• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကမ္ဘာပေါ်တွင် ၄ စင်းတည်းသာရှိသော ရှားပါး Mercedes ကား လေလံတင်ရောင်းချရန်စီစဉ်ထားပြီး ပေါင် ၄၁ သန်းကျော် ရရှိမည်ဟု မျှော်မှန်းထား

ကမ္ဘာပေါ်တွင် ၄ စင်းတည်းသာရှိသော ရှားပါး Mercedes ကား လေလံတင်ရောင်းချရန်စီစဉ်ထားပြီး ပေါင် ၄၁ သန်းကျော် ရရှိမည်ဟု မျှော်မှန်းထား

  • 191 views

ပြိုင်ကားလောကတွင် အထင်ကရအရှိဆုံးကားတစ်စင်း လေလံတင်ရောင်းချရန်ရှိနေပြီး ပေါင် သန်း ၄၀ ကျော် ရရှိရန် မျှော်မှန်းထားသည်။

Mercedes-Benz Stromlinierwagen မော်ဒယ်မှ ကိုယ်ထည်ဖြင့် ထုတ်လုပ်ထားသော ၁၉၅၄ မော်ဒယ် Mercedes-Benz W196 R မှာ ၄ စင်းတည်းသာ ထုတ်လုပ်ထားသည်။

(သမိုင်းတွင် ထုတ်လုပ်ခဲ့သမျှ အထင်ကရအရှိဆုံး ပြိုင်ကားများတွင် ပါဝင်သော ၁၉၅၄ မော်ဒယ် Mercedes-Benz W196 R Formula One ။ ဓာတ်ပုံ- Mercedes-Benz)


(လေလံပွဲတွင် ဒေါ်လာ ၅၂ ဒသမ ၅ သန်း/ ပေါင် ၄၁ ဒသမ ၈ သန်းအထိ ရနိုင်မည်ဟု ခန့်မှန်းထားသည်။ ဓာတ်ပုံ- Mercedes-Benz)

(chassis number 00009/54 ဖြစ်ပြီး Mercedes-Benz ပြတိုက်တွင် ကျင်းပမည့် သီးသန့် လေလံပွဲတွင် ရောင်းချမည် ဖြစ်သည်။ ဓာတ်ပုံ- Mercedes-Benz)

လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့ရှိ Mercedes-Benz ပြတိုက်တွင် လေလံတင်မည်ဖြစ်ပြီး ယူရိုသန်း ၅၀ ( ပေါင် ၄၁ ဒသမ ၈ သန်း/ ကန်ဒေါ်လာ ၅၂ ဒသမ ၅ သန်း) အထိ ရနိုင်မည်ဟု မျှော်မှန်းထားသည်။

၁၉၅၅ ခုနှစ်က အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်တွင် ကျင်းပခဲ့သော ဂရန်းပရီတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ Mercedes-Benz ပြိုင်ကားမောင်းသမား Juan Manuel Fangio ဗိုလ်စွဲသွားခဲ့သည်။

Ferrari မှ ပြိုင်ကားမောင်းသမား ၂ ဦးက ဒုတိယနှင့် တတိယ အသီးသီးရခဲ့သည်။
အမြင့်ဆုံးမြန်နှုန်း 186mph အထိမောင်းနိုင်ပြီး သူ့ခေတ်သူ့အခါက အဆင့်အမြင့်ဆုံး ပြိုင်ကားများတွင် ပါဝင်ခဲ့သည်။

W 196 R ကို ပထမဆုံး စတင်ပွဲထုတ်ခဲ့သည်မှာ ၁၉၅၄ ခုနှစ် ပြင်သစ် ဂရန်းပရီတွင် ဖြစ်ပြီး Mercedes-Benz မှ Fangio နှင့် Karl Kling တို့နှစ်ဦးလုံး ပထမနှင့် ဒုတိယနေရာများ ရရှိခဲ့သည်။

ထို့နောက် ၁၉၅၄ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံအဖြစ် Fangio က W 196 R ဖြင့် ရရှိခဲ့သည်။

၁၉၅၅ နှစ်ကုန်တွင် W 196 R သည် ဖော်မြူလာဝမ်း ပြိုင်ပွဲ ၁၂ ခုအနက် ၉ ခုတွင် အနိုင်ရခဲ့ပြီး အခြားချန်ပီယံဆုများစွာလည်း ရရှိခဲ့သည်။

ယခုအခါ အော်ရီဂျင်နယ် ဘော်ဒီလက်ရာများအတိုင်း ကျန်ရှိသော W 196 R ၄ စင်းတည်းသာ ရှိတော့ရာ ယခုကားမှာ ပြိုင်ကားသမိုင်း၏ ရှားပါးရတနာတစ်ပါးလည်း ဖြစ်သည်။

(ထုတ်လုပ်ခဲ့သမျှ ပြိုင်ကားများတွင် သမိုင်းတစ်လျှောက် အရေးအပါဆုံး ကားများ၌ ပါဝင်သော ၁၉၅၄ ခုနှစ်ထုတ် Mercedes-Benz W 196 R ။ ဓာတ်ပုံ- Mercedes-Benz)

(chassis နံပါတ် 00009/54 ဖြစ်ပြီး Mercedes-Benz ပြတိုက်တွင် သီးသန့် လေလံပွဲဖြင့် လေလံတင်သွားမည် ဖြစ်သည်။ ဓာတ်ပုံ- Mercedes-Benz)

(မြန်နှုန်းမြင့် မောင်းရသော ကားပြိုင်ကွင်းများအတွက် ဒီဇိုင်းရေးဆွဲထားသည့် လေခွင်းအားကောင်းစေမည့် enclosed-wheel ဒီဇိုင်းကို အသုံးပြုထားသည်။ ဓာတ်ပုံ- Mercedes-Benz)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Legendary Mercedes with 290 horsepower engine hits auction at eye-watering £41.8MILLION after making motoring history (thesun)
Photo Credit-Mercedes Benz