ့သည်။
Rocco ၏ အသက် ၂၁ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် Jaguar ကို ပေးခဲ့သည်ဟု ယူဆရသည်။
မက်ဒေါနားသည် ယခုနှစ် ဇူလိုင်လအတွင်း Jaguar အတွင်း ဓာတ်ပုံ နောက်ဆုံးရိုက်ခဲ့ဖူးသည်။
Jaguar Mark X 4.2 ကို ထုတ်လုပ်မှုကာလ ၂ နှစ်သာ ထုတ်လုပ်ခဲ့ပြီး အစင်းရေအားဖြင့် ၅၁၃၇ စင်းသာ ထုတ်လုပ်သည်။
မက်ဒေါနား၏ ယခုကားမှာ မိုင် ၆၇၀၀၀ စီးထားသည်။
ခရိုမီယမ်စိမ်ထားသော သံမဏိအနားကွပ်များ၊ နို့နှစ်ရောင် သားရေထိုင်ခုံများ၊ ဒက်ရှ်ဘုတ်အောက်တွင် touchscreen နည်းပညာများ ပါဝင်သည်။
အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟမ်ရှိုင်းယားခရိုင်၊ Iver မြို့မှ Historics Auctioneers လေလံကုမ္ပဏီက လေလံတင်ပေးခြင်း ဖြစ်သည်။
Rocco သည် မက်ဒေါနားနှင့် ရုပ်ရှင်ဒါရိုက်တာ Guy Ritchie တို့၏ သားဖြစ်သည်။
Rocco ကို ၂၀၀၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး Rocco မွေးပြီး ၄ လအကြာတွင် မက်ဒေါနားနှင့် Ritchie တို့ လက်ထပ်ခဲ့ကြကာ ၂၀၀၈ ခုနှစ်တွင် ကွာရှင်းခဲ့သည်။
မက်ဒေါနားသည် Range Rover SVA, Dodge Challenger SRT, Cadillac Escalade တို့အပါအဝင် မော်တော်ကားများစွာ ပိုင်ဆိုင်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Music legend’s classic 1967 Jaguar that comes with hidden mod con could be yours for bargain £22,000 – can you spot it? (thesun)
Photo Credit-BNPS, Not Known, clear with picture desk